ရန်ကုန်စားအုန်းဆီ ရည်ညွှန်းဈေးနှုန်း တည်ငြိမ်နေ

  • Wed, 28 January 2026

ရန်ကုန်စားအုန်းဆီ ရည်ညွှန်းဈေးနှုန်း တည်ငြိမ်နေ


ယခုအပတ် ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ရန်ကုန်ဈေးကွက်အတွက် စားအုန်းဆီ လက်ကား ဈေးနှုန်းမှာ ယခင်အပတ်ကဲ့သို့ တစ်ပိဿာလျှင် (၆၁၅၀) ကျပ်ဖြင့် ဆက်လက်တည်ရှိနေကြောင်း စားသုံးဆီ တင်သွင်းဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီ၏ အဆိုအရ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ စားသုံးဆီ တင်သွင်းဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီသည် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံရှိ FOB ဈေးနှုန်းများကို အနီးကပ် စောင့်ကြည့်နေပြီး သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်၊ အခွန်အခများနှင့် ဘဏ်ဝန်ဆောင်မှုများကို ထည့်သွင်းကာ စားသုံးဆီလက်ကားဈေးကွက် ရည်ညွှန်းနှုန်းထားကို အပတ်စဉ် ဆုံးဖြတ်လျက်ရှိ သည်။ ရည်ညွှန်းဈေးနှုန်းရှိသော်လည်း ဈေးကွက်ဈေးနှုန်းမှာ မြင့်မားနေဆဲဖြစ်သည်။

ဈေးနှုန်းအလွန်အကျွံတိုးမြှင့်ရောင်းချမှုကို ထိန်းချုပ်ရန်အတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ စားသုံးသူရေးရာဦးစီးဌာနသည် သြဂုတ်လကုန်ပိုင်းတွင် ဖုန်း ခေါ်ဆိုမှုစင်တာ hotline မှတစ်ဆင့် ဈေးနှုန်းအလွန်အကျွံတိုးမြှင့်ရောင်းချမှုအတွက် တိုင်ကြားမှုများ ပေးပို့နိုင်ကြောင်း စားသုံးသူများအား အသိပေးခဲ့သည်။ ဌာနသည် စားသုံးသူများအား ဈေးနှုန်း မြင့်မားစွာဖြင့် စားအုန်းဆီကို မဝယ်ယူရန် တိုက်တွန်းထားပါသည်။

ဈေးကွက်ကို ခြယ်လှယ်ချုပ်ကိုင်ရန်ရည်ရွယ်၍ ဈေးနှုန်းမြှင့်တင်ခြင်းနှင့် ဆီသိုလှောင်ခြင်း တွင် ပါဝင်ပတ်သက် သူ မည်သူမဆို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ တရားစွဲဆို ခံရ မည်ဟု ကော်မတီက အသိပေးခဲ့သည်။

စားသုံးသူများအတွက် တင်သွင်းလာသော စားအုန်းဆီများကို သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန် ဌာနသည် မြန်မာနိုင်ငံ ဆီရောင်းဝယ်သူများအသင်း၊ စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဈေးနှုန်းအလွန်အကျွံတိုးမြှင့်ရောင်းချမှုအတွက် တိုင်ကြားချက်များကို စားသုံးသူရေးရာဦးစီး ဌာန ၏ ဖုန်းခေါ်ဆိုမှုစင်တာ ၁၅၃၅ တွင်လည်းကောင်း၊ သက်ဆိုင်ရာဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဌာန များ၏ Facebook စာမျက်နှာသို့လည်းကောင်း ပေးပို့နိုင်ပါသည်။

ပြည်တွင်းစားအုန်းဆီသုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန်တစ်သန်းခန့်ရှိပြီး ထုတ်လုပ်မှုမှာ တန်ချိန် (၄၀၀,၀၀၀) ခန့်သာရှိကြောင်း၊ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် မလေးရှား နှင့် အင်ဒိုနီးရှားမှတစ်ဆင့် နှစ်စဉ်စားအုန်းဆီ တန်ချိန် (၇၀၀,၀၀၀) ခန့် တင်သွင်းလျက်ရှိကြောင်း (၂၄-၁-၂၀၂၆)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global new light of Myanmar website ၏ သတင်းအရ သိရှိရပါသည်။

 Source https://www.gnlm.com.mm/yangon-palm-oil-reference-price-remains-unchanged-2/

တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ