ဘီလာရုစ်နိုင်ငံသည် မြန်မာ့သရက်သီးနှင့် ထွက်ကုန်များကို တင်သွင်းရန် စိတ်ဝင်စား
- Tue, 7 April 2026
မြန်မာနိုင်ငံ သရက်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးရေးအသင်း၏ အဆိုအရ ဘီလာရုစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာ့သရက်ထွက်ကုန်များကို ဝယ်ယူရန် ကမ်းလှမ်းချက်များ ပြုလုပ်ထားသည်ဟု သိရသည်။
ဘီလာရုစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် ထုတ်လုပ်သော စိန်တလုံး၊ မချစ်စု၊ ရွှေဟင်္သာနှင့် ပတ္တမြားငမောက် စသည့်သရက်မျိုးကောင်းများ အပါအဝင် သရက်သီးအမျိုးမျိုးကို ဝယ်ယူရန် အဆိုပြုထားသည်။
ဘီလာရုစ်နိုင်ငံသည် သရက်သီးလတ်လတ်ဆတ်ဆတ်ကိုသာ စိတ်ဝင်စားသည် မဟုတ် ဘဲ သရက်ခြောက်နှင့် သရက်ဖျော်ရည်ပျစ်ကိုလည်း စိတ်ဝင်စားကြောင်း ဖော်ပြထားပါသည်။ ၎င်းတို့၏ နိုင်ငံတော်အဆင့် လမ်းညွှန်ချက်များနှင့်အညီ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ မျှဝေ ပေးရန် ကျွန်ုပ်တို့က တောင်းဆိုထားပါသည်။ အလားတူစွာ တရုတ်နိုင်ငံသို့ တင်ပို့ရာ တွင် GACC စံနှုန်းများနှင့် ကိုက်ညီရန် လိုအပ်ပါသည်။ ထို့ကြောင့် ဘီလာရုစ်နိုင်ငံသို့ တင်ပို့မှု အတွက် လိုအပ်သော စံနှုန်းများဆိုင်ရာ အချက်အလက်များကို ကျွန်ုပ်တို့ တောင်းဆိုထားပြီး ၎င်းစံနှုန်းများနှင့်အညီ ထုတ်လုပ်မှု အဆင့်မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့ ဘက် တွင် တင်ပို့ရန် လုံလောက်သော ကုန်ကြမ်းများ ရှိပြီးဖြစ် ပါသည်။ လိုအပ်သည်မှာ ၎င်းတို့ ဘက်မှ သက်ဆိုင်ရာ နည်းပညာများ ဖြစ်ပါသည်။ သရက်ခြောက်အတွက် အခြောက်ခံစက် များသုံး၍ စက်ဖြင့် အခြောက်ခံသည့် နည်းလမ်းနှင့် ရိုးရာနေပူလှန်း အခြောက်ခံသည့် နည်း လမ်းဟူ၍ ရှိပါသည်။
သရက်ဖျော်ရည်ပျစ်အတွက်လည်း တာရှည်ခံပစ္စည်းများ သုံးစွဲခြင်း ရှိ/မရှိပေါ်မူတည်၍ ကွဲပြားမှုများရှိပါသည်။ လက်ရှိတွင် ကျွန်ုပ်တို့အနေဖြင့် ၎င်းတို့၏ လမ်းညွှန်ချက်များနှင့် နည်း ပညာဆိုင်ရာ သတ်မှတ်ချက်များကို စောင့်ဆိုင်းနေသည်ဖြစ်ကြောင်းအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါသည်။
ယခင်နှစ်သရက်သီးတင်ပို့ရာသီအတွင်း စိန်တလုံး၊ မချစ်စု၊ ရွှေဟင်္သာနှင့် ပတ္တမြား ငမောက် သရက်မျိုးများမှ သရက်ဖျော်ရည်ကိုလည်း ပြုပြင်ထုတ်လုပ်၊ စည်သွတ်ပြီး အေးခဲ ကာ တရုတ်၊ ရုရှားနှင့် စင်ကာပူအပါအဝင် နိုင်ငံအများအပြားသို့ စမ်းသပ်တင်ပို့ခဲ့ရာ ထိုနိုင်ငံ များတွင် ဈေး ကောင်း ရရှိခဲ့သည်ဖြစ်ကြောင်းကို (၁-၄-၂၀၂၆) ရက်နေ့ထုတ် Global New Light of Myanmar သတင်းဆောင်းပါးအရသိရှိရပါသည်။
Source https://www.gnlm.com.mm/belarus-keen-on-importing-myanmar-mangoes-and-products/#article-title
တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၈) ရက်
စစ်ဆေးသူ ဒေါ်တင်မာဖြိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ခင်စိုးအေး၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


-80x80.jpg)






