မြန်မာနိုင်ငံသည် ငှက်သိုက်ထွက်ကုန်များ တင်ပို့ရန်နိုင်ငံတကာဈေးကွက် အခွင့်အလမ်းများကို ရှာဖွေလျက်ရှိ

  • Fri, 20 February 2026

မြန်မာနိုင်ငံသည် ငှက်သိုက်ထွက်ကုန်များ တင်ပို့ရန်နိုင်ငံတကာဈေးကွက် အခွင့်အလမ်းများကို ရှာဖွေလျက်ရှိ


မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံ (၇) နိုင်ငံတွင်သာ တွေ့ရှိရသော ငှက်သိုက် ထွက်ကုန်များ တင်ပို့နိုင်ရန် 'မြန်မာနိုင်ငံ ငှက်သိုက် မွေးမြူရေးအသင်းအဖွဲ့' ကို စတင်ဖွဲ့စည်း သွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ ငှက်သိုက်မွေးမြူရေး အသင်းအဖွဲ့ကို ယာယီ ဖွဲ့စည်းခဲ့ပါ သည်။ လက်ရှိတွင် အဆိုပါအသင်းသည် မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ် (MLF) နှင့် တွဲဖက် အဖွဲ့အစည်း ဖွဲ့စည်းပေါ်ပေါက်လာစေရန် လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းထား သည်။ ငှက်မွေးမြူသူ များနှင့် စားသုံးနိုင်သော အော်ဂဲနစ် ငှက်သိုက် ထုတ်လုပ်သူများ တိုးပွားလာသည်နှင့် အမျှ စားသုံးနိုင်သော ငှက်သိုက်ထွက်ကုန်များ တင်ပို့နိုင်ရေး ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက် ရှိသည်။

မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံ (၇) နိုင်ငံတွင်သာ ငှက်သိုက်ထွက်ကုန်များ တွေ့ရှိရပါသည်။ အသင်းကြီးသည် မြန်မာ့ငှက်သိုက်မွေးမြူရေးလုပ်ငန်းကို တိုးတက်အောင် ဆောင်ရွက်ပြီး ၎င်း ကဏ္ဍအတွင်း ဗဟုသုတမျှဝေရေး လမ်းဖွင့်ပေးသွားမည်ဖြစ်ပါသည်။

ငှက်သိုက်မွေးမြူခြင်းလုပ်ငန်းသည် ယခင်က တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်နှင့် ကော့သောင်းမြို့များတွင် အဓိကစုစည်းလုပ်ကိုင်ခဲ့သော်လည်း၊ ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ၊ ရခိုင်ပြည်နယ်တွင်လည်း ကျယ်ပြန့်စွာ လုပ်ကိုင်လျက်ရှိပါသည်။

အရှေ့တောင်အာရှဒေသ များဖြစ်သော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် – ငှက်သိုက်များသည် သဘာဝအလျောက် ဖြစ်ထွန်းပါသည်။ ပုံမှန်အားဖြင့် ငှက်သိုက်ငှက်များသည် ကျောက်ဂူကြီးများအတွင်း၌ ၎င်းတို့၏ အသိုက် များကို ဆောက်လုပ်လေ့ရှိပါသည်။ ငှက်သိုက်များသည် တန်ဖိုးမြင့် ထုတ်ကုန် တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသများဖြစ်သည့် မြိတ်ကျွန်းစုကဲ့သို့သော နေရာများမှ ငှက်သိုက်များကို နိုင်ငံခြားသို့ တင်ပို့ပါသည်။ မကြာသေးမီနှစ်များ အတွင်းစားသုံး နိုင်သော ငှက်သိုက် ထုတ်လုပ်မှု တိုးတက်များပြားလာခဲ့ပြီး သဘာဝဂူများအပြင် အိမ်တွင်းစနစ်များဖြင့် ပါ ငှက်သိုက်များ မွေးမြူထုတ်လုပ်လာနိုင်ပါသည် ဖြစ်ကြောင်း (၅-၂-၂၀၂၆) ရက်နေ့ထုတ် Global New Light of Myanmar သတင်း ဆောင်းပါးအရသိရှိရပါသည်။


Source https://www.gnlm.com.mm/myanmar-eyes-potential-overseas-markets-for-swiftlet-bird-nest-products/#article-title

တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ  ( ၁၁ ) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ