ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Natore မြို့တွင် ၂၀၂၆ ခုနှစ်၌ သရက်သီးအထွက်နှုန်း ပိုမိုမြင့်မားလာ မည်ဟု ခန့်မှန်း

  • Tue, 26 May 2026

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Natore မြို့တွင် ၂၀၂၆ ခုနှစ်၌ သရက်သီးအထွက်နှုန်း ပိုမိုမြင့်မားလာ မည်ဟု ခန့်မှန်း


     ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က သရက်သီးအထွက်နှုန်း ကျဆင်းခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်၊ သရက်သီးရာသီတွင် Natore မြို့ရှိ ခရိုင်ခွဲ (၄) ခုမှ သရက်စိုက်တောင်သူများအနေဖြင့် သရက်သီးအထွက်နှုန်းမြင့်မားလာမည်ဟု ခန့်မှန်းထားကြပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Natore မြို့ရှိ Gouripur ၊ Gopalpur နှင့် Mominpur ဒေသရှိ သရက်စိုက်တောင်သူများအနေဖြင့် သရက်မျိုးများဖြစ်သော Gopalbhog ၊ Langra ၊ Khirshapati နှင့် Aati မျိုးများသည် မျိုးကွဲများအလိုက် အသီးတင်နှုန်း ပိုမိုကောင်းမွန်ကြကြောင်း အစီရင်ခံခဲ့ကြပါသည်။

Lalpur ဒေသမှ သရက်စိုက်တောင်သူတစ်ဦးဖြစ်သည့် Md Israil Hossain ၏ သရက်ခြံတွင် ပြီးခဲ့သည့်နှစ်က အပင်တစ်ဝက်နီးပါးမှာ သရက်သီးများ မသီးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်တွင်မူ ၇၀ ရာခိုင်နှုန်းအထက်မှာ အသီးများ အပြည့်သီးပြီး သရက်ပင် တစ်ပင်လျှင် သရက်သီး အနည်းဆုံး ၄ maund မှ ၅ maund ( ၁ maund = ၄၀ ကီလိုဂရမ်) အထိ ရရှိနိုင်ကြောင်း မျှော်မှန်းထားပါသည်။

ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအသုံးပြုမှုအတွက် ကုန်ကျစရိတ်မှာ တစ် bigha (၀.၆၂ ဧက) လျှင် ဘင်္ဂလာဒေ့ရှ် ငွေကြေး တာကာ ၂၇,၀၀၀ မှ တာကာ ၃၀,၀၀၀ အတွင်း ကုန်ကျကြောင်း အမေရိကန်ဒေါ်လာအားဖြင့် ၀.၁၃ ဟက်တာလျှင် အမေရိကန်ဒေါ်လာ ၂၂၂ မှ ၂၄၇ အထိ ကုန်ကျကြောင်း စိုက်ပျိုးထုတ်လုပ်သူများအရ သိရှိရပါသည်။

Mominpur ကျေးရွာမှ သရက်စိုက်တောင်သူ Md Hamidul Islam မှာ သရက်သီးနှံကို ၁၀ bighas ခန့် (ဟက်တာအားဖြင့် ၁.၃၄ ဟက်တာ ခန့်) စိုက်ပျိုးခဲ့ပြီး စုစုပေါင်း သရက် အပင် ၄၅၀ မှ အပင် ၃၅၀ မှာ အသီးသီးနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သရက်အပင် ၄ ပင်ကို ကုန်သည်တစ်ဦးအား တာကာ ၃၀,၀၀၀ (အမေရိကန် ဒေါ်လာအားဖြင့် ၂၄၇ ဒေါ်လာ) ဖြင့် ရောင်းချပြီးဖြစ်ကြောင်းနှင့် အပင်အသီးသီးမှ ၅ maunds အထက် ထွက်ရှိကြောင်း ပြောကြားခဲ့ ပါသည်။

ပြီးခဲ့သည့်နှစ်တွင် သရက်သီးအထွက်နှုန်း နည်းသည့်အတွက် အမြတ်အစွန်း အနည်းငယ်သာ ရရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။ ပြီးခဲ့သည့်နှစ်က ၁ bigha ကျယ်ဝန်းသော သရက်ခြံတစ်ခြံလျှင် တာကာ ၁.၅ သိန်းမှ ၁.၈ သိန်းအထိသာ ရောင်းချနိုင်ခဲ့သော်လည်း ယခု ရာသီတွင် တာကာ ၂.၅ သိန်းမှ ၂.၈ သိန်းအထိ ရရှိနိုင်ရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။

ယခုနှစ်ရာသီတွင် သရက်သီးစိုက်ဧရိယာမှာ ဟက်တာ ၅,၆၉၃ ခန့်ရှိပြီး ပန်းတိုင် အထွက်နှုန်း အနေဖြင့် တန်ချိန် ၆၈,၃၁၆ ခန့် ခန့်မှန်းထားကြောင်း Natore မြို့၊ စိုက်ပျိုးပညာပေးရေးဌာနမှ ပြောကြားချက်အရ သိရှိရပါသည်။ ပြီးခဲ့သည့်နှစ်က ဒေသတွင်း သရက်သီး စီးပွားရေးမှ တာကာ ၃၅၀ ကုဋေ (အမေရိကန်ဒေါ်လာ ၂၈.၈ သန်း) ရရှိခဲ့သော်လည်း ယခုနှစ်တွင် တာကာ ၄၀၀ ကုဋေ (အမေရိကန်ဒေါ်လာ ၃၂.၉ သန်း) ခန့် ပိုမိုရရှိရန် ခန့်မှန်းထားပါသည်။

ယခုအချိန်တွင် Natore သည် ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်းတွင် စတုတ္ထမြောက် အကြီးဆုံး သရက်သီးထုတ်လုပ်သည့်ခရိုင်တစ်ခုဖြစ်လာကြောင်း ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Md Habibul Islam Khan က ပြောကြားခဲ့ပါသည်။

ယခုအချိန်တွင် Natore သည် ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်းတွင် စတုတ္ထမြောက် အကြီးဆုံး သရက်သီးထုတ်လုပ်သည့်  ခရိုင်တစ်ခုအဖြစ် ဦးဆောင်နေကြောင်း ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် 

ဆယ်စုနှစ် ၂ ခုအတွင်း စိုက်ပျိုးထုတ်လုပ်မှုမှာ လျင်လျင်မြန်မြန် မြင့်တက်လာခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။

ဓာတုကင်းလွတ်သရက်သီးများကို တင်ပို့ရန် ရည်ရွယ်ချက်ဖြင့် အိတ်စွတ်စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်ထားသည့် သရက်သီးများကို ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါသည်။

ဒုတိယကော်မရှင်နာဖြစ်သူ Asma Shahin က ဦးဆောင်၍ ရိတ်သိမ်းချိန် (ခူးဆွတ်)အချိန် ဇယားကို အတည်ပြုရန် အစည်းအဝေး ကျင်းပခဲ့ပါသည်။ Aati သရက်သီးများကို သောကြာနေ့တွင် စတင်ခူးဆွတ်ပြီးနောက် မေ ၂၅ တွင် Gopalbhog သရက်သီးများ၊ မေ ၃၀ တွင် Khirsapat သရက်သီးများ၊ ဇွန် ၅ တွင် Lakshmanbhog သရက်သီးများ၊ ဇွန် ၁၅ တွင် Langra နှင့် Amrapali သရက်သီးများ၊ ဇွန် ၂၅ တွင် Mohonbhog နှင့် Haribhanga သရက်သီးများ၊ ဇွန် ၃၀ တွင် Fazli သရက်သီးများ၊ ဇူလိုင် ၅ တွင် Mallika သရက်သီးများ၊ ဇူလိုင် ၁၅ တွင် Bari-4 သရက်သီးများ၊ ဇူလိုင် ၂၀ တွင် Ashwina သရက်သီးများ၊ ဩဂုတ် ၁၀ တွင် Gourmati သရက်သီးများကို အသီးသီး ခူးဆွတ် သွားမည်ဖြစ်ကြောင်းကို (၂၀-၅-၂၀၂၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော freshplaza ၏ သတင်း အချက် အလက်များအရ သိရှိရပါသည်။

Source https://www.freshplaza.com/asia/article/9839452/bangladesh-s-natore-expects-higher-mango-output-in-2026/ 


တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်

စစ်ဆေးသူ ဒေါ်စန္ဒီဝင်း၊ဦးစီးအရာရှိ၊စိုက်ပျိုးရေးဦးစီးဌာန

ကြီးကြပ်သူ ဒေါက်တာမျိုးမျိုးကြည်၊ဒုတိယညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ