အိန္ဒိယသည် ပဲမျိုးစုံတင်သွင်းခွင့် မူဝါဒကို ၂၀၂၇ မတ်လအထိ သက်တမ်းတိုးခဲ့
- Tue, 7 April 2026
မြန်မာနိုင်ငံသည် နှစ်စဉ် မတ်ပဲတန် ၄၀၀,၀၀၀ ခန့်နှင့် ပဲစင်းငုံ တန် ၅၀,၀၀၀ ကို ထုတ်လုပ်လျှက်ရှိပါသည်။
အိန္ဒိယအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှု ညွှန်ကြားရေးမှူးရုံးက မတ်လ ၃၁ ရက်နေ့တွင် ကြေညာသည်မှာ မတ်ပဲနှင့် ပဲစင်းငုံတိုကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုသည့် မူဝါဒကို ၂၀၂၇ ခုနှစ် မတ်လအထိ တိုးမြှင့်လိုက်ပါသည်။
ကုန်သည်များက ဤမူဝါဒသည် အိန္ဒိယနိုင်ငံ၏ ကြီးထွားလာနေသော လိုအပ်ချက်ကို ဖြည့်ဆည်းရန်ဖြစ်ကြောင်း အလေးပေးပြောကြားပြီး အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ မတ်ပဲ နှင့် ပဲစင်းငုံကို အဓိကဝယ်ယူသည့် နိုင်ငံဖြစ်သည့်အတွက် မတ်ပဲနှင့်ပဲစင်းငုံ စျေးနှုန်းများသည် အိန္ဒိယ၏ ဝယ်လိုအားနှင့် နီးကပ်စွာ ဆက်စပ်လျက်ရှိပါသည်။
၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား လက်မှတ် ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ငါးနှစ်ဆက်တိုက် မတ်ပဲ တန် ၂၅၀,၀၀၀ နှင့် ပဲစင်းငုံ တန် ၁၀၀,၀၀၀ တို့ကို မြန်မာနိုင်ငံမှ တင်သွင်းသွားမည်ကို အစိုးရချင်း သဘောတူညီချက်ရှိပြီး အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံ နှစ်စဉ်ခွဲတမ်းကို ထိခိုက်ခြင်းမရှိသည့်အပြင် မြန်မာနိုင်ငံမှ တင်ပို့သူများသည်လည်း နှစ်စဉ်ခွဲတမ်းအောက်တွင် အိန္ဒိယနိုင်ငံသို့ ပဲများ ပေးပို့တင်သွင်းခွင့်ရပါသည်။
ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် South Asia Agri Forum 2026 (စတုတ္ထအကြိမ် တောင်အာရှစိုက်ပျိုးရေးဖိုရမ်)တွင် စားသုံးသူရေးရာဦးစီးဌာနမှ အတွင်းဝန်က ပြောကြားရာ တွင် မြန်မာနိုင်ငံသည် မတ်ပဲနှင့်ပဲစင်းငုံ အပါအဝင် ပဲမျိုးစုံများကို တသမတ်တည်း အချိန်မှန် ရရှိနိုင်သည့် အရင်းအမြစ် တစ်ခုဖြစ်ပြီး အလွန် ယုံကြည် အားထားရသည့် နိုင်ငံဖြစ် ကြောင်းနှင့် ငါးနှစ်တာ မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံ ပဲမျိုးစုံကုန်သွယ်မှု သဘောတူညီချက်သည် နှစ်နိုင်ငံလုံးအတွက် အပြန် အလှန်အကျိုးကျေးဇူးများ ရရှိစေခဲ့ပြီး ခိုင်မာသည့် ကုန်သွယ်မှု မိတ်ဖက်ဆက်ဆံရေးကို ဖော်ဆောင်ပေးခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်းကို Global New Light Of Myanmar သတင်းမှသိရှိရပါသည်။
Source https://www.gnlm.com.mm/india-extends-free-import-policy-for-pulses-to-march-2027/#article-title
တင်ပြသူ ဦးအောင်နိုင်ဦး၊ လက်ထောက်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၈) ရက်
တည်းဖြတ်သူ ဒေါ်တင်မာဖြိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌန
အတည်ပြုသူ ဒေါ်ခင်စိုးအေး၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန









