ဂျပန်နိုင်ငံသည် သေးငယ်သော ထိုင်းဒူးရင်းသီးများကို စိတ်ဝင်စားမှုရှိလာ
- Thu, 11 June 2026
ထိုင်းနိုင်ငံ ပြည်တွင်းကုန်သွယ်မှုဌာန (DIT) ညွှန်ကြားရေးမှူးချုပ် Wittayakorn Maneenetr ၏ပြောကြားချက်အရ ဂျပန်နိုင်ငံမှ တင်သွင်းသူများသည် အလေးချိန် ၁.၅ ကီလိုဂရမ် အထိရှိသော ထိုင်းဒူးရင်းသီး အသေးစားများကို စိတ်ဝင်စားလျက်ရှိပါသည်။
Wittayakorn Maneenetr ကအဆိုပါဒူးရင်းသီးများသည် လူဦးရေအနည်းငယ်ရှိသော အိမ်ထောင်စုများအတွက် သင့်တော်ပြီး ဂျပန်စားသုံးသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် ပါသည်ဟု ပြောကြားခဲ့ပါသည်။
၂၀၂၆ ခုနှစ် Thaifex-Anuga Asia ကုန်စည်ပြပွဲအတွင်း ဂျပန်ဝယ်လက်များသည် ဂျပန်ဈေးကွက်ရှိ ဒူးရင်းသီး စားသုံးသူများအတွက် အခွံခွာပြီးသော အသေးစားထုပ်ပိုးမှုများဖြင့် တင်သွင်းနိုင်ရန် ထုပ်ပိုးရေး ကုမ္ပဏီများနှင့်တင်ပို့သူများအား ရှာဖွေဖော်ထုတ်ရန် ထိုင်းပြည်တွင်း ကုန်သွယ်မှုဌာန(DIT)နှင့် ဆွေးနွေးညှိနိုင်းမှုများ ပြုလုပ်ခဲပါသည်။
ဤဖြစ်စဉ်တွင် အဆင့်မြင့် စိုက်ပျိုးရေး ထွက်ကုန်များအတွက် မှာယူမှုများကိုလည်း ဖန်တီးပေးခဲ့သည်။ DIT ၏ အဆိုအရ ပြပွဲအတွင်း ဘတ်ငွေသန်း ၃၃၀(အမေရိကန်ဒေါ်လာ ၁၀.၁ သန်း) ခန့်တန်ဖိုးရှိသည့် အဆင့်မြင့် သစ်သီးနှင့် ဆန်ပြခန်းတစ်ခုမှာယူမှု Order များရရှိခဲ့ပါသည်။
ရောင်းချမှုတွင် ဘတ်ငွေသန်း ၂၂၂ (အမေရိကန် ဒေါ်လာ ၆.၇ သန်း) တန်ဖိုးရှိသော လတ် ဆတ်ပြီးပြုပြင်ထားသည့် သစ်သီး တန်ချိန် ၁,၉၂၁ တန် ပါဝင်ပါသည်။
ထိုင်းနိုင်ငံ ပြည်တွင်းကုန်သွယ်မှုဌာန (DIT) အနေဖြင့် အဆိုပါပြပွဲအပြီးတွင် နောက်ထပ် မှာယူမှုများ ထပ်မံရရှိလာမည်ဟု မျှော်လင့်ထားပါသည်။
Wittayakorn, ၏ပြောကြားချက်အရ အဆိုပါပြပွဲသည် ၂၀၂၆ ခုနှစ်တွင် စိုက်ပျိူးရေး ထုတ်ကုန်များ ထပ်တိုးလာဖွယ်ရှိကြောင်း အထူးသဖြင့် သစ်သီးထွက်ကုန်များ ၃၀ ရာခိုင်နှုန်း ကျော်ထက် တိုးမြင့်လာနိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။
ဤပြပွဲသည် ထိုင်းနိုင်ငံ၏ သစ်သီးများအတွက် ဈေးကွက် အခွင့်အလမ်း များဖန်တီးပေးခဲ့ပြီး စျေးနှုန်းတည်ငြိမ်မှုကို အထောက်အကူ ပြုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
NipponBoyzနှင့်အတူ အရောင်းမြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ထိုင်းသစ်သီး များကို လူသိများလာကြပြီး ဂျပန်နိုင်ငံတွင် ထိုင်းသစ်သီးထုတ်ကုန်များကို အမြဲဝယ်ယူစားသုံး သူများတိုးချဲ့နိုင်ခဲ့ကြောင်းကို https://www. freshplaza. com/asia/article/9844002/japan- shows-interest-in-small-sized-thai-durians/ သတင်းအရ သိရှိရပါ သည်။
Source https://www.freshplaza.com/asia/article/9844002/japan-shows-interest-in-small-sized-thai-durians/
တင်ပြသူ ဦးအောင်နိုင်ဦး၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ခုနှစ်၊ ဇွန်လ၊ ၈ ရက်
စစ်ဆေးသူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါက်တာမျိုးမျိုးကြည်၊ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန









