၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နွေသီးနှံ ၇၃,၀၀၀ ဧကကျော်အား ဆည်တော်ကြီးဆည်မှ ရေပေးဝေမည်
- Thu, 26 February 2026
မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဆည်တော်ကြီးဆည်မှ ဆည်ရေ သောက် ဧရိယာအတွင်း နွေစပါး ၇၃,၈၀၃ ဧကနှင့် အခြား နွေသီးနှံများ စိုက်ပျိုးရန် လျာထားထားပြီး ၎င်းသီးနှံများအတွက်စိုက်ပျိုး ရေကို ဆည်အတွင်း အပြည့်အဝ သိုလှောင်ထားကာ ယခုအခါ တောင်သူများ စိုက်ပျိုးရန် စတင်ဖြန့်ဖြူး ပေးဝေလျက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းသန့်က ဆည်တော်ကြီးဆည်၏ ရေသောက် ဧရိယာ အတွင်းရှိ မြို့နယ်(၄)ခုအား နွေစပါးနှင့် အခြားနွေသီးနှံများ စိုက်ပျိုးရန်အတွက် ရေပေးဝေ လျက်ရှိကြောင်း ၊ဖေဖော်ဝါရီလ တတိယပတ်မှစတင်၍ စိုက်ပျိုးရန် လျာထားသည့် ၇၃,၈၀၃ ဧက အတွက် ရေပေးဝေခဲ့ပြီး ယနေ့အထိ နွေစပါး ၅,၄၆၆ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ပြောပါသည်။
ဆည်သည် နွေစပါးနှင့် အခြားနွေသီးနှံများ စိုက်ပျိုးသည့် တောင်သူများအား ရေလုံ လောက်စွာ ဖြန့်ဖြူးပေးလျက်ရှိသည်။ ယခုရာသီတွင် စိုက်ပျိုးရန်အတွက် ရေရရှိမှု စိတ်ချ သေချာစေရန် ယခုလ၏ တတိယပတ်မှစတင်၍ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်နှင့် အမရပူရမြို့နယ်ရှိ ရေမြောင်းများတစ်လျှောက်တွင် နွေစပါး စိုက်ပျိုးခြင်း ပြီးစီးသည်အထိ ဆည်မှရေကို ရရှိနိုင်မည်ဖြစ်ကြောင်း တောင်သူများအား အသိပေးသည့် ဆိုင်းဘုတ်များ စိုက်ထူထားပါသည်။ ယနေ့အထိ မတ္တရာနှင့် ပုသိမ်ကြီးမြို့နယ်များတွင် စုစုပေါင်း စပါး ၅,၄၆၆ ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။
နွေစပါးဆက်လက်စိုက်ပျိုးနိုင်ရန်နှင့် လျာထားဧက ပြည့်မီစေရေးအတွက် ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသည် ရေသွင်းမြောင်းများကို အချိန်နှင့် တစ်ပြေး ညီပြုပြင်ခြင်းနှင့် ရေမြောင်းများရှင်းလင်းခြင်း ဆောင်ရွက်လျက်ရှိသည်ဟု သူကပြောပါ သည်။
ဆည်ရေသောက်ဧရိယာအတွင်းရှိ နွေစပါးနှင့် အခြားနွေသီးနှံ စိုက်ပျိုးမှု ဧကများမှာ မတ္တရာမြို့နယ်တွင် နွေစပါး ၄၄,၉၀၄ ဧကနှင့် နွေနှမ်း ၂၉၅ ဧက၊ ပုသိမ်ကြီးမြို့နယ်တွင်
နွေစပါး ၁၉,၀၂၉ ဧကနှင့် နွေနှမ်း ၂၃၉ ဧက၊ အမရပူရမြို့နယ်တွင် နွေစပါး ၆,၁၇၈ ဧကနှင့် နွေနှမ်း ၃,၁၁၄ ဧက၊ ပြည်ကြီးတံခွန်မြို့နယ်တွင် နွေစပါး ၄၄ ဧကဖြစ်ပြီး နွေစပါးနှင့်
အခြားနွေသီးနှံ စုစုပေါင်း ၇၃,၈၀၃ ဧကရှိသည်။ ယနေ့တွင် ဆည်၏ ရေမျက်နှာပြင်အမြင့်မှာ RL- ၄၁၈.၃ ပေ ရှိပြီး ရေလှောင်ပမာဏ ၃၅၃,၈၂၀ ဧကပေ နှင့် အသုံးပြု၍ရသော ရေပမာဏ ၃၂၆,၇၂၀ ဧကပေ ရှိသည် ဖြစ်ကြောင်းကို (၂၅- ၂- ၂၀၂၆) ရက်နေ့ထုတ် Global New Light of Myanmar သတင်းဆောင်းပါးအရသိရှိရပါသည်။
Source https://www.gnlm.com.mm/sedawgyi-dam-to-supply-water-for-over-73000-acres-of-summer-crops-in-2025-2026-fy/#article-title
တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ ခုနှစ်၊ မတ်လ ( ၄ ) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန






