ရန်ကုန်စားအုန်းဆီရည်ညွှန်းဈေးနှုန်း မြင့်တက်လာ
- Fri, 20 March 2026
ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ ရက်သတ္တပတ်အတွင်း ရန်ကုန် ဈေးကွက် အတွင်း စားအုန်းဆီလက်ကားဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆,၅၇၅ ကျပ် အထိ အနည်းငယ် မြင့်တက်လာခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၁၄၅ ကျပ် ကွာဟချက် အနည်းငယ်ရှိကြောင်း စားသုံးဆီတင်သွင်း ဖြန့်ဖြူးခြင်း ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ၏ အဆိုအရ သိရသည်။၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစ၍ စားအုန်းဆီ အဓိကထုတ်လုပ်သည့်နိုင်ငံများတွင် စားအုန်းဆီ ထုတ်လုပ်မှုသိသိသာသာကျဆင်းခြင်း၊ သိုလှောင်မှုများပြားခြင်း၊ တရုတ်နှစ်သစ် ကူး ပွဲတော်နှင့်ရမ် မဒန်လတွင် ဝယ်လိုအား မြင့်တက်လာခြင်းတို့ ကြောင့် စားအုန်းဆီ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု ယူဆရသည်။
ရိုက်တာသတင်းဌာနနှင့် စက်မှုလုပ်ငန်းအစီရင်ခံစာများအရ အဓိကထုတ်လုပ်သော နိုင်ငံများရှိ စားအုန်းဆီထုတ်လုပ်မှုသည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ဈေးနှုန်းကို ထိမ်းထားရန်အတွက် ရပ်တန့်ထားခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ စားသုံးဆီ တင်သွင်း ဖြန့်ဖြူးရေးကြီးကြပ်ရေး ကော်မ တီသည် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံရှိ FOB ဈေးနှုန်း များကို အနီးကပ်စောင့်ကြည့်လေ့လာနေပြီး သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်၊ အခွန်အခ များနှင့် ဘဏ်ဝန်ဆောင်ခများကို ထည့်သွင်း ကာ စားသုံးဆီ လက်ကားဈေးကွက် ရည်ညွှန်း နှုန်းထားကိုအပတ်စဉ်ဆုံးဖြတ်လျက်ရှိသည်။ ရည်ညွှန်းဈေးနှုန်းသတ်မှတ်ထားသော်လည်း ဈေးကွက်ဈေးနှုန်းမှာ မြင့်မားနေ ဆဲဖြစ်သည်။
ဈေးနှုန်းအလွန်အကျွံတိုးမြှင့်ရောင်းချမှုကို ထိန်းချုပ်ရန်အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ စားသုံးသူရေးရာဦးစီးဌာနသည် သြဂုတ်လ ကုန်ပိုင်းတွင် call center hotline မှတစ်ဆင့် ဈေးနှုန်းအလွန်အကျွံမြှင့်တင်ရောင်းချမှုအတွက် တိုင်ကြားနိုင်ကြောင်း စားသုံးသူများအား အသိပေးခဲ့သည်။
ဌာနအနေဖြင့် စားသုံးသူများအား စားအုန်းဆီကို ဈေးနှုန်းကြီးမြင့်စွာ မဝယ်ယူရန် တိုက်တွန်းထားသည်။ဈေးကွက်ကို ခြယ်လှယ်ချုပ်ကိုင်နိုင်ရန် ဈေးနှုန်းမြှင့်တင်ခြင်းနှင့် ဆီသိုလှောင်ခြင်း တွင် ပါဝင်ပတ်သက်သူ မည်သူမဆို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုများ တွင် ဥပဒေအရ အရေးယူခံရမည်ဟု ကော်မတီက အသိပေးခဲ့သည်။
စားသုံးသူများအတွက် သင့်တင့်သော နှုန်းထားများဖြင့် ရောင်းချနိုင်ရေးအတွက် ဌာနအနေဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်များ အသင်းနှင့် စားအုန်းဆီတင်သွင်း သည့်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ဈေးနှုန်းအလွန်အကျွံမြှင့်တင်ရောင်းချမှု အတွက် တိုင်ကြားမှုများကို စားသုံးသူ ရေးရာဦးစီးဌာန၊ ဖုန်းခေါ်ဆိုမှုစင်တာ၏ hotline နံပါတ် ၁၅၃၅ မှတစ်ဆင့် တိုင်ကြားနိုင်သည်။ ထို့အပြင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်နှင့် ဦးစီးဌာနများ၏ Facebook စာမျက်နှာသို့ လည်း ပေးပို့နိုင်ပါသည်။ပြည်တွင်းစားအုန်းဆီသုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန် တစ်သန်းခန့်ရှိမည်ဟု ခန့်မှန်းရသည်။ဒေသတွင်း စားအုန်းဆီထုတ်လုပ်မှုမှာ တန်ချိန် ၄၀၀,၀၀၀ ခန့် ရှိသည်။
ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများ မှတစ်ဆင့် စားအုန်းဆီ တန်ချိန် ၇၀၀,၀၀၀ ခန့်ကို နှစ်စဉ် တင်သွင်းလျက်ရှိသည်ကို ၁၄.၃.၂၀၂၆ ရက်နေ့က ဖတ်ရှုခဲ့ရသည့် Global New Light of Myanmar ၏ သတင်း ဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။
Source https://www.gnlm.com.mm/palm-oil-holds-at-k6250-per-viss-in-yangon-for-week-ending-19-feb/
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ ခုနှစ်၊ မတ်လ(၁၈) ရက်
တည်းဖြတ်သူ ဒေါ်ခင်စိုးအေး၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
စစ်ဆေးသူ ဒေါတင်မာဖြိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန







