Kyrgyzstan ဈေးကွက်အတွင်း တရုတ် အာလူးများ ဈေးနှုန်းချိုသာစွာ ဝင်ရောက်လာ
- Thu, 26 March 2026
Kyrgyzstan နိုင်ငံတွင် တရုတ်နိုင်ငံမှ တင်သွင်းလာသော အာလူးများသည် စျေးကွက်အတွင်း ရောက်ရှိနေပြီး ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများအဖြစ် ပွင့်လင်းမြင်သာစွာ ရောင်းချ လျက်ရှိကြောင်းကို စိုက်ပျိုးရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါသည်။ ဆောင်ရွက်ခဲ့ သည့် စောင့်ကြည့်စစ်ဆေးမှုများအရ Bishkek နှင့် Osh မြို့ များတွင်လည်း တရုတ် အာလူး များကို ပြည်တွင်းထွက်ကုန်များအဖြစ် ရောင်းချခြင်းမရှိကြောင်း အတည်ပြုထားပါသည်။
လက်ရှိတွင် ပြည်ပမှတင်သွင်းသော အာလူးများ၏ လက်လီဈေးနှုန်းသည် ပြည်တွင်း ထွက် အာလူးများထက် တစ်ကီလိုဂရမ်လျှင် ပျမ်းမျှ ( ၄ )som ဝန်းကျင်ခန့် သက်သာလျက် ရှိပါသည်။ တရုတ်နိုင်ငံမှ တင်သွင်းသော အာလူးများကို တစ်ကီလိုဂရမ်လျှင် (၃၈) မှ (၄၀) som ကြားနှင့် (ယူရို ၀.၄၀ မှ ၀.၄၂ ကြား) ဖြင့် လက်လီရောင်းချလျက်ရှိပြီး ပြည်တွင်း၌ စိုက်ပျိုးထားသော အာလူးများကိုမူ တစ်ကီလိုဂရမ်လျှင် som (၄၂ ) မှ (၄၄) ကြားနှင့် (ယူရို ၀.၄၄ မှ ၀.၄၆ ကြား) ဖြင့် လက်လီ ရောင်းချပြီး ပြည်တွင်းအာလူးများ၏ လက်ကားဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ဆ (၃၅) မှ (၄၀) som ကြားနှင့်(ယူရို ၀.၃၇ မှ ၀.၄၂ ကြား) အထိရှိပါသည်။
တရုတ်နိုင်ငံမှ အာလူးများ တင်သွင်းမှုကို ကန့်သတ်ရန် အကြောင်းမရှိဟု အာဏာပိုင် များက ဖော်ပြပြီးနိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း တာဝန်များနှင့် လိုက် လျောညီထွေ ဖြစ်စေရန် လိုအပ်သည့်အပြင် ပြည်တွင်းမှ ထုတ်လုပ်သူများမှာလည်း အဆိုပါ စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။
တောင်သူများအနေဖြင့် သိုလှောင်ထားသော အာလူးများကို အမြန်ဆုံးရောင်းချရန် အကြံပြုထားသည့်အပြင် စျေးကွက်အတွင်း ပါဝင်ပတ်သက်နေသူများ၏ သုံးသပ်ချက်အရ ထုတ်လုပ်သူ အချို့မှာဈေးနှုန်းပိုမို မြင့်တက်လာမည်ကို မျှော်မှန်း၍ သိုလှောင်ထားခြင်း ဖြစ်ပါသည်။ ထိုသို့ ကာလရှည် ကြာမြင့်စွာ သိုလှောင်ထားခြင်းသည် အာလူးများအား ပုပ်သိုး ပျက်စီးနိုင်ပြီး ငွေကြေး ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေး ထားပြီး လာမည့်ရက်ပိုင်း အတွင်း Aravan ခရိုင်မှ အစောပိုင်းအာလူးများ စျေးကွက်အတွင်းသို့ ဝင်ရောက်လာသည့် အချိန်တွင် အာလူး ဈေးနှုန်းများ ဆက်လက်မြင့်တက်မှုကို ကန့်သတ်နိုင်ဖွယ်ရှိသည်ဖြစ်ကြောင်းကို (၁၉-၃-၂၀၂၆) ရက်နေ့ ထုတ်ပြန်သည့် Fleesh Plaza သတင်းဆောင်းပါးမှ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9821483/chinese-potatoes-enter-market-at-lower-prices-in-kyrgyzstan/
တင်ပြသူ ဦးအောင်နိုင်ဦး၊လက်ထောက်ဦးစီးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ ခုနှစ်၊ မတ်လ (၂၄) ရက်
စစ်ဆေးသူ ဒေါ်တင်မာဖြိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ခင်စိုးအေး၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန







