ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်းသီးနှံ မျိုးစုံ၄၉၀,၀၀၀ ဧကကျော်နှင့် ဆီထွက်သီးနှံ ၁၆,၀၀၀ ဧကကျော် စိုက်ပျိုးထားရှိ

  • Sun, 1 March 2026

ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်းသီးနှံ မျိုးစုံ၄၉၀,၀၀၀  ဧကကျော်နှင့်  ဆီထွက်သီးနှံ ၁၆,၀၀၀ ဧကကျော် စိုက်ပျိုးထားရှိ


ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ ဆောင်းသီးနှံမျိုးစုံ ၄၉၀,၀၀၀ ဧကကျော်နှင့် ဆီထွက်သီးနှံ ၁၆,၀၀၀ ဧကကျော် စိုက်ပျိုးထားရှိပါသည်။

မိုးစပါး ရိတ်သိမ်းပြီးနောက် သီးထပ်အဖြစ် ဆောင်းသီးနှံများ စိုက်ပျိုးခဲ့ရာ မတ်ပဲ ၆၀,၄၅၁ ဧက၊ ပဲတီစိမ်း ၄၂၁,၀၄၅ ဧကနှင့် အခြားပဲမျိုးစုံ ၉,၀၀၉ ဧက စုစုပေါင်း ၄၉၀,၅၀၅ ဧက စိုက်ပျိုးထားပါသည်။ ထို့အပြင် မြေပဲ ၄,၄၄၁ ဧက၊ နှမ်း ၃,၈၃၃ ဧကနှင့် နေကြာ ၈,၀၀၁ ဧက စုစုပေါင်း ၁၆,၂၇၉ ဧက ကိုလည်း စိုက်ပျိုးထားရှိပါသည်။

စိုက်ပျိုးရေး ဝန်ထမ်းများမှလည်း တောင်သူများအတွက် စိုက်ပျိုးနည်းစနစ်များ၊ ဆောင်းသီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး၊ စိုက်ဧကများ အချိန်မီ စိုက်ပျိုးပြီးစီး စေရေးတို့နှင့်  ပတ်သက်၍ ပညာပေးအစီအစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

စိုက်ပျိုးရေဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကြည်က "ကျွန်မတို့ တောင်သူများ၏ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ စိုက်ပျိုးမှုကို နှစ်စဉ်တိုးချဲ့ပြီး ရည်မှန်းအထွက်နှုန်း ရရှိဆောင်ရွက်နိုင်ရန်အတွက် ပညာပေးအစီအစဉ်များ ဆောင်ရွက်နေပါကြောင်း၊ နည်းပညာ အကူအညီ၊ ဆည်ရေရရှိမှုနှင့် အခြားလိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးနေပါကြောင်း၊ ဥပမာအနေဖြင့် နေကြာ စိုက်ပျိုးမှုမှာ ယခင်နှစ်တွင် ၄,၅၀၀ ဧကကျော်မှ ယခုနှစ်တွင် ၈,၀၀၀ ဧကကျော်ထိ တိုးလာပါကြောင်း၊ တောင်သူများအတွက် မျိုးစေ့ကို သင့်တင့်သည့် ဈေးနှုန်းနှင့် စီစဉ်ပေးထားပြီး ယခုအထွက်ကောင်းပြီး အောင်မြင်မှုအတွက် တောင်သူများ ကျေနပ်နိုင်မည် ဟု ကျွန်မတို့ ယုံကြည်ပါသည်" ဟု ပြောကြားခဲ့ပါသည်။

နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့မှုဖြင့် ဆောင်းသီးနှံများအတွက် လိုအပ် သော သွင်းအားစုများ လုံလောက်စွာရရှိစေရန် ယူရီးယားမြေသြဇာ ၈,၉၄၅.၂၀ တန်နှင့် ကွန်ပေါင်းမြေသြဇာ ၇,၀၀၀ တန်တို့ကို အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေးခဲ့ပါသည်။ ခရိုင် (၇) ခုရှိ မြို့နယ် (၁၄) မြို့နယ်တွင် ပဲမျိုးစုံကို စိုက်ပျိုးလျက်ရှိပြီး အဆိုပါ ခရိုင်(၇)ခုအတွင်းရှိ မြို့နယ် (၁၆) မြို့နယ်တွင် မြေပဲ၊ နှမ်းနှင့် နေကြာကဲ့သို့သော ဆီထွက်သီးနှံများကို စိုက်ပျိုး လျက်ရှိသည်ဖြစ်ကြောင်းကို (၂၅-၂-၂၀၂၆) ရက်နေ့ထုတ် Global New Light of Myanmar သတင်းဆောင်းပါးအရသိရှိရပါသည်။

-Source https://www.gnlm.com.mm/yr-possesses-over-490000-acres-of-various-winter-crops-over-16000-acres-of-edible-oil-crops/#article-title

တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၆ ခုနှစ်၊ မတ်လ  ( ၄ ) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ