ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်များကြောင့် ယခုကာလတွင် ဘက်ပေါင်းစုံ နှစ်ဖက်စလုံးက ရိုက်ခတ်လျက်ရှိ
- Fri, 20 March 2026
ယခုရာသီတွင် အိန္ဒိယနိုင်ငံထွက် သရက်သီးများ ဝယ်လိုအားမြင့်မားနေချိန်မှာပဲ အထွက်နှုန်း ပိုမိုကောင်းမွန်လာသည်ဟု အိန္ဒိယ လယ်ယာထွက်ကုန်တင်ပို့ရေးကုမ္ပဏီ KK Star မှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမန်နေဂျာ says Sourabh Jaiswal က ပြောသည်။ သရက်သီးရာသီအစတွင် ပြီးခဲ့တဲ့နှစ်ကထက် ယခုနှစ်တွင် အထွက်နှုန်းပိုကောင်းမည်ဟု မျှော်မှန်းထားပါသည်။ အထူးသဖြင့် အဆင့်မြင့်မျိုးများအတွက် စိုက်ပျိုးဒေသများ၏ တောင်သူပါဝင်မှုသည် ပိုများလာပါသည်။ ဝယ်လို အားများလည်း အားကောင်း လျှက်ရှိနေ ပါသည်။ Badami, Alphonso, and Kesar သရက်သီးမျိုးများသည် ကမ္ဘာ တစ်ဝှမ်း တွင် လူကြိုက်အများဆုံးသော အိန္ဒိယသရက်သီးတွေထဲတွင် ပါဝင်ပြီး ၎င်း၏ထူးခြားသည့် အရသာ နှင့် အရည်အသွေးကို တန်ဖိုးထားကြပါသည်။ သို့သော် Kesar and Alphonso သရက်သီး များသည် လက်ရှိအချိန်တွင် ကောင်းစွာမမှည့်သေးသည့်အတွက် ယခုရာသီ အစောပိုင်း ကာလများတွင် ရရှိနိုင်မှုပမာဏသည် အကန့်အသတ်ရှိပါသည်ဟု ၎င်းက ဆိုခဲ့ပါသည်။
KK Star သည် အချို့သောဈေးကွက်များတွင် ကောင်းမွန်စွာရပ်တည်နိုင်ခဲ့သော်လည်း ယခုနှစ်အမေရိကန်ပြည်ထောင်စုတွင် ၎င်းတို့၏ ဈေးကွက်တိုးချဲ့ရန်နှင့် ဈေးကွက်အသစ်များ သို့ ဝင်ရောက်နိုင်ရန် အထူးဆန္ဒရှိကြောင်း Jaiswal ပြောကြားခဲ့ပါသည်။ ဥရောပ၊ UKနှင့် အမေရိကန် တို့သည် ကျွန်တော်တို့၏ အဓိကဈေးကွက်ဝင်များဖြစ်နေဆဲဖြစ်ပြီး ဈေးကွက်၏ ဝယ်လိုအားများ အားကောင်းနေလျက်ရှိပါသည်။ သို့သော် ယခုနှစ်တွင် လက်ရှိ ဈေးကွက် လမ်းကြောင်း များကိုပိုမိုပြီးအားစိုက်၍ တွန်းအားပေးဆောင်ရွက်နေလျက်ရှိနေပါသည်။ အမေရိကန် ပြည်ထောင်စု ၏ အခြားဒေသများတွင် ၎င်းတည်ရှိမှုကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေသလို စင်္ကာပူ၊ ဩစတြေးလျ စသည့် အရှေ့ဖျားဒေသများမှာပါ စီးပွားရေး ဖွံ့ဖြိုးအောင် ဆောင်ရွက်နေပါ သည်ဟု ၎င်းကပြောကြားခဲ့ပါသည်။
အရှေ့အလယ်ပိုင်းဒေသ၏ ပဋိပက္ခသည် လက်ရှိ သရက်သီးရာသီအပေါ် ထင်ရှားစွာ သက်ရောက်မှုရှိနေပြီး၊ လက်ရှိအခြေအနေမှာ မကြာမီပြေလည်နိုင်မှုမရှိလျှင် အထွက်နှုန်း အမြင့်ဆုံး ကာလအတွင်း သက်ရောက်မှုရှိမည်ကို Jaiswal က စိုးရိမ်မိကြောင်း ပြောကြား သည်။ ယခုရာသီ တွင် ထောက်ပံ့ပို့ဆောင်ရေးသည် ကျွန်ုပ်တို့၏ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်သည်မှာ ငြင်းစရာမရှိပါကြောင်း၊ ထို့ကြောင့် ၎င်းသည်ရှေ့မျက်နှာစာ နှစ်ခုကနေ
တစ်ပြိုင်နက် ကျွန်တော်တို့ကို ရိုက်ခတ်နေပါသည်။ ပင်လယ်ရေကြောင်းနှင့် လေကြောင်း ကုန်စည်ပို့ဆောင်ရေး နှစ်ခုစလုံးတွင် အရှေ့ အလယ်ပိုင်း အကျပ်အတည်းမှ တင်ပို့မှုသည် ပိုမိုခက်ခဲစေပြီး ကုန်တင်သင်္ဘောနေရာ လုံခြုံမှုရရှိရေး များ ပိုမိုခက်ခဲလာ ပါသည်။ ကုန်စည် တင်ပို့ခနှုန်းထားများကလည်း အတက်အကျ ဖြစ်တည်နေ ပါသည်။ ထိုအခြေအနေ ဆက်ရှိနေမည်ဆိုလျှင် သရက်သီးစိုက်တောင်သူများနှင့် တင်ပို့ရောင်းချသူများ ဆီမှ မျှော်မှန်းထားသည့် ထုတ်လုပ်မှုပမာဏ ပြည့်မီမှုမရှိမည်ကို စိုးရိမ်စရာဖြစ်ပါသည်။ ၎င်းအခြေအနေသည် ကျွန်တော်တို့၏ ရာသီအထွက်နှုန်း အမြင့်ဆုံးကာလအထိ ကြာမြင့် သွားမည်ဆိုလျှင် စိုက်ပျိုး တောင်သူများ၊ သရက်သီး ထုပ်ပိုး သည့် စက်ရုံများနှင့် ပိုမိုကျယ်ပြန့် သည့် ထောက်ပံ့မှု ကွင်းဆက်တစ်ခုလုံးအပေါ် ဆိုးရွားသည့် ဂယက်ရိုက်ခတ်မှုတွေ ဖြစ်လာ နိုင်ပါသည်။
Jaiswal က ရှင်းပြသည်မှာ မရေရာမှုများသည် ပင်လယ်ရေကြောင်းနှင့် လေကြောင်း ကုန်စည်ပို့ဆောင်ခနှုန်းထား နှစ်ခုစလုံးကို မြင့်တက်သွားစေသည်။ ဈေးနှုန်းများ မြင့်တက် ခြင်းသည် ရောင်းလိုအား ရှားပါးမှုကြောင့်ထက် ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်ကြောင့် အဓိက ဖြစ်ပါသည်။ သင်္ဘောလိုင်းများနှင့် လေကြောင်းလိုင်းများဟာ အရေးပေါ် ပဋိပက္ခ ဆိုင်ရာ အပိုကြေးများ စတင်ကောက်ခံလာပါသည်။ ပင်လယ်ရေကြောင်း ကုန်တင်သ င်္ဘောများအတွက် ကွန်တိန်နာတစ်လုံးကို အမေရိကန်ဒေါ်လာ ၂၀၀၀ မှ ၄၀၀၀ အတွင်း ကောက်ခံပြီး လေကြောင်းလိုင်းများကလည်း တစ်ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၁၀၀ ကနေ ၁၂၅ နီးပါးအထိ နှုန်းများ မြှင့်တင်လိုက်ပါသည်။
KK Star သည် ၎င်း၏ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန် မျှော်လင့်ချက်ဖြင့် ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် ပြုလုပ်ခဲ့သည်။ ကျွန်တော်တို့သည် သရက်သီး ဆက်စပ်ပစ္စည်း (by-products) အစုစု ကို ဆက်လက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နေပါသည်။ ကောက်ပဲသီးနှံမှ အာနိသင်အပြည့်အဝ ရယူနိုင်ပြီး ဝယ်ယူသူ ပိုမိုကျယ်ပြန့်စွာကို ဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်ပါသည်။ လတ်ဆတ် သည့် သရက်သီးများမှာ ယခုရာသီမှာ ရင်းနှီးမြှုပ်နှံမှု သိသိသာသာ ပြုလုပ်ခဲ့ပြီး အထူးသဖြင့် စိတ်လှုပ်ရှားမိသည်က ယခုအချက်ပင်ဖြစ်သည်။ ၄၅ မှ ၆၀ မိနစ်အတွင်း သရက်သီး တစ်တန်ခန့် စီမံဆောင်ရွက်ပေးနိုင်သည့် AI စွမ်းအင်သုံး အလင်း စနစ်ဖြင့် စစ်ဆေးသည့် စက်(၁)လုံး ဖြစ်ပါသည်။ ယခုစနစ်က ချို့ယွင်းချက်များ၊ အစွန်း အထင်းများနှင့် အတွင်းပိုင်း ပြဿနာများကို အလိုအလျောက် ထောက်လှမ်းပေးပြီး တင်ပို့
ရောင်းချရန်နှင့် လက်လီဈေးကွက်အတွက် အကောင်းဆုံး အရည်အသွေး ရှိသည့် သစ်သီး များ ကိုသာ စစ်ထုတ်ပေးပါသည်။ ယခုရင်းနှီးမြှုပ်နှံမှုများသည် နောင်ရာသီများအတွက် ကျွန်တော်တို့၏ တသမတ်တည်းဖြစ်တည်မှု (consistency)နှင့် ယှဉ်ပြိုင်နိုင်စွမ်းကို သိသိသာ သာ တိုးတက်စေလိမ်မည် ယုံကြည်ပါသည်ဟု Jaiswal က နိဂုံးချုပ် ပြောကြားသည်ကို (၁၅-၃-၂၀၂၆) ရက်နေ့ထုတ် Freshplaza သတင်း ဆောင်းပါးအရ သိရှိရပါသည်။






