အာလူးစားသုံးမှု၌ ဥရောပတွင် ဘယ်လာရုစ် ဦးဆောင်နေ

  • Tue, 26 May 2026

အာလူးစားသုံးမှု၌ ဥရောပတွင် ဘယ်လာရုစ် ဦးဆောင်နေ


         ၂၀၂၀ ခုနှစ်အတွက် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အချက်အလက်များအရ ဘယ်လာရုစ်သည် ဥရောပတွင် အာလူးစားသုံးမှုအမြင့်ဆုံးနိုင်ငံဖြစ်ပြီး လူတစ်ဦးလျှင် တစ်နှစ် ၁၇၀ ကီလိုဂရမ် အထိ စားသုံးမှုရှိကြောင်း သိရှိရပါသည်။

         ဥရောပတစ်လွှားရှိ ဒေသတွင်းတွင် အာလူးစားသုံးမှုပုံစံကွဲပြားမှုများ ဆက်လက်ဖြစ်ပေါ်နေ သည်ကို ကိန်းဂဏန်း အချက်အလက်များက မီးမောင်းထိုးပြနေပြီး အရှေ့ဥရောပ နိုင်ငံများသည် စားသုံးမှုအမြင့်ဆုံး ဖြစ်သည်ကိုတွေ့ရှိရပါသည်။

        Ukraine နိုင်ငံသည် အာလူးကို နှစ်စဉ် လူတစ်ဦးလျှင် ၁၂၆ ကီလိုဂရမ် စားသုံးမှုဖြင့် ဘယ်လာရုစ်ပြီး ဒုတိယအများဆုံးတွင် ရပ်တည်လျက်ရှိပြီး Poland နှင့် Romania နိုင်ငံတို့သည် လူတစ်ဦးလျှင် တစ်နှစ်၁၀၀ ကီလိုဂရမ်အသီးသီး စားသုံးလျက်ရှိကြောင်း သိရသည်။

         မြောက်ဥရောပ၏ အချို့ဒေသများတွင်လည်း အာလူးစားသုံးမှုသည် အလွန်မြင့်မားလျက်ရှိ ပါသည်။ Latvia နိုင်ငံသည် လူတစ်ဦးလျှင် ၈၃ ကီလိုဂရမ် မှတ်တမ်းတင်ထားပြီး Finland နိုင်ငံသည် ၆၃ ကီလိုဂရမ်၊ Estonia နိုင်ငံသည် ၆၂ ကီလိုဂရမ် နှင့် Sweden နိုင်ငံသည် ၅၇ ကီလိုဂရမ် အသီးသီး စားသုံးကြကြောင်း သိရသည်။

         အနောက်ဥရောပတွင် နှစ်စဉ်အာလူးစားသုံးမှုမှာ နယ်သာလန်တွင် ၉၃ ကီလိုဂရမ်၊ ဘယ်လ်ဂျီယံ တွင် ၈၉ ကီလိုဂရမ်၊ ဂျာမနီတွင် ၆၇ ကီလိုဂရမ်နှင့် UK တွင် ၆၆ ကီလိုဂရမ် ဖြစ်သည်။

           တစ်ကမ္ဘာလုံးအနေဖြင့် ခြုံငုံကြည့်ပါက တောင်ဥရောပနိုင်ငံများသည် စားသုံးမှုအဆင့် အနည်းဆုံးဖြစ်ကြောင်း သိရသည်။ စပိန် နှင့် ပေါ်တူဂီ တို့သည် နှစ်စဉ် တစ်ဦးလျှင် ၅၈ ကီလို ဂရမ်ရှိပြီး အီတလီသည် အနည်းဆုံးအနေအထားတွင်ရှိကြောင်း သိရသည်။

          ဥရောပရှိ Cyprus တွင် လူတစ်ဦးလျှင် ၁၅ ကီလိုဂရမ်ဖြင့် အနည်းဆုံးဖြစ်ပြီး Bulgaria တွင် ၂၆ ကီလိုဂရမ်နှင့် Malta တွင် ၂၈ ကီလိုဂရမ်ဖြင့် ဒုတိယနေရာတွင် ရှိပါသည်။

          အချက်အလက်များအရ ဥရောပဈေးကွက်များ အထူးသဖြင့် အရှေ့ဥရောပတွင် အာလူးစားသုံးမှုသည် ပျမ်းမျှစားသုံးမှုထက် သိသိသာသာမြင့်မားနေဆဲဖြစ်သည့်အတွက် အာလူး သည် အဓိကအစားအစာအခန်းကဏ္ဍတွင် ပါဝင်နေကြောင်း (၁၉-၅-၂၀၂၆)ရက်နေ့တွင် ထုတ်ပြန်ခဲ့ သော Fresh Plaza သတင်းအရ သိရှိရပါသည်။


Source https://www.freshplaza.com/asia/article/9839223/belarus-leads-europe-in-potato-consumption/


တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ လ/ထဦးစီးမှူး ၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၆ ခုနှစ်၊ မေလ (၂၂) ရက်

စစ်ဆေးသူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါက်တာမျိုးမျိုးကြည်၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ