ပြီးခဲ့သည့်၁၀လအတွင်း (ဧပြီ-ဇန်နဝါရီ) မြန်မာ့ပုစွန် တန်ချိန် ၉,၀၀၀ တင်ပို့

  • Sat, 28 February 2026

ပြီးခဲ့သည့်၁၀လအတွင်း (ဧပြီ-ဇန်နဝါရီ) မြန်မာ့ပုစွန် တန်ချိန် ၉,၀၀၀ တင်ပို့


ငါးလုပ်ငန်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၏ ဧပြီလ ၁ ရက်မှ စတင်ကာ ပြီးခဲ့သော (၁၀)လအတွင်း ပုစွန်တန်ချိန် ၉,၀၀၀ နီးပါးကို နိုင်ငံတကာ ဈေးကွက်များသို့ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇.၇၆၉ သန်း ရရှိခဲ့ပါသည်။

လွန်ခဲ့သော (၁၀) လအတွင်း မြန်မာနိုင်ငံသည် ရေကြောင်းမှတစ်ဆင့် အမေရိကန် ဒေါ်လာ ၂၃.၃ သန်းတန်ဖိုးရှိသော ပုစွန်တန်ချိန် ၈,၁၀၀ ကျော်ကို တင်ပို့ခဲ့ပြီး အိမ်နီးချင်း နိုင်ငံများသို့ နယ်စပ်မှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၄.၄၅ သန်း တန်ဖိုးရှိသော ပုစွန်တန်ချိန် ၈၁၅.၇၉ ကို တင်ပို့ခဲ့ကာ စုစုပေါင်း တန်ချိန် ၈,၉၅၀.၈၆ ရှိခဲ့ပါသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံသည် ပုစွန်တန်ချိန် ၉,၀၀၀ ကျော်ကို ပြည်ပသို့ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိခဲ့ကြောင်း ဌာနမှ ဖော်ပြခဲ့ပါသည်။

မြန်မာနိုင်ငံသည် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန်နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၄၀သို့ ရေကြောင်းနှင့် ကုန်းလမ်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် ပင်လယ် စာများကို ပုံမှန် တင်ပို့လျက်ရှိသည်ဖြစ်ကြောင်းကို (၂၅- ၂- ၂၀၂၆) ရက်နေ့ထုတ် Global New Light of Myanmar သတင်းဆောင်းပါးအရသိရှိရပါသည်။

 

-Source https://www.gnlm.com.mm/myanmar-shrimp-exports-hit-9000mt-in-10-months-apr-jan/#article-title

တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၆ ခုနှစ်၊ မတ်လ  ( ၄ ) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ