ဖိလစ်ပိုင်နိုင်ငံသည် ပြည်ပမှတင်သွင်းလာခဲသည့် အမေရိကန်ဒေါ်လာ၆၀၈,၀၀၀တန်ဖိုးရှိကြက်သွန်နီနှင့်ကြက်သွန်ဖြူများကိုသိမ်းဆည်း

  • Thu, 11 June 2026

ဖိလစ်ပိုင်နိုင်ငံသည် ပြည်ပမှတင်သွင်းလာခဲသည့် အမေရိကန်ဒေါ်လာ၆၀၈,၀၀၀တန်ဖိုးရှိကြက်သွန်နီနှင့်ကြက်သွန်ဖြူများကိုသိမ်းဆည်း


    ဖိလစ်ပိုင်နိုင်ငံ၊ အကောက်ခွန်အဖွဲ့ (BOC) သည် အမျိုးသားစုံစမ်းစစ်ဆေးရေးအဖွဲ့ (NBI) နှင့် ပူးတွဲစစ်ဆေးရေးတစ်ခုအတွင်းတွင် အအေးခန်းသိုလှောင်ရုံတစ်ခုမှ ဖိလစ်ပိုင် ငွေကြေး Peso ၃၅.၄၄ သန်း (အမေရိကန်ဒေါ်လာ ၆၀၈,၀၀၀) တန်ဖိုးရှိသည့်ပြည်ပမှ တင်သွင်းထားသော စိုက်ပျိုးရေးထုတ်ကုန်များကို သိမ်းဆည်းရမိခဲ့ပါသည်။

အာဏာပိုင်များအနေဖြင့် နယ်သာလန်မှ အဝါရောင် ကြက်သွန်နီဥငယ် အိတ်ပေါင်း ၆,၀၈၈ အိတ်၊ အဝါရောင် ကြက်သွန်နီဥကြီး အိတ်ပေါင်း ၁,၀၈၀ အိတ်၊ အနီရောင် ကြက်သွန်နီဥကြီး အိတ်ပေါင်း ၃,၇၈၀ အိတ်နှင့် တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းလာ သည်ဟု ယူဆရသည့် ကြက်သွန်ဖြူ အိတ်ပေါင်း ၁၂,၃၅၀ အိတ် တွေ့ရှိခဲ့ကြောင်း BOC ၏ အဆိုအရ သိရှိရပါသည်။

အဆိုပါစစ်ဆေးရေးအဖွဲ့တွင် BOC ထောက်လှမ်းရေးအဖွဲ့၊ မနီလာ အပြည်ပြည် ဆိုင်ရာ ကွန်တိန်နာဆိပ်ကမ်း အကောက်ခွန်ထောက်လှမ်းရေးနှင့် စစ်ဆေးရေးဝန်ဆောင်မှု၊ အမျိုးသားစုံ စမ်းစစ်ဆေးရေးအဖွဲ့ (NBI) နှင့် ဖိလစ်ပိုင်ကမ်းခြေကင်းစောင့်တပ်တို့ ပါဝင်ပါ သည်။

အမျိုးသားအက်ဥပဒေအမှတ် ၁၂၀၂၂ (သို့) Anti-Agricultural Economic Sabotage Act အမျိုးသားအက်ဥပဒေအမှတ် ၁၀၈၆၃ (သို့) Customs Modernization and Tariff Act ဆိုင်ရာ ဖြစ်နိုင်ခြေရှိသော ချိုးဖောက်မှုများနှင့် စိုက်ပျိုးရေးဆိုင်ရာ တရားမဝင် တင်သွင်းမှုများနှင့် ဆက်စပ် သည့်အစီရင်ခံစာများ တင်ပြလာပြီးနောက်တွင် အဆိုပါစစ်ဆေးရေးကို စတင်ဆောင်ရွက်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါသည်။

Customs Modernization and Tariff Act အက်ဥပဒေ ၂၂၄ ကို ချိုးဖောက်မှုဖြင့် မေလ ၂၁ ရက်နေ့တွင် အအေးခန်းသိုလှောင်ရုံများကို ဖမ်းဆီးမိန့်နှင့် စုံစမ်းထောက်လှမ်းခြင်း အမိန့်များ ထုတ်ပြန်ခဲ့ပါသည်။

အမျိုးသားစုံစမ်းစစ်ဆေးရေးအဖွဲ့ (NBI) သည် Anti-Agricultural Economic Sabotage Act အက်ဥပဒေဆိုင်ရာ ချိုးဖောက်မှုများနှင့်ဆက်နွယ်နိုင်ခြေရှိသော သွင်းကုန် လုပ်ငန်းရှင်များနှင့် အခြားသောပုဂ္ဂိုလ်များကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင် လျက်ရှိပါသည်။

အကောက်ခွန်အဖွဲ့ (BOC) သည်လည်း အဆိုပါ တရားမဝင်လှုပ်ရှားမှုများတွင် အကောက်ခွန် ဝန်ထမ်းများ ပါဝင်ပတ်သက်မှု ရှိမရှိဆုံးဖြတ်ရန် ဌာနတွင်းစုံစမ်းစစ်ဆွေးမှု များပြုလုပ်လျက် ရှိပါသည်။

အဆိုပါအေဂျင်စီအနေဖြင့် တရားမဝင်စိုက်ပျိုးရေးသွင်းကုန်များကို ဦးတည်သည့် စစ်ဆေးမှု များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ကော်မရှင်နာ ဖြစ်သူ Ariel F. Nepomuceno က ပြောကြားခဲ့ပါသည်။

အကောက်ခွန်အဖွဲ့ (BOC) မိတ်ဖက်အေဂျင်စီနှင့် ပူးပေါင်း၍ တရားဝင်ကုန်သွယ်မှု များကိုထိခိုက်စေပြီး စိုက်ပျိုးရေးလုပ်ငန်းကို အမြတ်ထုတ်နေသူများကို ဆက်လက်ရှာဖွေ ဖော်ထုတ် သွားမည်ဖြစ်ပါကြောင်း ၄-၆-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော  https://www. freshplaza.com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။


Source https://www.freshplaza.com/asia/article/9842720/philippines-seizes-us-608-000-worth-of-imported-onions-and-garlic/ 


တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်

စစ်ဆေးသူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ ၊ စိုက်ပျိုးရေးဦးစီးဌာန

ကြီးကြပ်သူ ဒေါက်တာမျိုးမျိုးကြည်၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ