ထိုင်းနိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် သစ်သီးဝလံဈေးနှုန်း အစီအမံများကို အတည်ပြု

  • Thu, 12 March 2026

ထိုင်းနိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် သစ်သီးဝလံဈေးနှုန်း အစီအမံများကို အတည်ပြု


ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည်၂၀၂၆ ခုနှစ်တွင် သစ်သီးဝလံဈေးနှုန်းများကို စီမံခန့်ခွဲရန် ရည်ရွယ်သည့် အစီအမံ ၈ ခုကို အတည်ပြုခဲ့ပြီး ထိုင်းနိုင်ငံ၏ စုစုပေါင်းစိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၆.၉၁ သန်းခန့် ရှိမည်ဟု ခန့်မှန်းထား ပြီး ပြီးခဲ့သည့်နှစ်ထက်  ၅.၈ ရာခိုင်နှုန်းခန့် တိုးလာမည်ဖြစ်ပါသည်။ ယင်းအစီအမံသည် တန်ချိန် ၁.၁ သန်းမှ ထိုင်းဘတ် သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၁၄ သန်းခန့်) ရရှိရန် မျှော်မှန်းထားပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖြစ်သူ Suphajee Suthumpun သည် အဆိုပါအစီအမံများကို ဆွေးနွေးရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစီအမံများတွင် စိုက်ပျိုးထုတ်လုပ်မှုအစီအမံ (၃) ခု၊ ပြုပြင်ထုတ်လုပ်မှုအစီအမံ (၂) ခုနှင့် ဈေးကွက်အစီအမံ ၃ ခု တို့ ပါဝင်ပါသည်။

ဒူးရင်းနှင့် မင်းကွတ်သီးစိုက်ပျိုးထုတ်လုပ်မှုမှာ စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ် လျက်ရှိပါသည်။ ဒူးရင်းအထွက်နှုန်းအား တန်ချိန် ၁.၈ သန်းခန့်အထိ ရရှိရန် မျှော်မှန်းထားပြီး ပြီးခဲ့သည့်နှစ်ထက် ၂၁ ရာခိုင်နှုန်းခန့် မြင့်တက်လာရန် မျှော်မှန်းထားပါသည်။ အာဏာပိုင် များအနေဖြင့် ပို့ကုန်တင်ပို့မှုနှင့် ပြည်တွင်း စားသုံးမှုကို တိုးမြှင့်ရန် ရည်ရွယ်ထားပါသည်။ တင်ပို့မှုပမာဏမှာ တန်ချိန် ၁.၂ သန်းမှ ၁.၃ သန်းအထိတိုးမြှင့်ရန် ခန့်မှန်းထားပြီး ပြည်တွင်း စားသုံးမှုပမာဏမှာ တန်ချိန် ၅၅၀,၀၀၀ အထိ ရှိနိုင်ပါသည်။

မင်းကွတ်သီးစိုက်ပျိုးထုတ်လုပ်မှုအား တန်ချိန် ၂၈၀,၀၀၀ ရှိမည်ဟု ခန့်မှန်းထားပြီး ပြီးခဲ့သည့်နှစ်ထက် ၁၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပါသည်။ ထုတ်ကုန်ရရှိနိုင်မှု သက်တမ်း ကြောင့် ဖြန့်ဖြူးခြင်းအစီအမံသည် ဈေးကွက်စီမံခန့်ခွဲမှု၏ အစိတ်အပိုင်းအနေဖြင့် ကျန်ရှိနေ ပါသည်။

စိုက်ပျိုးထုတ်လုပ်မှုမြင့်မားသော အခြားသစ်သီးဝလံများတွင် နာနတ်သီး ပါဝင်ပြီး နာနတ်သီး ထုတ်လုပ်မှုမှာ တန်ချိန် ၁.၃ သန်းခန့် ရှိမည်ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းခန့် မြင့်တက် လာမည်ဟု ခန့်မှန်းထားပါသည်။ ပျားလိမ္မော်နှင့် ကြက်မောက်သီး ထုတ်လုပ်မှုမှာလည်း 

မြင့်တက်လာခဲ့ပါသည်။ လောင်ဂန်သီး ထုတ်လုပ်မှုမှာ တန်ချိန် ၁.၄၇ သန်းအထိ အနည်းငယ် ကျဆင်းသွားမည်ဟု မျှော်မှန်းထားပါသည်။

ဖြန့်ဖြူးရောင်းချမှု အရှိန်မြင့်တက်လာသည်နှင့်အမျှ အုန်သီးဈေးနှုန်းများမှာ တစ်လုံး လျှင် (၄) ဘတ်ခန့် မြင့်တက်လာလျက်ရှိပြီး အကြမ်းဖျင်းအားဖြင့် အုန်းသီးတစ်လုံးလျှင် အမေရိကန်ဒေါ်လာ (၀.၂၂) နှင့် ညီမျှပါသည်။

အစီအမံများတွင် Blue Flag ကွန်ရက်များ၊ fresh markets ၊ လက်လီအရောင်းဆိုင် များနှင့် ပြုပြင်ထုတ်လုပ်ရေးစက်ရုံများမှတဆင့် ပြည်တွင်းရောင်းချမှုလမ်းကြောင်းများကို ချဲ့ထွင်ခြင်းများ ပါဝင်ပါသည်။ ပို့ကုန်များ မြှင့်တင်ရေးတွင် အိန္ဒိယအပါအဝင် ပြည်ပ ဈေးကွက်များကို ဦးတည်ထားပါသည်။

အာဏာပိုင်များအနေဖြင့် ကွန်တိန်နာရရှိနိုင်မှု၊ အသိအမှတ်ပြုလက်မှတ် ရရှိမှုနှောင့် နှေးမှုများ နှင့် ပို့ကုန်စစ်ဆေးရေးဂိတ်များတွင် ပိတ်ဆို့မှုများ ကဲ့သို့သော ထောက်ပံ့ပို့ဆောင် ရေးအခက်အခဲများကို ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။ အရာရှိများအနေဖြင့် အရှေ့ အလယ်ပိုင်းတင်းမာမှုများနှင့် ဆက်စပ်နေသော ဓာတုဓာကြွင်းလိုက်နာမှုနှင့် ထောက်ပံ့ ပို့ဆောင်ရေးအခြေအနေများကို စောင့်ကြည့်ဆောင်ရွက်လျက်ရှိပါသည်။

ထိုင်းသစ်သီးဝလံတင်ပို့မှုများကို အာရှတွင် အဓိကထား တင်ပို့နေဆဲဖြစ်ပါသည်။ ဒူးရင်းတင်ပို့မှု၏ ၉၆ ရာခိုင်နှုန်းကျော်ကို တရုတ်သို့ တင်ပို့ကြောင်း ၆-၃-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.freshplaza.com ၏ သတင်းအချက်အလက်များအရ သိရှိရ ပါသည်။

Source https://www.freshplaza.com/asia/article/9816764/thailand-approves-fruit-price-measures-for-2026-crop/ 


တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၁) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ