အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းသည် ဝါဝယ်ယူရေးအတွက်တင်ဒါများဖိတ်ခေါ်
- Wed, 12 November 2025
စက်မှုဝန်ကြီးဌာနအောက်ရှိ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းသည် A-အဆင့် ချည်မျှင် ရှည်ဝါ ၂၇၇,၉၆၂ ပိဿာ၊ B-အဆင့် ချည်မျှင်ရှည်ဝါ ၂၈၀,၀၀၀ ပိဿာနှင့် C-အဆင့် ချည်မျှင် ရှည်ဝါ ၁၀၀,၀၀၀ ပိဿာဝယ်ယူရေးအတွက် တင်ဒါတင်သွင်းရန် အရည်အချင်းပြည့်မီသော ဝါရောင်းချမည့် သူများကို ဖိတ်ခေါ်ခဲ့သည်။
တင်ဒါပိတ်သိမ်းမည့် နောက်ဆုံးရက်သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့ဖြစ်သည်။ မည်သူမဆို အချက်အလက်များကို အသေးစိတ်သိရှိလိုပါက နေပြည်တော်ရှိ ရုံးအမှတ် (၃၇) အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၊ ထုတ်လုပ်ရေးဌာန၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များဖြစ်သည့် ၀၆၇-၃၄၀၈၁၃၈၊ ၀၆၇-၃၄၀၈၄၃၉နှင့် ၀၆၇-၃၄၀၈၄၉၂တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
စက်မှုဝန်ကြီးဌာနသည် နိုင်ငံပိုင်ဝါကြိတ်စက်ရုံများအတွက် ကုန်ကြမ်းများရယူရန် ဝါ ရောင်းချသူများ နှင့် ကုန်သည်များထံ တင်ဒါခေါ်ယူရန်အတွက် မြန်မာနိုင်ငံ ဝါနှင့် ဝါထွက်ပစ္စည်း ကုန်သည်ကြီး များ အသင်းကို အကြောင်းကြားခဲ့ကြောင်းကို ၄.၁၁.၂၀၂၅ ရက်နေ့က ဖတ်ရှုခဲ့ရသည့် Global New Light of Myanmar ၏ သတင်းဆောင်းပါးများမှတစ်ဆင့် သိရှိခဲ့ရပါသည်။
Source https://www.gnlm.com.mm/no-3-heavy-industries-enterprise-seeks-bids-for-cotton/
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၂) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန










