ကာဇက်စတန် နိုင်ငံတွင် အာလူးပြုပြင်ထုတ်လုပ်ရေးစီမံကိန်းအတွက် တရုတ် နိုင်ငံက ရင်းနှီးမြှုပ်နှံမည်

  • Mon, 11 May 2026

ကာဇက်စတန် နိုင်ငံတွင် အာလူးပြုပြင်ထုတ်လုပ်ရေးစီမံကိန်းအတွက် တရုတ် နိုင်ငံက ရင်းနှီးမြှုပ်နှံမည်


      ကာဇက်စတန် နိုင်ငံ၊ Pavlodar ဒေသတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့စည်းနှင့် Snow Valley Agricultural Group Co. Ltd. ကုမ္ပဏီတို့အကြား တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် အာလူးပြုပြင် ထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခု အကောင်အထည်ဖော်ဆောင်ရန်အတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်းကို freshplaza.com မှ စိုက်ပျိုးရေးဆိုင်ရာ သတင်းအရသိရှိ ရပါသည်။

ဤစီမံကိန်းတွင် တစ်နှစ်လျှင်အာလူး တန်ချိန် ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ ထိအသုံးပြုနိုင်သည့် ခေတ်မီအာလူးမျာကို တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရေး အဆောက်အအုံကြီးတစ်ခု ဆောက်လုပ် ခြင်းပါဝင်ပါသည်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ မှ ၂၀၀ ခန့်ကုန်ကျ နိုင်ပါသည်။ဤအစီအစဉ်တွင် အာလူးစိုက်ပျိုးခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်းအတွက် မျိုးမွေးမြူရေး သုတေသန စင်တာတစ်ခု တည်ထောင်ခြင်းလည်း ပါဝင်ပါသည်။ သီးနှံအလှည့်ကျစနစ် စိုက်ပျိုးခြင်း မှရရှိလာသော ထွက်ကုန်များနှင့် အာလူးကြော် (French fries) ပြုပြင်ထုတ်လုပ်ရေး  အထောက်ပံ့ ပစ္စည်းများ တည်ဆောက်မည် ဖြစ်ပါသည်။ သိုလှောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဖြူး ရေးအခြေခံ အဆောက်အအုံများလည်း စီမံကိန်း၏ လုပ်ငန်းနယ်ပယ်တွင် ပါဝင်ပါသည်။ 

ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၏ ပြောကြားချက်အရ ဤစီမံကိန်းသည် ဒေသအတွင်း ပြီးပြည့်စုံသော ထုတ်လုပ်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်တစ်ခု ဖွဲ့စည်းနိုင်ရန် အထောက်အကူ ပြုပြီး ကုန်ထုတ်လုပ်နိုင်စွမ်း ပြတ်လပ်မှုကို လျှော့ချပေးပါမည်။ ထို့ပြင် မျိုးမွေးမြူရေး ထုတ်လုပ်ခြင်း၊ စိုက်ပျိုးခြင်း၊ ပြုပြင်ခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုများတွင် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

Snow Valley Agricultural Group Co. Ltd. သည် အာရှတိုက်ရှိ အကြီးဆုံး စိုက်ပျိုးရေးစက်မှုလက်မှုလုပ်ငန်းစုများထဲမှ တစ်ခုဖြစ်ပြီး အာလူးမျိုးမွေးမြူရေး ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုး ခြင်းမှသည် အကြီးစားပြုပြင်ခြင်းအထိ အဆင့်ဆင့်ထုတ်လုပ်မှုကွင်းဆက်တိုင်းကို အထူးပြု လုပ်ဆောင်ပေးပါသည်။ အဆိုပါကုမ္ပဏီသည် နှစ်စဉ် ကုန်ကြမ်းတန်ချိန် ၈၀၀,၀၀၀ ကျော်ကိုအသုံးပြု ထုတ်လုပ်ပြီး၊ ၎င်းကုမ္ပဏီတွင် အအေးခံထားသော ထုတ်ကုန်တန်ချိန် ၄၀၀,၀၀၀ ကျော် ပါဝင်ပြီး တန်ချိန် ၇၀၀,၀၀၀ အထိသိုလှောင်နိုင်ပါသည်။

အဆိုပါကုမ္ပဏီသည် အာလူးမျိုးကွဲပေါင်း ၈၀ ကျော်ကို တီထွင်ထုတ်လုပ်ထားပြီး၊ အချို့မှာ စီးပွားဖြစ် မှတ်ပုံတင်ကာ တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါသည်။ ၎င်း၏ ထုတ်လုပ်မှုတွင် အလျင် အမြန် အေးခဲခြင်းနည်းပညာကို အသုံးပြုထားသော အအေးခံပြုပြင်ထားသည့် French fries (ဖရန့်ချ်ဖရိုင်) အာလူးကြော်များပါဝင်သည်။ အဆိုပါကုမ္ပဏီသည် နိုင်ငံပေါင်း ၄၀ ကျော်သို့တင်ပို့မှု များပြုလုပ်နေသည်ဟု ၅-၅-၂၀၂၆နေ့ https://www.freshplaza.com/asia/article/9835031/ china- to-invest-in-potato-processing-project-in-kazakhstan/ သတင်းအရ သိရှိရပါသည်။

Source https://www.freshplaza.com/asia/article/9835031/china-to-invest-in-potato-processing-project-in-kazakhstan/

တင်ပြသူ ဦးအောင်နိုင်ဦး၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၆ခုနှစ်၊ မေလ၊ ၁၀ရက်

စစ်ဆေးသူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန 

တည်းဖြတ်သူ ဒေါက်တာမျိုးမျိုးကြည်၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန 

ဆက်စပ် သတင်းများ