ပင်လယ်ကွေ့ဒေသတွင် ဝယ်လိုအားနှောင့်နှေးမှုများကြောင့် အိန္ဒိယနိုင်ငံ၏ Alphonso သရက်သီး တင်ပို့မှုမှာ မသေချာမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရ
- Fri, 20 March 2026
အိန္ဒိယနိုင်ငံ၊ ဒါဝပ်၊ ဘီလာဂါဖီနှင့် ဟာဗရီဒေသအချို့တွင် စိုက်ပျိုးသော Alphonso အရည်အသွေးရှိသော သရက်သီးများကို ဆယ်စုနှစ်တစ်ခုကျော်ထိ အရှေ့အလယ်ပိုင်းဒေသရှိ ပို့ကုန်ဈေးကွက်များသို့ တင်ပို့ကြပါသည်။ စိုက်ပျိုးထုတ်လုပ်သူများသည် အဘူဒါဘီ၊ အီရန်၊ အာရပ်စော်ဘွာများပြည်ထောင်စု၊ ကူဝိတ်နှင့် အီရတ်အပါအဝင် နိုင်ငံများသို့ သစ်သီးများကို တင်ပို့ကြပါသည်။ လာမည့်နှစ်ပတ်အတွင်း သရက်သီးရာသီ စတင်မည်ဖြစ်ပြီး စိုက်ပျိုးသူ များအနေဖြင့် သရက်သီးပို့ကုန်ဝယ်လိုအားနှင့်ပတ်သက်၍ မသေချာမှုများကို တင်ပြကြပါ သည်။
ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ကျွန်ုပ်တို့၏ Kelgeri သရက်သီးခြံမှ သရက်သီးများကို ဒူဘိုင်း၊ အီရန်၊ ကူဝိတ်နှင့် ဥရောပနိုင်ငံအချို့သို့ တင်ပို့ခဲ့ကြကြောင်း Yadwad မှ စိုက်ပျိုးသူ တစ်ဦးဖြစ်သည့် Mallikarjun Hiremath က ပြောကြားခဲ့ပါသည်။ ဥရောပ၏ ပို့ကုန်လုပ်ထုံး လုပ်နည်းမျာတွင် ပိုမိုတင်းကျပ်သောအရည်အသွေးစစ်ဆေးမှုများ ပါဝင်သော်လည်း ပင်လယ်ကွေ့ဈေးကွက်များနှင့်နှိုင်းယှဉ်ပါက လုပ်ငန်းစဉ်များမှာ ပိုမိုလွယ်ကူပြီး စိုက်ပျိုးသူ များအနေဖြင့် အဆိုပါဒေသသို့ ပို့ကုန်ပမာဏကို ပိုမိုတင်ပို့နိုင်စေခဲ့ပါသည်။ ပြီးခဲ့သည့်ရာသီ တွင် သရက်သီး မက်ထရစ်တန် ၃၀၀ အထက် တင်ပို့ခဲ့ပါသည်။
အိန္ဒိယနိုင်ငံတွင် သရက်သီးမျိုးကွဲပေါင်း ၃၀ စိုက်ပျိုးခဲ့ကြသော်လည်း ပို့ကုန်ဈေး တွင် Alphonso သရက်သီးသည် အဓိကမျိုးကွဲအနေဖြင့် ရှိနေဆဲဖြစ်ပါသည်။
နှစ်စဉ် Vasai နှင့် Surat မှ ကုန်သည်များသည် ဇန်နဝါရီလတွင် သရက်ခြံများသို့ လာရောက်၍ ကြိုတင်မှာယူမှုများ ပြုလုပ်ကြပါသည်။ အဆိုပါကုန်သည်များသည် သရက်သီး များကို ခူးဆွတ်ပြီ box များဖြင့် ထုတ်ပိုးကာ ဂိုအာဆိပ်ကမ်းမှတဆင့် အရှေ့အလယ်ပိုင်းသို့ တင်ပို့ကြပါသည်။ သို့သော် ယခုအကြိမ်တွင် သရက်ခြံများသို့ လာရောက်လေ့လာခဲ့ပြီး နောက်တွင် ကုန်သည်များအနေဖြင့် ကြိုတင်ငွေပေးချေခြင်း (သို) ကြိုတင်မှာယူခြင်းများ ပြုလုပ်ရန် ပြန်လည်လာရောက်ခြင်း မရှိခဲ့ပါကြောင်း အခြားစိုက်ပျိုးသူတစ်ဦးဖြစ်သည့် Sharanappa Malipatil က ပြောကြားခဲ့ပါသည်။
လက်ရှိအခြေအနေသည် သရက်သီးများကို မတူကွဲပြားသည့်နေရာဒေသများသို့ တင်ပို့ရန် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်ဟု သရက်သီးစိုက်ပျိုးထုတ်လုပ်သူများ အသင်း၏ အကျိုးဆောင်ဥက္ကဌဖြစ်သူ Dr. Rajendra Poddar က ပြောကြားခဲ့ပါသည်။
သရက်သီးစိုက်ပျိုးထုတ်လုပ်သူများအသင်းအနေဖြင့် အခြားသော နိုင်ငံတကာဈေး ကွက်များကို ရှာဖွေလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ယခုရာသီတွင် Alphonso သရက်သီးများကို အမေရိကန်၊ ယူကေနှင့် စင်ကာပူနိုင်ငံ များသို့ တိုးချဲ့တင်ပို့ရန် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း Poddar က ပြောကြားခဲ့ပါသည်။ သရက်သီးများကို ဝယ်ယူပြီး အမေရိကန်နှင့် ယူကေသို့ တင်ပို့ရန် စိတ်ဝင်စားသည့် နယူး ဒေလီနှင့် မွန်ဘိုင်းရှိ Vasai မှ ကုန်သည်များနှင့် ဆွေးနွေးမှုများ ပြလုပ်လျက်ရှိပါသည်။
ယခုရာသီတွင် သရက်အထွက်နှုန်းနည်းသည့်အတွက် ပြည်တွင်းဝယ်လိုအားများ မြင့်တက်လျက်ရှိကြောင်း Dr. Rajendra Poddar က ထပ်လောင်းပြောကြားခဲ့ပါကြောင်း ၆-၃-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.freshplaza.com ၏ သတင်းအချက် အလက်များအရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9818997/india-s-alphonso-mango-exports-face-uncertainty-as-gulf-demand-slows/
တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်
စစ်ဆေးသူ ဒေါ်တင်မာဖြိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ခင်စိုးအေး၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန






