ရိတ်သိမ်းချိန်တွင် ထွက်ရှိမှုပမာဏ မြင့်တက်လာခြင်းကြောင့် မလေးရှားဒူးရင်းသီး ဈေးနှုန်းများကျဆင်းလာ
- Mon, 29 June 2026
မလေးရှားနိုင်ငံ၏ ပြည်နယ်အများအပြားတွင် ဒူးရင်းသီးများ များစွာထွက်ရှိလာသဖြင့် ရောင်းလိုအားများပြားလာခြင်းကြောင့် ဒူးရင်းသီးဈေနှုန်းများ ကျဆင်းလာပါသည်။ ဒေသခံသတင်း မီဒီယာများ၏ ပြောကြားချက်အရ Black Thorn ဒူးရင်းသီးများသည် တစ်ကီလိုဂရမ်လျှင် ရင်းဂစ် ၁၃ (အမေရိကန်ဒေါ်လာ ၃.၀၇အထိ ကျဆင်းလာခဲ့ပါသည်။
ပဲရက်၊ ပါဟန်းနှင့် ဂျိုဟိုးပြည်နယ်များ အပါအဝင် ဒေသအများတွင် ရိတ်သိမ်းချိန်ကာလ တဖြည်းဖြည်း ပြီးဆုံးခါနီးရောက်ရှိလာသည့်အတွက် ဈေးကွက်အတွင်းသို့ ဒူးရင်းသီးများ ထပ်မံပြီး ဒူးရင်းသီးပမာဏများစွာ ဝင်ရောက်လာခြင်းကြောင့် လာမည့်အပတ်တွင် ဈေးနှုန်းများ နောက်ထပ် ၁၀ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်းကိုလည်း မလေးရှားနိုင်ငံ Guang Ming Daily သတင်းစာ၏ ဖေါ်ပြချက်အရ သိရှိရပါသည်။
Kedah ပြည်နယ်ရှိ 668 Durian King ဆိုင်မှာ Lai Jingqun က ၎င်း၏ဆိုင်ရှိ Black Thorn ဒူးရင်းသီးများကို အရွယ်အစားပေါ်မူတည်၍ လက်ရှိတွင် တစ်ကီလိုဂရမ်လျှင် ရင်းဂစ် ၁၃ မှ ၁၅ (အမေရိကန်ဒေါ်လာ ၃.၀၇မှ ၃.၅၄) ကြားဖြင့် ရောင်းချနေရပါကြောင်း Musang King အပါအဝင် အခြားဒူးရင်းသီးမျိုးကွဲများ၏ ဈေးနှုန်းများလည်း ကျဆင်းသွားကြောင်း ပြောကြားခဲ့ပါသည်။
သစ်သီးဝလံနှင့် ဒူးရင်းသီးစိုက်ပျိုးရောင်းချသူတစ်ဦးဖြစ်သည့် Laiက ယခုနှစ်သစ်သီးဝလံ များ၏ ဈေးနှုန်းများသည် မနှစ်ကထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းနေကြောင်းကိုပြောကြားခဲ့ပါသည်။ ၎င်းက ဈေးနှုန်းကျဆင်းရခြင်မှာ ရာသီဥတုအခြေအနေများနှင့် အထွက်နှုန်းများ ထွက်ရှိမှု တိုးတက်လာသောကြောင့်ဟု ပြောကြားခဲ့ပါသည်။
မနှစ်နှစ်ကုန်ပိုင်းက ဒူးရင်းပင်တွေမှာ ပန်းပွင့်ခြင်းနဲ့ အသီးသီးခြင်း ပိုမိုကောင်းမွန်ခဲ့ပါသည်ဟု ဒူးရင်းသီး စိုက်ပျိုးရောင်းချသူ Laiက ပြောကြားခဲပါသည်။
စင်ကာပူတွင် လက်လီရောင်းချသူက ၎င်းတို့အနေဖြင့် နှစ်စဉ် ဒူးရင်းသီး အရောင်းမြှင့် တင်ပွဲကို ပြီးခဲ့သည့်လက စတင်ခဲ့ပြီး အလေးချိန် ၆၀၀ ဂရမ်မှ ၈၀၀ ဂရမ်ကြားရှိ kampung ဒူးရင်းသီး တစ်လုံးလျှင် FairPrice သင့်တော်သည့် ဈေးနှုန်းအနေဖြင့် စင်ကာပူဒေါ်လာ ၁.၉၅ (အမေရိကန်ဒေါ်လာ ၁.၅၂) ခန့်ရှိခဲပါသည်။ ယခုနှစ် ဒူးရင်းသီးအရောင်းမြှင့်တင်ပွဲကို အချိန်သုံးပတ် ကျော်တွင် နေရာသုံးနေရာအထိ တိုးချဲ့ကာကျင်းပခဲ့ကြောင်းကို ၁၆-၆-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော freshplaza.com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9847542/malaysian-durian-prices-fall-as-harvest-volumes-rise/
တင်ပြသူ ဦးအောင်နိုင်ဦး၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ခုနှစ်၊ ဇွန်လ၊ ၂၃ ရက်
စစ်ဆေးသူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန


-80x80.jpg)





