မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ ဒူးရင်းသီး ရောင်းချခြင်းမှအမေရိကန်ဒေါ်လာ ၂၁ သန်း ရရှိရန် ရည်မှန်းထား
- Wed, 12 November 2025
မလေးရှားနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် DSR Taiko Bhd ကုမ္ပဏီသည် လာမည့် ၁၂ လမှ ၂၄ လအတွင်း အမေရိကန်ဒေါ်လာ ၂၁ သန်းခန့်ရရှိရန် အတွက် တရုတ် ဈေးကွက်အား ချဲ့ထွင်ရန် ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်တင်ဆောင် ရွက်လျက် ရှိပါ သည်။
မလေးရှားနိုင်ငံ၏ စတော့ဈေးကွက်တစ်ခုဖြစ်သည့် Bursa Malaysia ၏ LEAP ဈေးကွက် တွင် စာရင်းတင်သွင်းထားသော စုပေါင်းဒူးရင်းစိုက်ပျိုးထုတ်လုပ်သူအဖွဲ့သည် ပြီးခဲ့သည့်နှစ် တွင် တရုတ်နိုင်ငံသို့ ဒူးရင်းသီး တင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၁.၃ သန်းခန့် ရရှိခဲ့ ကြောင်း အမှုဆောင် အရာရှိချုပ် Datuk Ng Lian Poh က ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံမှ စားသုံးသူများသည် မလေးရှားနိုင်ငံ၏ လူကြိုက်အများဆုံးဒူရင်းမျိုး ဖြစ်သည့် Musang King ကို ကြိုက်နှစ်သက်ကြသည့်အပြင် အဆိုပါမျိုးသည်လည်း ရောင်းအား ကောင်း ကြောင်း အမှုဆောင်အရာရှိချုပ် Datuk Ng Lian Poh က မလေးရှား နိုင်ငံ၏ သတင်းဌာန တစ်ခု ဖြစ်သည့် Bernama သို့ ပြောကြားခဲ့ပါသည်။ စိတ်ဝင်စားဖွယ် ကောင်းသည်မှာ တရုတ်နိုင်ငံမှ စားသုံးသူများသည် လတ်ဆတ်သောဒူးရင်းသီးများထက် ပြုပြင်ထုတ်လုပ်ထားသည် ဒူးရင်း ထုတ်ကုန်များ ကို ပိုမိုကြိုက်နှစ်သက်ကြပါသည်။ အကြောင်းမှာ အဆိုပါ ပြုပြင်ထုတ်လုပ်ထားသည် ဒူးရင်းထုတ်ကုန်များသည် အလွယ် တကူစားသုံးနိုင်ပြီး ဒူးရင်းအနံ့ ပြင်းပြင်း မရရှိသည့် အတွက် ဒူးရင်းအနံ့မခံနိုင်သည့် စားသုံးသူများအထိပါ ဆွဲဆောင်နိုင်ပါသည်။
DSR Taiko Bhd ကုမ္ပဏီသည် ဒူးရင်းသီးမှ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အဓိက အမျိုးအစား ၃ မျိုး (အဖျော်ယမကာများ၊ သွားရေစာများနှင့် အချိုပွဲများ) ကို ပြောင်းလဲ ထုတ်လုပ် ရန် ဦးတည်လျက်ရှိကြောင်း အမှုဆောင်အရာရှိချုပ် Datuk Ng Lian Poh က ပြောကြားခဲ့ ကြောင်းအား ၁၀-၁၁-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.freshplaza.com ၏ သတင်း အချက်အလက်များအရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9782431/malaysia-targets-us-21-million-durian-sales-in-china/
တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန










