ပရီမီယံ ခရမ်းချဉ်သီးအမှတ်တံဆိပ်ထုတ်လုပ်ရန် လိုင်စင်သဘောတူညီချက်ချုပ်ဆိုခြင်း
- Tue, 26 May 2026
Flavorful Brands နှင့် Pete Pappas & Sons Inc (PP&S) ကုမ္ဗဏီတို့သည် ပရီမီယံအဆင့် အဝိုင်းပုံသဏ္ဍာန်ခရမ်းချဉ်သီး Tasti-Lee® ရရှိနိုင်မှုကိုတိုးချဲ့ရန် လိုင်စင်သဘောတူညီချက်တစ်ရပ် ချုပ်ဆိုပါသည်။ Pete Pappas and Sons ကုမ္ပဏီသည် စိုက်ကွင်းတွင် နွယ်ပေါ်၌ ရင့်မှည့်သော အဆိုပါခရမ်းချဉ်သီးမျိုးအား အမေရိကန်ပြည်ထောင်စု၏ အရှေ့ပိုင်းဈေးကွက်များ တစ်လျှောက်ရှိ သော ကျယ်ပြန့်သည့် ဝယ်လက်ကွန်ရက်သို့ ဖြန့်ဖြူးပေးသည်။
ဤမိတ်ဖက်ဆက်ဆံရေးသည် PP&S အနေဖြင့် လတ်ဆတ်သော ဟင်းသီး၊ ဟင်းရွက် လုပ်ငန်းတွင် နှစ်ရှစ်ဆယ်ကျော်ကာလနှင့် မျိုးဆက်လေးဆက်၏ အောင်မြင်မှုကို အသုံးချပြီး ပရိမီယမ်အဆင့် နွယ်ပေါ်မှည့်သော ခရမ်းချဉ်သီးများကို စျေးကွက်ဖော်ဆောင်ခြင်း၊ ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်း များကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Tasti-Leeခရမ်းချဉ်သီးများသည် နွယ်ပေါ်ရင့်မှည့်သော၊ အရသာတစ်သမတ်တည်း ကောင်း မွန်သော၊ ကြွယ်ဝချိုမြိန်မှုနှင့် လှီးဖြတ်ရလွယ်ကူမှုတို့ကို ပေါင်းစပ်ထားသည့်အတွက် လူသိများ သော ခရမ်းချဉ်သီးများဖြစ်ပါသည်။ စားသုံးသူများသည် နွေရာသီတွင် လတ်ဆပ်ပြီး အရသာရှိသော
အနီရောင်အဆင်းရှိသည့် ခရမ်းချဉ်သီးကို နှစ်သက်ကြပြီး၊ လက်လီရောင်းချသူများကမူ သက် တမ်းကြာရှည်ခံမှုနှင့် အရည်အသွေးကောင်းမွန်သည့် စိုက်ကွင်းထဲတွင် စိုက်ပျိုးခဲ့သော ပရီမီယမ် အဆင့် မျိုးဗီဇပြုပြင်ထားခြင်းမရှိသော (non-GMO) ခရမ်းချဉ်သီးများ၏ ကောင်းမွန်သော အားသာ ချက်များကို တန်ဖိုးထားကြသည်။
လက်လီရောင်းချသူများနှင့် စားသုံးသူများသည် လာမည့်လများ အတွင်းတွင် Tasti-Lee ခရမ်းချဉ်သီးများကို အရှေ့ကမ်းခြေစတိုးဆိုင်များအတွက် အဆင့်မြင့်ထုပ် ပိုး မှုများခြင်း (premium packs) ကပ်စတစ်ကာပါသောအိတ်များ (bulk stickered)ဖြင့် အလေးချိန်အလိုက် စဉ်ပေါ်တွင် မတ်တပ်ရပ်နိုင်သော အိတ်များဖြင့် (stand-up weighted pouches) ထုပ်ပိုးထားသည်ကို တွေ့မြင်ရလိမ့်မည်။
ဤသဘောတူညီချက်ကြောင့် စားသုံးသူများ ပိုမိုများပြားလာပြီး Tasti-Lee ခရမ်းချဉ်သီးများ ၏ ထူးကဲသော အရည်အသွေးကို ခံစားနိုင်သည့် သေချာသော အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဖြစ် သည်" ဟု Flavorful Brands၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Chris Lindley က ပြောကြားခဲ့သည်။
ပိုမိုလှပသောအရောင်အသွေးရှိပြီး အရသာကောင်းသော Tasti-Lee ခရမ်းချဉ်သီးများသည် စားသုံးသူများအတွက် အကောင်းဆုံးသော စားသုံးမှုအတွေ့အကြုံကို ပေးစွမ်းသည်။ ဤသို့ ပူးပေါင်းခြင်းဖြင့်၊ အရှေ့ကမ်းခြေတစ်လျှောက်ရှိ လတ်ဆတ်သော ဟင်းသီး၊ ဟင်းရွက်ထုတ်ကုန်များ
တွင် ဤခရမ်းချဉ်သီးများမှ ဝယ်ယူသူအသစ်များထံသို့ အရည်အသွေးကောင်းမွန်သော အတွေ့ အကြုံများကို တိုးချဲ့ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည် ဟု Flavorful Brands ၏ တည်ထောင်သူနှင့် စီမံခန့်ခွဲရေးအရာရှိချုပ် (COO) Jose Marrero က ပြောကြားခဲ့သည်။
မျိုးဆက်လေးဆက်တိုင်၊ Pete Pappas &Sons ကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စု ၏ အရှေ့ဘက်ကမ်းရိုးတန်းဒေသ တစ်လျှောက်လုံးတွင် အဆင့်မြင့်လတ်ဆတ်သော ဟင်းသီး၊ ဟင်းရွက် ထုတ်ကုန်များ၏ ထိန်းသိမ်းစောင့်ရှောက်သူများ (stewards) ဖြစ်ခဲ့ကြပါသည်" ဟု Pete Pappas & Sons, Inc. ၏ ပူးတွဲအမှုဆောင်အရာရှိချုပ် (co-CEO) Aris Pappas က ပြောကြားခဲ့ သည်။ ကုမ္ပဏီ၏ အရသာကောင်းသော ထုတ်ကုန်များစာရင်းတွင် Tasti-Lee ကဲ့သို့ ယုံကြည် ရသော အမှတ်တံဆိပ်တစ်ခုကို ထည့်သွင်းခြင်းသည် ကျွန်ုပ်ကုမ္ပဏီ၏ ခွန်အားနှင့် ဂုဏ်သတင်းကို အသုံးချကာ ဒေသခံစတိုးဆိုင်များတွင် အရသာကောင်းမွန်သော ခရမ်းချဉ်သီးများကို စားသုံးသူများ
ထံသို့ ပိုမိုကျယ်ပြန့်စွာ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်းကို (၁၉-၅-၂၀၂၆)ရက်နေ့ထုတ် Freshplaza သတင်းအရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9839042/premium-tomato-brand-enters-into-licensing-agreement/
တင်ပြသူ ဦးအောင်နိုင်ဦး၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ခုနှစ်၊ မေလ၊ ၂၅ရက်
စစ်ဆေးသူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါက်တာမျိုးမျိုးကြည်၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန










