အိန္ဒိယနိုင်ငံရှိ ကြက်သွန်နီဈေးနှုန်းများ ထုတ်လုပ်မှုကုန်ကျစရိတ်ကျဆင်း
- Thu, 26 March 2026
မတ်လနှင့်ဧပြီလကြား ရိတ်သိမ်းထားသည့် လတ်ဆတ်သော နွေကြက်သွန်နီများ ရောက်ရှိလာမှုသည် မဟာရဌရှိ Lasalgaon နှင့် အခြားစိုက်ပျိုးရေးထွက်ကုန်ဈေးကွက်
ကော်မတီများ (APMCs) တွင် စတင်ဝင်ရောက်လာခဲ့သည်။
နွေကြက်သွန်နီများနှင့် မိုးကြက်သွန်နီ၊ မိုးကြက်သွန်နီ နှောင်းပိုင်း သီးနှံများနှင့် ကွာခြားချက်မှာ ၎င်းတို့၏ သိုလှောင်မှုသက်တမ်းသည် ခြောက်လကျော် ပိုရှည်ပြီး အောက်တို ဘာလလယ်တွင် နောက်တစ်ကြိမ် မိုးကြက်သွန်နီ ရိတ်သိမ်းချိန်အထိ ရောင်းလိုအားကို တိုးချဲ့နိုင်စေပါသည်။
နွေရာသီကြက်သွန်နီဈေးနှုန်းများသည် လက်ရှိ၌ quintal လျှင် ၁,၃၂၀ ရူပီး (အမေရိကန်ဒေါ်လာ ၁၅.၉) ခန့်ရှိပြီး၊ မိုးကြက်သွန်နီ၏ ပျမ်းမျှလက်ကားဈေးနှုန်းမှာ ပြီးခဲ့ သည့်လက quintal လျှင် ရူပီး ၁၅၀၀ (အမေရိကန်ဒေါ်လာ ၁၈.၁) ရှိခဲ့ရာမှ ယခုအခါ quintal လျှင် ရူပီး ၉၀၀ (အမေရိကန်ဒေါ်လာ ၁၀.၈) အထိ ကျဆင်းသွားခဲ့သည်။
လက်ရှိဈေးနှုန်းများသည် ထုတ်လုပ်မှုကုန်ကျစရိတ်ထက် နိမ့်ကျနေကြောင်း တောင်သူ များက တင်ပြကြသည်။
ကြက်သွန်နီထုတ်လုပ်မှုကုန်ကျစရိတ်က quintal ကို ၁,၈၀၀ ရူပီးလောက် ရှိပြီး အဆိုပါဈေးနှုန်းအောက် ကျရောက်ပါက တောင်သူများအနေဖြင့် ကြီးမားသည့် ဆုံးရှုံးမှု
များကို ကြုံတွေ့ရနိုင်သည်။
“လက်ရှိမှာ နွေကြက်သွန်နီများ ရောက်လာသည်နှင့်နှိုင်းယှဉ်ပါကဈေးကွက်ကို အစောပိုင်း ရောက်လာသည့် မိုးကြက်သွန်နီက များနေပါတယ်" ဟု မဟာရဌပြည်နယ် ကြက်သွန်နီစိုက်ပျိုးသူများအသင်း ဥက္ကဋ္ဌ Bharat Dighole က ပြောကြားခဲ့သည်။
ဆောင်းရာသီနှောင်းပိုင်း ကြက်သွန်နီများ၏ လက်ကားဈေးနှုန်းများသည် ပြီးခဲ့သည့် လအတွင်း ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း သူက ထပ်လောင်း ပြောကြား ခဲ့သည်။
လယ်သမားများသည် ထုတ်လုပ်မှုကုန်ကျစရိတ်ထက် နိမ့်ကျသည့် ထုတ်ကုန်များကို ရောင်းချနေကြပြီး အရှုံးများစွာ ကြုံတွေ့နေရသည်။
ထို့ကြောင့် ပြီးခဲ့သည့်ခြောက်လအတွင်း ထုတ်လုပ်မှုကုန်ကျစရိတ်ထက် နိမ့်ကျသည့် သီးနှံများကို ရောင်းချခဲ့ကြသည့် လယ်သမားများကို တစ်ကွင်တယ်လျှင် ရူပီး ၁,၅၀၀ ထောက်ပံ့ကြေး ပေးအပ်ဖို့ ပြည်နယ်အစိုးရကို ကျွန်တော်တို့ တောင်းဆိုထားသည်။
တောင်သူများသည် နွေကြက်သွန်နီများကို ၎င်းတို့၏ သိုလှောင်မှု အလားအလာ ကြောင့် သိမ်းဆည်းထားပြီး ငွေသားလိုအပ်ချက်နှင့် ဈေးကွက်အခြေအနေများအပေါ် အခြေခံ ၍ ပမာဏများအလိုက်ကို ဖြန့်ဖြူးလေ့ရှိသည်။
ဆန့်ကျင်ဘက်အနေဖြင့် မိုးရာသီနှင့် မိုးရာသီနှောင်းပိုင်းကြက်သွန်နီများသည် ၂၅ ရက်ထက်နည်းသော သက်တမ်းရှိသောကြောင့် လက်ရှိဈေးနှုန်းများဖြင့် ချက်ချင်းရောင်းချရန် လိုအပ်သည်။
ဈေးကွက်ရောက်ရှိလာမှုသည် ရောင်းလိုအားပြောင်းလဲမှုတွင် ဤကွာခြားချက်ကို ထင် ဟပ်စေသည်။
ဗုဒ္ဓဟူးနေ့တွင် Lasalgaon APMC တွင် မိုးရာသီနှောင်းပိုင်း ကြက်သွန်နီ ၁၄,၄၉၈ quintal ကို လေလံတင်ခဲ့ပြီး နှိုင်းယှဉ်ကြည့်ပါက နွေရာသီကြက်သွန်နီ ၂,၆၃၄ quintal ရရှိခဲ့သည်။
နွေရာသီကြက်သွန်နီများ ဈေးကွက်သို့ တဖြည်းဖြည်း ဝင်ရောက်လာသည်နှင့်အမျှ မိုးရာသီနှောင်းပိုင်း ကြက်သွန်နီများ ရရှိနိုင်မှုမြင့်မားလာခြင်းက ဈေးနှုန်းအဆင့်ကို ဆက် လက်လွှမ်းမိုးနေကြောင်းကို (၂၀.၃.၂၀၂၆) ရက်နေ့က ဖတ်ရှုခဲ့ရသည့် www.Freshplaza .com သတင်းကွန်ယက်၏ ဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။
Source https://www.freshplaza.com/asia/article/9821553/indian-onion-prices-fall-below-production-cost/
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ ခုနှစ်၊ မတ်လ(၂၄) ရက်
စစ်ဆေးသူ ဒေါ်တင်မာဖြိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ခင်စိုးအေး၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန







