ရာသီပွဲတော်ကာလများအတွင်း ဝယ်လိုအားမြင်မားမှုကြောင့် အာလူးစျေးကွက် မြင့်တက်လျက်ရှိ
- Fri, 21 November 2025
နောင်တရား အာလူးအသင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ၊ ရာသီအစနှင့် ပွဲတော်ကာလများ အတွင်း ဝယ်လိုအား မြင့်မားနေသောကြောင့် အာလူးဈေးကွက် လက်ရှိတွင် အထူးမြင့်တက်လျက် ရှိသည်။
အာလူးစိုက်ပျိုးသူများသည် ဤပွဲတော်ကာလအတွင်း (ကထိန်သင်္ကန်းကပ်လှူပွဲ အပါအဝင်) အာလူးဝယ်လိုအား တဖြည်းဖြည်း တိုးတက်လာပြီး ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ ကောင်းမွန် နေကြောင်း ဖော်ပြကြသည်။
အာလူးဈေးကွက်သည် ပုံမှန်အားဖြင့် ပုံမှန်စားသုံးသူများသာရှိနေကြသော်လည်း ပွဲတော် ကာလရောက်သည့်အခါ ကထိန်အခမ်းအနားကဲ့သို့ ဘာသာရေးပွဲတော်ရက် များရှိလာသော ကြောင့် ဝယ်ယူမှုများ တိုးလာပါသည်။ ထို့ကြောင့် လက်ရှိဈေးကွက်ကောင်းနေကြောင်းကို နောင်တရာ အာလူးအသင်းမှ တာဝန်ရှိသူတစ်ဦးက The Global New Light of Myanmar သတင်းစာတွင် ပြောကြားခဲ့ပါသည်။
ယခုကာလသည် အာလူးထွက်ရှိမှု နည်းပါး သောကာလဖြစ်ပြီး ရောင်းကုန်ထက် ဝယ်လိုအား က ပိုမိုများပြားနေကြောင်း အဆိုပါ တာဝန်ရှိသူက မှတ်ချက်ပြုပါသည်။
ဧပြီနှင့် မေလများတွင် စိုက်ပျိုးထွက်ရှိခဲ့သော အာလူးများကို ဩဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာလများအတွင်း ထွက်ရှိစားသုံးပြီးဖြစ်ခဲ့ပါသည်။ ယခုအခါ မိုးဦးကျမှစိုက်ပျိုးထားသည့် အာလူးများ ရှားပါးလာပြီ ဖြစ်သည်။ ထို့အပြင် ဩဂုတ်လတွင် စိုက်ပျိုးခဲ့သော အာလူးများကို မရိတ်သိမ်းရသေးပဲရှိနေသည်။ ထို့ကြောင့် ဤကာလအတွင်း ဝယ်လိုအား မြင့်တက်နေသော်လည်း အထွက်နှုန်းမှာ ပိုမိုနည်းပါး နေပါသည်ဟု ၎င်းက ရှင်းပြခဲ့သည်။
သို့သော် အာလူးသစ်များ တူးဖော်ခြင်းကို ဒီဇင်ဘာလတွင် ပြန်လည်စတင်နိုင်မည်ဟု မျှော်မှန်းရပြီး မတ်လအထိ အာလူးများ အလုံအလောက်ရရှိလာကာ ဈေးကွက်သည် ပုံမှန်အဆင့်သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။
ပြည်တွင်းအာလူးဈေးကွက်သည် သင့်တင့်သောဈေးနှုန်းအဆင့်တွင်ရှိနေပါက တောင်သူ များသည် အာလူးစိုက်ဧက တိုးချဲ့နိုင်ကြောင်း အဆိုပါတာဝန်ရှိသူက ထပ်လောင်းပြောကြားခဲ့ခြင်း အား (၁၀.၁၁.၂၀၂၅) ရက် နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light Of Myanmar သတင်း ဆောင်းပါးအရ သိရှိရပါသည်။
Source https://www.gnlm.com.mm/potato-market-thrives-due-to-high-demand-during-open-season-festivals/
တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ( ၁၉ ) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန










