ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဖန်လုံအိမ်နည်းပညာဖြင့် စိုက်ပျိုးထုတ်လုပ်သည့် ထုတ်ကုန်များကို တင်ပို့ရာတွင် အရည်အသွေးထိန်းချုပ်မှုများ ပြုလုပ်ရန် တိုက်တွန်း
- Tue, 12 May 2026
ဖန်လုံအိမ်နည်းပညာဖြင့် စိုက်ပျိုးထုတ်လုပ်ထားသည့် ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံနှင့် ပန်းမာန်များကို ပြည်ပသို့ မတင်ပို့မီ အရည်အသွေးများကို သေချာအောင် ပြုလုပ်ရန် လူမှုဖူလုံရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဝန်ကြီး AZM Zahid Hossain က ပြောကြားခဲ့ပါသည်။
Dinajpur မြို့ရှိ ဖန်လုံအိမ်အဆောက်အဦတွင် ပြုလုပ်သည့် သီးနှံအရည်အသွေး ထိန်းသိမ်းခြင်းဆိုင်ရာသင်တန်းတွင် အဓိကဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည့် AZM Zahid Hossain မှာ အဆိုပါမှတ်ချက်ကို ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။ အဆိုပါအစီအစဉ်ကို စိုက်ပျိုးရေးဆိုင်ရာစီမံခန့်ခွဲမှုကို အထောက်အကူပြုစေရန် ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဖန်လုံအိမ်ဆောက်လုပ်ရေးစီမံကိန်းအောက်မှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပါ သည်။
ဘင်္ဂလားဒေ့ရှ်စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းမှ စိုက်ပျိုးရေး ကဏ္ဍနှင့် တောင်သူလယ်သမားများကို ထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း ဝန်ကြီးကပြောကြား ခဲ့ပါသည်။
ဖန်လုံအိမ်နည်းပညာဖြင့် စိုက်ပျိုးထုတ်လုပ်ထားသည့် ဘေးကင်းလုံခြုံစိတ်ချရသော ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနှင့် ပန်းမာန်များကို တင်ပို့ခြင်းသည် ဂုဏ်ယူစရာ ကိစ္စရပ်တစ်ခုဖြစ်ပါသည်။ သို့သော်လည်း အဆိုပါထုတ်ကုန်များ၏ အရည်အသွေးမှာ သေချာမှု ရှိစေရမည်ဖြစ်ကြောင်းနှင့် တောင်သူလယ်သမားများအနေဖြင့် အရည်အသွေး ထိန်းသိမ်းမှုကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ ပါသည်။
အဆိုပါသင်တန်းသည် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအားများကို အထောက်အကူဖြစ်စေ ပြီး ဈေးကွက်ရှာဖွေရေးနည်းစနစ်များဆိုင်ရာ အသိပညာဗဟုသုတများကို တိုးတက်စေလာ နိုင်ကြောင်း လည်းပြောကြားခဲ့ပါသည်။
နိုင်ငံ၏ ဒေသအသီးသီးတွင် ရေချွေတာသည့် ရေသွင်းစိုက်ပျိုးနည်းစနစ်များနှင့် ဖန်လုံအိမ် အဆောက်အအုံများကို အသုံးပြု၍ အပူချိန်နှင့် ပတ်ဝန်းကျင်အခြေအနေများကိုထိန်းချုပ် ထားသည့် အခြေအနေအောက်တွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမာန်များကို စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း စီမံကိန်းဒါရိုက်တာ Md Mahbub Alam က ပြောကြားခဲ့ပါသည်။
အစက်ချရေသွင်းနည်းစနစ်နှင့် ရေစက်ရေမှုန်ဖျန်း ရေသွင်းနည်းစနစ်များကို အသုံးပြု၍ ထုတ်လုပ်ထားသော ပိုးမွှားကင်းစင်သည့် ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံနှင့် ပန်းမာန် များကို ပြည်တွင်းဈေးကွက်များနှင့် မြို့တော်ရှိ စူပါမားကတ်များတွင် ရောင်းချလျက်ရှိပါ ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။ လတ်တလောတွင် ဖန်လုံအိမ်နည်းပညာဖြင့် စိုက်ပျိုးထားသည့် ငရုတ်ပွနှင့် gerbera ပန်းပွင့်များကိုလည်း အရှေ့အလယ်ပိုင်းသို့ တင်ပို့ လျက်ရှိပါသည်။
အဆိုပါသင်တန်းသို့ တောင်သူလယ်သမားများ၊ စွန့်ဦးတီထွင်သူများနှင့် ဒေသခံသင်တန်း သားများနှင့်အတူ ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေး ရှင်းမှအရာရှိများ နှင့်ဆည်မြောင်းဆိုင်ရာအင်ဂျင်နီယာချုပ်၊ Dinajpur အမှုဆောင် အင်ဂျင်နီယာတို့ ပါဝင်တက်ရောက်
ခဲ့ကြပါကြောင်း ၇-၅-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www. freshplaza.com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9834591/bangladesh-urges-quality-control-in-polyshed-produce-exports/
တင်ပြသူ ဒေါ်နွေးနွေးအောင်၊ဒု-ဦးစီးမှူး စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်
စစ်ဆေးသူ ဒေါ်စန္ဒီဝင်း၊ဦးစီးအရာရှိ၊စိုက်ပျိုးရေးဦးစီးဌာန
ကြီးကြပ်သူ ဒေါက်တာမျိုးမျိုးကြည်၊ဒုတိယညွှန်ကြားရေးမှူး








-80x80.jpg)

