ပြည်ပမှတင်သွင်းသော မုန်လာဥနီများကြောင့် ဖိလစ်ပိုင်ဈေးကွက်တွင် ဈေးနှုန်းများ ဖိအားရှိနေ

  • Mon, 29 June 2026

ပြည်ပမှတင်သွင်းသော မုန်လာဥနီများကြောင့် ဖိလစ်ပိုင်ဈေးကွက်တွင် ဈေးနှုန်းများ ဖိအားရှိနေ


    Cordillera ဒေသရှိ ဟင်းသီး၊ဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများနှင့် ကုန်သည်များသည် အဓိကအားဖြင့် လက်ကားဈေးကွက်များသို့ တင်သွင်းသော ဟင်းသီး၊ဟင်းရွက်များ ရောက်ရှိလာပြီးနောက် မုန်လာဥနီ ဈေးနှုန်းများ ကျဆင်းလာကြောင်း တင်ပြလာပါသည်။ La Trinidad Vegetable Trading Area Inc. (LALTVTAI) ရှိ အသင်းအဖွဲ့ချုပ်က ဝယ်သူများအနေဖြင့် Metro Manila နှင့် Quezon ပြည်နယ်အတွက် တင်ပို့သည့် မုန်လာဥနီများအစား ပြည်ပမှတင်သွင်းသော မုန်လာဥနီများကို ရွေးချယ်ခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။

ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်နေ့တွင် Manila ရှိ Balintawak ဈေးနှင့် Quezon၊ Sariaya ရှိ ကုန်သွယ်ရေး ဗဟိုချက်များတွင် ပြည်ပမှတင်သွင်းလာသော မုန်လာဥနီများကို တွေ့ရှိခဲ့ကြောင်း၊ တင်သွင်းလာသော ပမာဏများနှင့် ဈေးနှုန်းများအပေါ် ဖိအားပေးခဲ့သည့်အတွက် ဒေသခံ လယ်သမားများနှင့် ကုန်သည်များအတွက် အကျိုးအမြတ်ကို ထိခိုက်စေကြောင်း LALTVTAI က ပြောကြားခဲ့ပါသည်။

Benguet နှင့် Mountain ပြည်နယ်မှ မုန်လာဥနီ လက်ကားဈေးနှုန်းများသည် တစ်ကီလိုဂရမ်လျှင် PHP20 (US$0.35/kg) အထိ ဈေးနှုန်းကျဆင်းသွားခဲ့ပြီး အရည်အသွေးမြင့်သော မုန်လာဥနီ များသည် တစ်ကီလိုဂရမ်လျှင် PHP38 (US$0.67/kg) အထိ ရောက်ရှိခဲ့ကြောင်း၊ အရည်အသွေး နိမ့်သော မုန်လာဥနီများကို တစ်ကီလိုဂရမ်လျှင် PHP8 (US$0.14/kg) ခန့်ဖြင့် ရောင်းချနေကြောင်း သိရပါသည်။

LALTVTAI အနေဖြင့် စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel Jr. အား တင်ပို့မှုများနှင့် ဆက်စပ် နေသော စည်းမျဉ်း၊ စည်းကမ်းဆိုင်ရာ အခြေအနေနှင့် တင်သွင်းခွင့်ပါမစ်များကို စုံစမ်းစစ်ဆေးရန်      တောင်းဆိုခဲ့ကြောင်း၊   တရားဝင်တင်သွင်းလာသော      ပမာဏများနှင့်အတူ တရားမဝင်သည့် မုန်လာဥနီများသည် ဈေးကွက်သို့ဝင်ရောက်လာနိုင်ကြောင်းကို ကုန်သည်များက သံသယရှိကြောင်း အဖွဲ့အစည်းက ပြောကြားခဲ့ပါသည်။

ဇွန်လ ၁၈ ရက်နေ့တွင် La Trinidad Vegetable Trading တွင် ဝယ်သူများသည် ဈေးနှုန်းသက်သာသော သွင်းကုန်ပစ္စည်းများကို ဝယ်ယူခဲ့ကြသောကြောင့် ပြည်တွင်း မုန်လာဥနီ များကိုရိတ်သိမ်းပြီး နောက်ရောင်းမထွက်သေးကြောင်း၊ ပြည်ပမုန်လာဥနီများအား ဝယ်လိုအား များနေခြင်းသည် ၎င်းတို့၏ ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များ ပြန်လည်ရရှိ အောင်ဆောင်ရွက်မှု ကို သက်ရောက်နိုင်ကြောင်း ဖော်ပြခဲ့ကြပါသည်။

မေလတွင် လယ်သမားအဖွဲ့များ၏ ဆန္ဒပြမှုများနှင့် အယူခံဝင်မှုများ ပေါ်ပေါက်လာပြီးနောက် ဈေးကွက်အခြေအနေသည် ဧပြီလမှ ဇူလိုင်လအတွင်း မုန်လာဥနီတန်ချိန် ၆၀၀၀ တင်သွင်းရန် စီစဉ်ထားမှုကို ဖျက်သိမ်းရန် စိုက်ပျိုးရေးဌာန (DA) အား တိုက်တွန်းခဲ့ပါသည်။

Metro Manila တွင် မုန်လာဥနီ လက်လီဈေးနှုန်းများအတွက် တင်သွင်းမှုများကို ကန့်သတ်ရန် ရည်ရွယ်ထားကြောင်း၊ သို့သော် လယ်သမားအဖွဲ့များနှင့် ဒေသခံအရာရှိများက ပြည်တွင်း ရောင်းလို အားသည် လုံလောက်ကြောင်းနှင့် နောက်ထပ်တင်သွင်းမှုများသည် ဒေသခံထုတ်လုပ်သူများကို ထိခိုက် စေနိုင်ကြောင်း၊ ယခင်တင်သွင်းမှုအစီအစဉ်များသည် စားသုံးသူများအတွက် ဈေးနှုန်းလျှော့ချ ပေးခြင်းမရှိဘဲ စိုက်ပျိုးသူများအနေဖြင့်လည်း အရှုံးများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရပါသည်။

တရားဝင်တင်သွင်းလာသော မုန်လာဥနီများနှင့် တရားမဝင်တင်သွင်းသည်ဟု သံသယရှိသော မုန်လာဥနီတို့၏ စုစုပေါင်းပမာဏသည် Cordillera ဟင်းသီးဟင်းရွက်ကဏ္ဍကို ဆက်လက် ထိခိုက် စေကြောင်း (၁၉-၆-၂၀၂၆)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Fresh Plaza website ၏ သတင်းအရ သိရှိရပါသည်။


Source https://www.freshplaza.com/asia/article/9839223/belarus-leads-europe-in-potato-consumption/

တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၅) ရက်

စစ်ဆေးသူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ