အိန္ဒိယနိုင်ငံသည် နဂါးမောက်သီးစိုက်ပျိုးမှုအတွက် ထောက်ပံ့ကြေးများတိုးမြှင့်
- Thu, 5 February 2026
နဂါးမောက်သီး၏ ဈေးကွက်ရပ်တည်မှုသည် ၎င်းတွင် အင်တီအောက်ဆီဒင့် ပါဝင်မှုနှင့် ဆက်စပ်၍ သတ်မှတ်ထားသော်လည်း ပြည်နယ်အတွင်းရှိ ဒေသအနည်းငယ်တွင် အကန့်အသတ် ဖြင့်သာ စိုက်ပျိုးလျက် ရှိနေဆဲဖြစ်ပါသည်။ ပိုမိုကျယ်ပြန့်စွာ စိုက်ပျိုးနိုင်ရေး အားပေးရန်အတွက် ပြည်နယ်အစိုးရ သည် လွန်ခဲ့သောနှစ် အနည်းငယ်က ထောက်ပံ့မှုအစီအစဉ်ကို စတင်ခဲ့ပြီး ၂၀၂၅/၂၆ ဘဏ္ဍရေးနှစ်တွင် ထောက်ပံ့မည့် ပမာဏကိုတိုးမြှင့်ပြင်ဆင်ခဲ့ပါသည်။ ပြန်လည်ပြင်ဆင် ထားသော အစီအစဉ်အရ တစ်ဟက်တာလျှင် အမေရိကန်ဒေါ်လာ ၁၁၅၃ မှ ၁၉၄၅ ဒေါ်လာသို့ တိုးမြှင့်ခဲ့ပါသည်။
မြေပိုင်ဆိုင်မှုနည်းသည့် လုပ်ကွက်ငယ် တောင်သူများသည် ၁၀၀ ရာခိုင်နှုန်း ထောက်ပံ့ကြေး ရရှိမည်ဖြစ်ပြီး အခြားစိုက်ပျိုးသူများသည် ၇၅ ရာခိုင်နှုန်းအထိ ထောက်ပံ့မှုကိုရရှိမည်ဖြစ်ပါသည်။ ဥယျာဉ်ခြံဌာနမှ အရာရှိများ၏ ပြောကြားချက်များအရ Thogamalai, Kulithalai, Aravakurichi နှင့် Kadavur ဒေသများတွင် နဂါးမောက်သီးကို စိုက်ပျိုးထားရှိကြောင်းသိရှိရပါသည်။ ယနေ့အထိ တောင်သူ ၆ ဦးသည် သီးနှံစိုက်ပျိုးရန် အတွက် စုစုပေါင်း ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၆၅၆၃ တန်ဖိုးရှိသော ထောက်ပံ့မှုများကို ရရှိခဲ့ပါသည်။
ခရိုင်အတွင်း နဂါးမောက်သီးစိုက်ပျိုးမှုသည် ယခုအချိန်အထိစုစုပေါင်း ၉ ဟက်တာ စိုက်ပျိုး ပြီးဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးမှူး M. Thangavel သည် ကြာသပတေးနေ့တွင် Kulithalai ဒေသ၊ Iraniyamangalam ရှိ နဂါးမောက်သီးခင်းသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း ၎င်းက ဒေသ ရာသီဥတုအခြေအနေများသည် နဂါးမောက်သီးနှံအတွက် သင့်လျော်ကြောင်း ပြောကြားခဲ့ပါသည်။ နဂါးမောက်သီးပင်များသည် နှစ် ၂၀ အထိ သက်တမ်းရှိပြီး ပထမနှစ်တွင် အသီးစတင်သီး၍ ယေဘုယျအားဖြင့် သုံးနှစ်မှ လေးနှစ်အကြာတွင် အပြည့်အဝ ထွက်ရှိလေ့ရှိကြောင်း သိရှိရပါသည်။
တောင်သူများအနေဖြင့်စိုက်ခင်းအသစ်တည်ထောင်ရာတွင် လက်ရှိ ထောက်ပံ့မှု အစီအစဉ် များကို အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ဤထောက်ပံ့သည့် အစီအစဉ်သည် ဥယျာဉ်ခြံ သီးနှံစိုက်ပျိုးထုတ်လုပ်မှု အမျိုးအစားစုံလင်စေပြီး ထုတ်လုပ်မှု ကာလကြာရှည်သော သီးနှံများကို လက်ခံ ကျင့်သုံးရန် အားပေး သည့် ဒေသ အာဏာပိုင်များ၏ ပိုမိုကျယ်ပြန့်သော ကြိုးပမ်း အားထုတ်မှုများ ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း (၃၀-၁-၂၀၂၆) ရက်နေ့ထုတ် Fresh Plaza သတင်းဆောင်းပါး အရ သိရှိရပါသည်။
-Source https://www.freshplaza.com/asia/article/9806670/india-increases-subsidies-for-dragon-fruit-cultivation/
တင်ပြသူ ဒေါ်လင်းလဲ့ရည်အောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၄ ) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန










