တရုတ်နိုင်ငံသည် ဒူးရင်းသီးတင်သွင်းမှု မြင့်တက်လာသကဲ့သို့ လိုင်ချီးသီး တင်ပို့မှု တိုးမြှင့်လာ

  • Tue, 26 May 2026

တရုတ်နိုင်ငံသည် ဒူးရင်းသီးတင်သွင်းမှု မြင့်တက်လာသကဲ့သို့ လိုင်ချီးသီး  တင်ပို့မှု တိုးမြှင့်လာ


         ၂၀၂၆ ခုနှစ် ရာသီအစောပိုင်းတွင် တရုတ်နိုင်ငံ၏ ဟိုင်နန်ပြည်နယ်မှ အအေးခန်း ပို့ဆောင် ရေးနှင့်ပိုမိုမြန်ဆန်သော သယ်ယူပို့ဆောင်ရေးစနစ်များကြောင့် လိုင်ချီးသီးတင်ပို့မှုမှာ မြင့်တက်လာ ခဲ့ပြီး တစ်ချိန်တည်းမှာပင် အရှေ့တောင်အာရှမှ ဒူးရင်းသီးတင်သွင်းမှုသည်လည်း ဆက်လက်မြင့် တက်ခဲ့သည်။

         Haikou အကောက်ခွန်၏ အဆိုအရ ဟိုင်နန်ပြည်နယ်သည် မေလ ၆ ရက်နေ့မှစ၍ ရိတ်သိမ်း ချိန် အထိ လိုင်ချီးသီးတင်ပို့မှု ၁၁၀ကြိမ် တင်ပို့ခဲ့ရာ ယခင်နှစ်ထက် ၄၀ ရာခိုင်နှုန်းနီးပါး မြင့်တက် လာခဲ့သည်။

         ဟိုင်နန်ဒေသသည်  တရုတ်နိုင်ငံ၏ အဓိကလိုင်ချီးသီးထုတ်လုပ်သည့်  ဒေသများထဲမှ ဒေသ တစ်ခု အဖြစ်ရှိနေဆဲဖြစ်သည်။  Sanmenpo  မြို့နယ်တွင်  မကြာသေးမီနှစ်များအတွင်း  စိုက်ပျိုး ဧရိယာ ၄,၅၃၃ ဟက်တာအထိ ရောက်ရှိခဲ့ပြီး နှစ်စဉ်ထွက်ကုန်တန်ဖိုး ယွမ်သန်း၅၀၀ (အမေရိကန် ဒေါ်လာ ၆၉.၃ သန်း)ကျော် ရရှိခဲ့ပါသည်။

           လိုင်ချီးခြံများမှာ  လိုင်ချီးရိတ်သိမ်းမှုကို  မေလ ၁ ရက်နေ့ မတိုင်ခင်ကတည်းက စတင်ခဲ့ပြီး တော့ ပြီးခဲ့တဲ့ အပတ်က သီးနှံအားလုံးကို တင်ပို့ပြီးပါပြီ ဟု Hainan State Farms Hongming Farm Co. မှ Xing Yuanyuan က ပြောကြားခဲ့သည်။

            လီဟိုင်း လိုင်ချီးခြံကုမ္ပဏီ၏ စိုက်ပျိုးသူများသည် ၂၃ ဟက်တာကို စိုက်ပျိုးကြသည်။ ယခုနှစ် ခန့်မှန်းထုတ်လုပ်မှုမှာ မလေးရှားနိုင်ငံသို့ ၁၃၈တန် တင်ပို့မှုအပါအဝင် ၂၇၅ တန် ဖြစ်ပြီး ကျန်ရှိသည့် လိုင်ချီးသီးများမှာ ပြည်တွင်းဈေးကွက်ကို  ဦးတည်လျက်ရှိပါသည်။

          Xing ရဲ့ အဆိုအရ ပြီးခဲ့သည့် နှစ်ပတ်အတွင်း အလုပ်သမား ၁၀၀ လောက်သည် ရိတ်သိမ်းမှု မှာ ပါဝင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးနှင့် ထုပ်ပိုးမှုအတွက်လည်း အလုပ်သမားများကို နေရာခွဲဝေ ချထားခဲ့ရသည်။

         ကွမ်တုံပြည်နယ်၊ ကွမ်ကျိုးမှ ရိတ်သိမ်းပြီးသော   သစ်သီးများကို   ရေခဲရေထဲတွင်   ချက်ချင်း အအေးခံပြီး  ရေခဲတုံးများဖြင့်ထုပ်ပိုးကာ အအေးခန်း သယ်ယူပို့ဆောင်ရေးစနစ်များမှတစ်ဆင့် ပို့ဆောင်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။ အသီးအနှံများကို သယ်ယူပို့ဆောင်စဉ် လေဝင်လေ 

ထွက်ကောင်းမွန်စေမည့် ထုပ်ပိုးမှုနည်းပညာအသစ်ကိုလည်း မိတ်ဆက်ထားပြီးဖြစ်ပြီး သိုလှောင်မှု သက်တမ်းကို တိုးမြှင့်ပေးနိုင်သည်ဟု ကုမ္ပဏီက ပြောကြားခဲ့ပါသည်။

        လတ်ဆတ်သော  လိုင်ချီးသီးများကို  တင်ပို့မှုမပြုမီ  ကွမ်တုံပြည်နယ်၊  ကွမ်ကျိုးရှိ ထောက်ပံ့ပို့ဆောင်ရေးဗဟိုဌာနများမှတစ်ဆင့် စုစည်းကြောင်း၊ China Southern Airlines က ၎င်း၏ ကွမ်ကျိုးဗဟိုဌာနသည် မတ်လမှစ၍ ဟိုင်နန်ပြည်နယ်မှ လိုင်ချီးသီး၊ လျောင်နင်ပြည်နယ်မှ ချယ်ရီသီးနှင့် ယူနန်ပြည်နယ်မှ ဘေဘယ်ရီသီးများအပါအဝင် အဓိကစိုက်ပျိုးရေးထုတ်ကုန် ၁၃,၀၀၀ ကီလိုဂရမ်ခန့်ကို တင်ပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။

          ဧပြီလ ၁၅ ရက်နေ့တွင် "Guihuaxiang" မှလိုင်ချီးသီး ၆၀၀ ကီလိုဂရမ်ကို ကွမ်ကျိုးမှ လန်ဒန်သို့ တင်ပို့ခဲ့ပြီး ၄၈ နာရီအတွင်း ဗြိတိန်လက်လီရောင်းချသူများထံ ရောက်ရှိရန် စီစဉ်ထား သည်။

          CCTV သတင်း၏ အဆိုအရ ဟိုင်နန်လိုင်ချီးအချို့ကို သင်္ဘောဖြင့် တင်ပို့ခြင်းမပြုမီ ထုပ်ပိုးရန်အတွက် ကွမ်တုံသို့ သယ်ယူပို့ဆောင်သည်။ ယခုအခါ သစ်သီးခြံမှ သင်္ဘောထွက်ခွာသည် အထိ ထုပ်ပိုးခြင်းလုပ်ငန်းများကို ပျမ်းမျှအားဖြင့် ၂၄ နာရီအောက်သာ ကြာမြင့်စွာလုပ်ကိုင်ပါသည်။

             တစ်ချိန်တည်းမှာပင် အရှေ့တောင်အာရှဒေသမှထွက်ရှိသော ဒူးရင်းသီးများကို တရုတ် နိုင်ငံသို့ တင်သွင်းမှုမှာ  သိသိသာသာမြင့်တက် လာခဲ့သည်။  ဧပြီလ ၁၅ ရက်မှ မေလ အစောပိုင်း အတွင်း ကွမ်ကျိုးအနီးရှိ နန်ရှာဆိပ်ကမ်းမှ ဒူးရင်းသီး တန်ချိန် ၃၀,၀၀၀ ကျော်ကို တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ခုနစ်ဆကျော် ပိုမိုပြီးတင်ပို့နိုင်ခဲ့ပါသည်။

ဆင်ဟွာသတင်းဌာန၏ အဆိုအရ ထိုင်းဒူးရင်းသီးများသည် တရုတ်-လာအို ရထားလမ်းမှ တစ်ဆင့် ကူမင်းသို့ နာရီ ၂၀ ခန့်အတွင်း ရောက်ရှိနိုင်ပြီဖြစ်သည်။ ပေကျင်းမြို့ရှိ လက်ကား ဒူးရင်း သီး ဈေးနှုန်း များသည်  ယခင်နှစ်ထက်  ၃၅  ရာခိုင်နှုန်းမှ  ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ ပါသည်။       

          ကျွန်တော်တို့မှာ စိုက်ပျိုးဆဲ သစ်သီးခြံ ၆၆ ဟက်တာကျော် ရှိပါသည်။၊ ထို့ကြောင့် သစ်သီး စိုက်ပျိုးထုတ်လုပ်မှုအတွက်သည် အလားအလာတွေ ရှိနေပါသည်။ "ကျွန်တော်တို့သည် မျိုးယူသည့်  အပင်ကနေ မျိုးစိတ်အသစ် ၆၀ ကျော်ကိုလည်း မွေးမြူနေပါသည်” ဟု Xing က ပြောကြားခဲ့သည်ကို (၂၁.၅.၂၀၂၆) ရက်နေ့ထုတ်Freshplaza သတင်း ဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။


Source https://www.freshplaza.com/asia/article/9839463/china-increases-lychee-exports-as-durian-imports-surge/


တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၆ခုနှစ်၊ မေလ(၂၂) ရက်

တည်းဖြတ်သူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ ၊ စိုက်ပျိုးရေးဦးစီးဌာန

စစ်ဆေးသူ ဒေါက်တာမျိုးမျိုးကြည်၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ