အရည်အသွေးမြင့် ဝါမျိုးစေ့တင်သွင်းရန် Myanmar Cotton Body မှ IFBIC နှင့် ညှိနှိုင်း

  • Thu, 19 March 2026

အရည်အသွေးမြင့် ဝါမျိုးစေ့တင်သွင်းရန် Myanmar Cotton Body မှ IFBIC နှင့် ညှိနှိုင်း


မတ်လ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသော စတုတ္ထအကြိမ်မြောက် online + Inperson ပေါင်းစပ်အစည်းအဝေးတွင် မြန်မာနိုင်င်ငံဝါနှင့် ဝါထွက်ပစ္စည်းရောင်းဝယ်ရေးအသင်းသည် အိန္ဒိယနိုင်ငံမှ အရည်အသွေးမြင့် ဝါမျိုးစေ့့နှင့် ချည်မျှင်ရှည်ဝါ (စပ်မျိုးမဟုတ်) ဝါမျိုးတင်သွင်းခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အိန္ဒိယနိုင်ငံ ၊ International Federation of Business Intellectuals and Changemakers (IFBIC)  နှင့် ဆွေးနွေးခဲ့ပါသည်။

၎င်းပုဂ္ဂိုလ်တို့သည် မြန်မာနိုင်ငံ၏ ၂/၄၀ နှင့် ၂/၈၀ ချည်ထုတ်လုပ်နိုင်သောဝါ  မျိုးကွဲများ၏ စံနှုန်းနှင့် ဝိသေသ လက္ခဏာများကို လည်း ဆွေးနွေးခဲ့ကြပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိမြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အရာရှိများနှင့် ကာလကတ္တားမြို့ရှိ မြန်မာစီးပွားရေးအကြံပေးပုဂ္ဂိုလ်များလည်း အဆိုပါ hybrid အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါအသင်းသည် မြန်မာနိုင်ငံ၏ ရာသီဥတု၊ မြေအမျိုးအစားနှင့် ကိုက်ညီသော အရည်အသွေးမြင့် ဝါမျိုးစေ့များ ရရှိရန်အတွက် အိန္ဒိယနှင့် ဥဇဘက်ကစ္စတန် နိုင်ငံတို့နှင့် လည်း ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါသည်။

သြဂုတ်လ ၇ ရက်နေ့ ရက်စွဲပါ MyanTrade ၏ သတင်းများအရ ဥဇဘက် ကစ္စတန်နိုင်ငံ၏ စိုက်ပျိုးရေးဌာနသည် ပိုးမွှားကင်းစင်သော အထွက်နှုန်းမြင့် ဝါဂွမ်း မျိုးကွဲများကို မြန်မာနိုင်ငံသို့ ပေးပို့လိုကြောင်း အသိပေးအကြောင်းကြားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်း ချုပ်နှင့် မြန်မာနိုင်ငံဝါနှင့် ဝါထွက်ပစ္စည်းရောင်းဝယ်ရေးအသင်း တို့သည် ပထမ တန်းစားအဆင့် ဝါမျိုးကွဲများစာရင်းကို သက်ဆိုင်ရာဌာနသို့ နောက်ထပ်အစီအမံများ ဆောင်ရွက်ရန်အတွက် ပေးပို့ထားပြီး ဖြစ်ပါသည်။

ပထမတန်းစား အဆင့်မီဝါမျိုးနှင့် အဆင့်မမီသော သောဝါမျိုးကြားတွင် ဈေးနှုန်း ကွာဟချက်ကြီးမားပါသည်။ ထို့ ကြောင့် ဝါစိုက်ပျိုးသူများသည် စီးပွားရေး 

-2-

အကျိုးအမြတ်အတွက် ပထမတန်းစားအဆင့်မီဝါမျိုးကို စိုက်ပျိုးရန် လို အပ်ပါသည်။  ဝါစိုက်ပျိုးသူများသည် မျိုးမရွေးချယ်ပဲ   စိုက်ပျိုးပါက အထွက်နှုန်းနည်းပါးခြင်းနှင့် အခြား သော အခက်အခဲတို့ကို ကြုံတွေ့ရနိုင်ပါသည်။ 

ဝါကြိတ်သူများသည် အရည်အသွေးထိန်းသိမ်းမှုကိုလည်း ထိန်းသိမ်းရန် လိုအပ်သော ကြောင့် ဝါကြိတ်သူများအနေဖြင့် ထုတ်ကုန်အရည်အသွေးကို သေချာစေရန်၊ အလေအလွင့် ဖြစ်မှုကို လျှော့ချရန်နှင့် ဘေးကင်းသော အလုပ်ခွင်ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရန်အတွက် သန့်ရှင်းမှုနှင့် စနစ်တကျလည်ပတ်မှုကို ဦးစားပေးရမည်ဟု မြန်မာနိုင်ငံဝါနှင့် ဝါထွက်ပစ္စည်း များထုတ်လုပ်ရောင်းချသူများ အသင်းက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံဝါနှင့် ဝါထွက်ပစ္စည်းများထုတ်လုပ်ရောင်းချသူများ အသင်းက အရည် အသွေးမြင့် ဝါ ထုတ်လုပ်မှု မြှင့်တင်ရန်နှင့် ဈေးနှုန်းကောင်းများရရှိရန် ကိစ္စရပ်များကို ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း (၁၅.၃.၂၀၂၆) ရက်နေ့ထုတ် The Global News Light of Myanmar သတင်း ဆောင်းပါးအရသိရှိရပါသည်။

Source https://www.gnlm.com.mm/myanmar-cotton-body-negotiates-with-ifbic-to-import-quality-cotton-seed/


တင်ပြသူ ဒေါ်လင်းလဲ့ရည်အောင်၊ ဒုဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၆ ခုနှစ်၊ မတ်လ(၁၈) ရက်

တည်းဖြတ်သူ ဒေါ်ခင်စိုးအေး၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

စစ်ဆေးသူ ဒေါတင်မာဖြိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ