၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြန်မာ့ရော်ဘာတင်ပို့မှုသည် အမေရိကန်ဒေါ်လာသန်း ၄၀၀ ဝန်းကျင်ရှိလာ

  • Thu, 26 March 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြန်မာ့ရော်ဘာတင်ပို့မှုသည်  အမေရိကန်ဒေါ်လာသန်း ၄၀၀ ဝန်းကျင်ရှိလာ


မြန်မာနိုင်ငံသည် လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရော်ဘာတင်ပို့မှုတန်ချိန် ၂၈၀,၀၀၀ ရှိပြီး အမေရိကန်ဒေါ်လာသန်း ၄၀၀ ဝန်းကျင်ရှိကြောင်းသိရပါသည်။ ယခု ဘဏ္ဍာ နှစ်တွင် တန်ချိန် ပေါင်း ၃၀၀,၀၀၀ အထိ တင်ပို့ရန်မျှော်မှန်းထားကြောင်း မြန်မာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါသည်။

မြန်မာနိုင်ငံသည် ရော်ဘာတင်ပို့မှုတန်ချိန် ၂၈၀,၀၀၀ မှ အမေရိကန်ဒေါ်လာသန်း ၄၀၀ ဝန်းကျင်ရရှိခဲ့ကြောင်း၊ ရော်ဘာရိတ်သိမ်းရာသီသည် အောက်တိုဘာလမှ ဇန်နဝါရီလ အထိ ဖြစ်ကြောင်း၊ ရော်ဘာထွက်ရှိမှုကို ရာသီဥတုအခြေအနေက လွှမ်းမိုးထားကြောင်း၊ ယခင်နှစ် အောက်တိုဘာမှ နိုဝင်ဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုသည် ရော်ဘာထုတ်လုပ်မှု အပေါ် သက်ရောက်မှုရှိခဲ့ပြီး အစေးခြစ်ရာသီနောက်ကျခဲ့ကြောင်း MRPPA မှ သိရပါသည်။

နိုင်ငံတကာဈေးကွက်တွင် ရော်ဘာတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂,၁၅၀ ရှိပြီး မြန်မာ့ရော်ဘာသည် အရည်အသွေးနိမ့်သောကြောင့် အမေရိကန်ဒေါ်လာ ၁,၇၀၀ - ၁,၉၀၀ ကြားရှိကြောင်း သိရသည်။

ရော်ဘာကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးကြပြီး အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်လည်း စိုက်ပျိုးကြ ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာ့ရော်ဘာကို အဓိကဝယ်ယူသူဖြစ်ပြီး စင်္ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံ တို့မှလည်း ဝယ်ယူကြောင်း (၂၀-၃-၂၀၂၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar website မှ သတင်းအရသိရှိရပါသည်။


Source https://www.gnlm.com.mm/myanmar-rubber-exports-near-us400m-in-2025-26-fy/


တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၆ ခုနှစ်၊ မတ်လ (၂၄) ရက်

စစ်ဆေးသူ ဒေါ်တင်မာဖြိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ခင်စိုးအေး၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ