ရာသီဥတုနှင့်စစ်ပွဲစိန်ခေါ်မှုများကြောင့် အိန္ဒိယကြက်သွန်နီတင်ပို့မှုများ နှစ်ဆကျဆင်းလျက်ရှိ

  • Thu, 23 April 2026

ရာသီဥတုနှင့်စစ်ပွဲစိန်ခေါ်မှုများကြောင့် အိန္ဒိယကြက်သွန်နီတင်ပို့မှုများ နှစ်ဆကျဆင်းလျက်ရှိ


မတ်လတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကြက်သွန်နီ အရည်အသွေးများ ကျဆင်းခြင်း၊ စစ်ပွဲကြောင့် ပင်လယ်ကွေ့ဒေသသို့ တင်ပို့သည့် ကုန်စည်ပို့ဆောင်ခများ (၅) ဆ မြင့်တက်လာခြင်းကြောင့် အိန္ဒိယ၏ ကြက်သွန်နီတင်ပို့မှုမှာ အခက်အခဲများနှင့် ကြုံတွေ့ နေရသောကြောင့် စိုက်ပျိုးထုတ်လုပ်မှုများ ရပ်တန့်နေပြီး အစိုးရ၏ ကြားဝင်စေ့စပ်ပေးမှုများသည် မကြာမီအတွင်း တည်ငြိမ်လာနိုင်ကြောင်း နာရှစ်မြို့ရှိ Matoshree Fresh Foods ၏ ပူးတွဲတည် ထောင်သူ Kiran Gandurde က ပြောကြားခဲ့ပါသည်။ ရာသီဥတုကြောင့် ကြက်သွန်နီ အရည်အသွေး များအပေါ် ထိခိုက်မှုရှိနိုင်သောကြောင့် ကြက်သွန်နီတင်ပို့ရာတွင် အခက်အခဲ အနည်းငယ်ရှိနိုင် သည့်အတွက် တင်သွင်းသူများအနေဖြင့် စိတ်အနှောင့်အယှက်မဖြစ်စေရန် အဆင့်သတ်မှတ်ချက် များကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပါသည်။

မေလတွင် ရိတ်သိမ်းမည့် ပန်းရောင် Garwa ကြက်သွန်နီမျိုးများသည် ပြီးခဲ့သည့်လတွင် မိုးသည်းထန်စွာ ရွာသွန်းမှုဒဏ်ကြောင့် အဆိုးရွားဆုံး ခံခဲ့ရပါသည်။ နာရှစ်မြို့မှ ကြက်သွန်နီ အထွက်နှုန်းသည် ပြီးခဲ့သည့်နှစ်ထက် ၂-၅ % ကျဆင်းခဲ့သော်လည်း Solapur နှင့် Pune တို့မှ ပြန်လည်ဖြည့်ဆည်းပေးခဲ့သည့်အတွက် စုစုပေါင်းအထွက်နှုန်းမှာ ညီမျှစေခဲ့ပါသည်။ လက်ရှိတွင် ပြည်တွင်းဈေးကွက်၌ အရည်အသွေးနိမ့်သော ကြက်သွန်နီများနှင့် ပြည့်နှက်နေပြီး တောင်သူများ နှင့် ကုန်သည်များအနေဖြင့် အရည်အသွေးကောင်းသော ကုန်စည်များကို သိုလှောင်ထားပြီး နောင် တွင် ပိုမိုကောင်းမွန်သော ဈေးနှုန်းများ ရရှိလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း Kiran က ပြော ကြားခဲ့ပါသည်။

ဈေးကွက်သို့ ကြက်သွန်နီအဝင်များ မြင့်တက်လာပြီး ပို့ကုန်အဆင့်ရှိသော ကြက်သွန်နီ ဈေးနှုန်းများမှာ တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၀.၁၁-၀.၁၆ သာရှိပြီး ရိတ်သိမ်းချိန် အတွင်း အနိမ့်ဆုံးဈေးနှုန်းသို့ ကျဆင်းလျက်ရှိပါသည်။ ၎င်းသည် Maharashtra ပြည်နယ်မှ ကြက်သွန်နီအထွက်သည် Rajasthan နှင့် West Bengal ပြည်နယ်မှ ကြက်သွန်နီ အထွက်ထက် ကျော်လွန်သည့်အချိန်တွင် ဖြစ်တတ်သည့် ဈေးနှုန်း ကျဆင်းခြင်း၏ ပုံမှန်အခြေအနေတစ်ခု ဖြစ်ပါသည်။ ဧပြီလနှောင်းပိုင်းတွင် မိုးရွာသွန်းမှု သတိပေးချက်များကြောင့် မရိတ်သိမ်းရသေးသော ကြက်သွန်နီများ ပုပ်ပွပျက်စီးကာ ဈေးကွက်တွင် အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းအများ အပြား ဝင်ရောက်လာနိုင်ပါသည်။

အာရှဒေသများသို့ အခက်အခဲမရှိဘဲ ဆက်လက်တင်ပို့နိုင်ဆဲဖြစ်ကြောင်း Kiran က ပြောကြားခဲ့ပါသည်။ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံသို့ အပတ်စဉ် ကုန်စည်တင်ပို့မှုမှာ ပုံမှန် ဖြစ်နေသော်လည်း အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယား၊ ဘာရိန်းနှင့် ဒူဘိုင်း ကဲ့သို့သော ပင်လယ်ကွေ့ဒေသများသို့ ကုန်စည်တင်ပို့မှုမှာ အီရန်-အမေရိကန် ပဋိပက္ခကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးနေဆဲဖြစ်ပြီး Jebel Ali port သို့ ကွန်တိန်နာခနှုန်းထားများသည် အမေရိကန် ဒေါ်လာ ၂၁၅၀ မှ ၈၆၀၀-၉၇၀၀ အထိ ခုန်တက်သွားခဲ့ပါသည်။

မိုးရွာသွန်းခြင်းမရှိလျှင် လယ်ယာထွက်ကုန်ဈေးနှုန်းမျာမှာ အနည်းငယ်မျှသာ မြင့်တက်လာ နိုင်ဖွယ်ရှိပါသည်။ ပြီးခဲ့သည့်နှစ်တွင်လည်း အဆိုပါအတိုင်း တစ်ပုံစံတည်းဖြစ်ပြီး အစိုးရအေဂျင်စီ များမှ စတင်ဝင်ရောက်စွက်ဖက်ပြီးချိန်တွင် ဈေးနှုန်းများမှာ တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၀.၁၇-၀.၂၂ အထိ မြင့်တက်လာခဲ့ပါသည်။ Nashik ရှိ ကုန်သည်များအနေဖြင့် မေလလယ် လောက်တွင် အစိုးရအေဂျင်စီများမှ ဈေးနှုန်းများ ထိန်းချုပ်ရန် ဈေးကွက်ဈေးနှုန်းထက် ၅၀ % ပို ပေးပြီး ဝယ်ယူမည့်အစီအစဉ်ကို မျှော်မှန်း၍ အရည်အသွေးကောင်းမွန်သော ကြက်သွန်နီများကို သိုလှောင်ထားကြပါသည်။ အစိုးရအနေဖြင့် ထိုသို့ ဝယ်ယူခြင်းသည် တင်ပို့ရန် မဟုတ်ဘဲ ပြည်တွင်း ဈေးကွက်ကို ထိန်းညှိရန်အတွက်သာ ဖြစ်ပါသည်။ 

လက်ရှိတွင် ပို့ကုန်လုပ်ငန်းရှင်အသစ်များအနေဖြင့် ကုန်သွယ်မှုများမပြုလုပ်ကြသေးဘဲ ပုံမှန် ပို့ကုန်လုပ်ငန်းရှင်များသာ ပင်လယ်ကွေ့ဒေသပို့ကုန်တင်ပို့မှုစိန်ခေါ်မှုများနှင့် ရာသီဥတုဒဏ်များကို ရင်ဆိုင်ကျော်လွှားကာ တင်ပို့လျက်ရှိကြပါသည်။ ပုံမှန်အားဖြင့် ဧပြီလနောက်ပိုင်းတွင် အစိုးရမှဝင် ရောက်ဆောင်ရွက်ပေးပြီးနောက်တွင် ဈေးနှုန်းများ ပိုမိုခိုင်မာလာသည့်အတွက် ပို့ကုန်လုပ်ငန်းရှင် များအနေဖြင့် သက်သာရာရကြောင်း (၂၀-၄-၂၀၂၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www. freshplaza.com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။

Source https://www.freshplaza.com/asia/article/9830459/indian-onion-exports-face-double-whammy-from-weather-and-war-challenges/ 

တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်

စစ်ဆေးသူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ခင်စိုးအေး၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန 

ဆက်စပ် သတင်းများ