မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၁.၂၄ သန်း ရောင်းချခဲ့

  • Wed, 11 March 2026

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၁.၂၄ သန်း ရောင်းချခဲ့


မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) သည် မတ်လ ၄ ရက်နေ့တွင် စားသုံးဆီ တင်သွင်း သည့် ကုမ္ပဏီများထံ အမေရိကန်ဒေါ်လာ ၁.၂၄ သန်းကျော် ရောင်းချခဲ့ပြီး ဈေးကွက်ထဲသို့ ဘတ် ၅.၆ သန်းကျော် ကိုလည်း ထပ်ပေါင်းပေးခဲ့ပါသည်။

မတ်လ   ၃ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် စားသုံးဆီနှင့် လောင်စာဆီ တင်သွင်းမှု ကဏ္ဍများအတွက်   အမေရိကန်ဒေါ်လာ ၁ သန်းစီ   ထည့်သွင်းခဲ့ပြီး နိုင်ငံခြားငွေ လဲလှယ်ရေး ဈေးကွက်တွင် ယွမ် ၄၇၀,၉၉၀ ကျော်နှင့် ဘတ် ၆၃၁,၈၀၀ ကျော်ကို ရောင်းချ ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဖေဖော်ဝါရီလတွင် စင်ကာပူဒေါ်လာ ၃၅ သန်းကျော်၊ ဘတ် ၃၄ သန်း ကျော်နှင့်ယွမ်သုံးသန်းကျော်ရောင်းချခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၄၃ သန်းကျော်၊ ဘတ် ၆၅ သန်းကျော်နှင့် ယွမ်လေးသန်းကျော်ကို ရောင်းချခဲ့သည်။ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေ လဲလှယ်ရေးဈေးကွက်တွင် မတည်ငြိမ်မှုနှင့် ငွေကြေး တန်ဖိုး ကျဆင်းမှုကို ထိန်းချုပ်ရန် ရည်ရွယ်ပါသည်။

၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အသိပေးချက်အရ ငွေကြေးဈေးကွက်ကို ခြယ်လှယ်ရန် ကြိုးပမ်းသူများကို လက်ရှိဥပဒေများအောက်တွင် တိုက် ဖျက်ရန်နှင့် တရားစွဲဆိုရန်အတွက်    ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့်    ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှစ၍ ရောင်းလို အားနှင့် ၀ယ်လိုအားပေါ် မူတည်၍ ဈေးကွက်နှုန်းထားအတိုင်း အွန်လိုင်း နိုင်ငံခြား ကုန်သွယ် ရောင်းဝယ်မှုကို ခွင့်ပြုခဲ့ပြီး ခွင့်ပြု ထားသော လုပ်ပိုင်ခွင့်ရ ကိုယ်စားလှယ်များ (ပုဂ္ဂလိက ဘဏ်များ) အား လွတ်လပ်စွာ လုပ်ကိုင် ခွင့်ပြုခဲ့သည်ကို (၆.၃.၂၀၂၆) ရက်နေ့က ဖတ်ရှုခဲ့ရ သည့် Global New Light of Myanmar ၏ သတင်းဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။


Source https://www.gnlm.com.mm/cbm-sells-us1-24m-to-edible-oil-importing-companies/#article-title

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ မတ်လ(၁၁) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ