အိန္ဒိယနှင့် နယူးဇီလန် နိုင်ငံတို့သည် ကီဝီသီး ပူးပေါင်းစိုက်ပျိုးထုတ်လုပ်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ခိုင်မာရေး ဆွေးနွေး
- Wed, 12 November 2025
"စီးပွားရေးနှင့် စက်မှုလက်မှု ဝန်ကြီး Piyush Goyal သည် နှစ်နိုင်ငံကြား ဟန်ချက်ညီသော ကုန်သွယ်ရေးသဘောတူညီချက်ဆွေးနွေးမှုများ မြှင့်တင်ရန် ယခုအပတ်အတွင်း နယူးဇီလန်သို့ သွား ရောက်ခဲ့သည်။ ၎င်းခရီးစဉ်သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်၊ စိုက်ပျိုးရေးနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန်နှင့် ကုန်သွယ်ရေးအခွင့်အလမ်းသစ်များ ရှာဖွေရန် ရည်ရွယ်သွားရောက်ခဲ့သည်။"
၎င်း၏ခရီးစဉ်အတွင်း Goyal သည် နယူးဇီလန်၏ စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှု ဝန်ကြီး Todd McClay နှင့်အတူ Bay of Plenty ဒေသရှိ Te Puke မြို့၌ ကီဝီသီး စိုက်ခြံတစ်ခုသို့ သွားရောက်လည်ပတ်ခဲ့သည်။ နယူးဇီလန် စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး Todd McClay နှင့်အတူ Bay of Plenty ဒေသရှိ Te Puke ကီဝီသီးစိုက်ခြံသို့ အလည်အပတ်ခရီးစဉ်မှာ အလွန်အကျိုးရှိသော ခရီးစဉ် ဟု Goyal က X လူမှုကွန်ရက်ပေါ်တွင် ရေး သားခဲ့သည်။
နွေးထွေးစွာကြိုဆိုမှုနှင့် အကျိုးရှိသော ခရီးစဉ်အတွက် နယူးဇီလန်နှင့် အိန္ဒိယ လယ်သမား များနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအား ကျေးဇူးတင်ရှိပါသည်။ စိုက်ခြံ၏ မျိုးကွဲများ၊ အရည်အသွေး ကောင်းမွန်မှု စိုက်ပျိုးရေးနည်းလမ်းများနှင့် ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှုများ အ ကြောင်း စိတ်ဝင်စားဖွယ် ဆွေးနွေးခဲ့ကြသည်။ ထုတ်လုပ်မှုနှင့် အရည်အသွေးမြှင့်တင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် တန်ဖိုးရှိသောအမြင်များလည်း ရရှိခဲ့သည်ဟု ၎င်းကထပ်လောင်းပြောကြားခဲ့ သည်။
Goyal နှင့် McClay တို့သည် အိန္ဒိယ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူ ညီချက် (FTA) အတွက် လက်ရှိဆွေးနွေးမှုများအပေါ် ညှိနှိုင်းခဲ့ကြပြီး သက်ဆိုင်ရာ ညှိနှိုင်းရေးမှူး ချုပ်များနှင့်အတူ တိုးတက်မှုအခြေအနေများကို သုံးသပ်ခဲ့ကြသည်။ ဝန်ကြီးနှစ်ဦးစလုံးသည် North Island ရှိ McClay ၏မွေးရပ်မြေ Rotorua မြို့တွင် ကျင်းပသည့် အိန္ဒိယ-နယူးဇီလန် CEO များ အစည်းအဝေးတွင်လည်း တက်ရောက်ခဲ့ကြသည်။
McClay ၏ ပြောကြားချက်တွင် Goyal သည် အိန္ဒိယ၏ စီးပွားရေးအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီး စိုက်ပျိုးရေး၊ နည်းပညာ၊ ပညာရေး၊ သန့်ရှင်းသောစွမ်းအင် နှင့် ရေရှည်တည်တံ့ သောဖွံ့ဖြိုးရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများသည် အပြန်အလှန်အခွင့် အလမ်းများကို မည်သို့ချဲ့ထွင် နိုင်ပုံကို မီးမောင်းထိုးပြခဲ့သည်။
နှစ်နိုင်ငံအကြား ဆွေးနွေးမှုများသည် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဈေးကွင်း၀င် ရောက်မှုကို မြှင့်တင်ရန် ကျယ်ပြန့်သောကြိုးပမ်းမှု၏ အစိတ်အပိုင်းဖြစ်ပြီး အထူးသဖြင့် ကီဝီသီး ကဲ့သို့သော လတ်ဆတ်သည့် ထုတ်ကုန်များနှင့် ဥယျာဉ်ခြံသီးနှံကဏ္ဍများတွင် ပါဝင်သည်ဖြစ် ကြောင်းကို (၆-၁၁-၂၀၂၅) ရက် နေ့ထုတ် Freshplaza သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9782915/india-and-new-zealand-strengthen-trade-talks-and-kiwifruit-cooperation/
တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ( ၁၂ ) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန










