မလေးရှား ဒူးရင်းသီးရာသီ စောစီးစွာစတင်သော်လည်း ထုတ်လုပ်မှုမှာ အကန့်အသတ်ရှိဆဲ
- Tue, 5 May 2026
ယခုနှစ်အစောပိုင်း၌ ကာလရှည်အပူလွန်ကဲခြင်းနှင့် မိုးခေါင်ခြင်း အခြေအနေများ ဖြစ်ပွား ခဲပြီးနောက် မလေးရှားနိုင်ငံတွင် ဒူးရင်းသီးရာသီစတင်ပြီး လက်ရှိတွင် ထုတ်လုပ်မှုအစပိုင်းတွင် မလေးရှားနှင့် စင်ကာပူရှိ ဈေးကွက်များသို့ ရောက်ရှိလျက်ရှိပါသည်။
ဒေသ သတင်းများအရ ရာသီအစောပိုင်း ဒူးရင်းမျိုးကွဲများဖြစ်သော D604၊ Lipan နှင့် Musang King တို့ဖြစ်ပြီး ပီနန်ပြည်နယ် Balik Pulau မူရင်းဖြစ်သော စပ်မျိုးD604၏ မူရင်း ဒေသမှာပီနန်ပြည်နယ် Balik Pulauဖြစ်ပြီး ၁၉၈၇ ခုနှစ်တွင် စတင်တင်သွင်းခဲ့ပြီး အစောဆုံး ရင့်မှည့်သည်မျိုး တစ်မျိုးဖြစ်ကာ အလေးချိန်မှာ၂ ကီလိုဂရမ် ကျော်ရှိပါသည်။
ဒူးရင်းသီးရောင်းချသူ Ang Hock Leng က ရာသီဥတုအခြေအနေများသည် ဒူးရင်းသီး၏ သွင်ပြင်လက္ခဏာများကို လွှမ်းမိုးမှုရှိကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှု နည်းပါးခြင်းက ဒူးရင်းသီးရဲ့ အရသာကိုပိုမို ကောင်းလာစေပြီး အသားမှာ ခရင်မ်ပိုမို ဖြစ်လာစေသည်ဟု ၎င်းကထပ်လောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင်ယခုနှစ် ဒူးရင်းရာသီများသည် ပုံမှန်ထက်ပိုမို ကြာမြင့်နိုင်ကြောင်းလည်း ၎င်းကမှတ်ချက်ပြုခဲ့ပါသည်။ ရာသီစောစီးစွာ စတင် သော်လည်းဈေးကွက်အသိပညာ အကန့်အသတ်ရှိဆဲ ဖြစ်သည်ကိုသတိပြုမိကြောင်းလည်း ထောက်ပြခဲ့ပါသည်။
လက်ရှိရရှိနိုင်သော ဒူးရင်းမျိုးကွဲများမှာ D604၊ Lipan၊ Lipan Bara၊ Yellow Ginger၊ Capri၊ D600 နှင့် Musang King တို့ ဖြစ်ပြီး အခြားမျိုးကွဲများဖြစ်သည့် Red Prawn နှင့် Hor Lor တို့လည်း နှစ်ပတ်၊ သုံးပတ်အတွင်း ဈေးကွက်သို့ ဝင်ရောက်လာရန် မျှော်လင့်ရပါသည်။
D604 မျိုးကွဲဒူးရင်းသီးအား တစ်ကီလိုဂရမ်လျှင် မလေးရှားရင်းဂစ် ၂၅ ခန့်ဖြင့်ဈေးနှုန်း သတ်မှတ်ထားပြီး အမေရိကန်ဒေါ်လာအားဖြင့် တစ်ကီလိုဂရမ်လျှင် ၅.၃ ဒေါ်လာခန့်နှင့်ညီမျှပြီး Musang King မျိုးကွဲမှာ တစ်ကီလိုဂရမ်လျှင် မလေးရှားရင်းဂစ် ၃၈ မှ ၅၈ ကြားဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၈.၀ မှ ၁၂.၂ ဒေါ်လာခန့်နှင့်ညီမျှ ပါသည်။
စင်ကာပူနိုင်ငံတွင်၊ Chinatownရှိ 99 Old Trees Durian၊ ရှန်ရွှန်ရှိ Fruit Monkey Durian နှင့်ဘာလက်စတီယာရှိ Combat Durian အပါအဝင် လက်လီဆိုင်များတွင် ဒူးရင်းသီး ရရှိနိုင်မှုမှာ အကန့်အသတ်ရှိဆဲဖြစ်ပါသည်။ မေလအစောပိုင်း ရာသီကုန်ချိန်တွင် ထုတ်လုပ်မှုသို အပြည့်အဝ ရောက်ရှိ ရန်မျှော်လင့်ထားပြီး ထုတ်လုပ်မှု ပမာဏများလည်း တိုးလာနိုင်ပါကြောင်းကို ၂၃ - ၄ - ၂၀၂၆ရက် နေ့ Flesh Plaza သတင်းမှ ဖေါ်ပြချက်အရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9831933/malaysian-durian-season-starts-early-supply-still-limited/
တင်ပြသူ ဦးအောင်နိုင်ဦး၊ လက်ထောက်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ခုနှစ်၊ ဧပြီလ၊ ၂၈ရက်
စစ်ဆေးသူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါက်တာမျိုးမျိုးကြည်၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန





-80x80.jpg)



-80x80.jpg)
