ဒေသတွင်း ခရမ်းချဉ်သီးအဝင် လျော့နည်းလာသဖြင့် အိန္ဒိယနိုင်ငံရှိ ခရမ်းချဉ်သီးဈေးနှုန်းများ နှစ်ဆကျော် မြင့်တက်လာ

  • Mon, 29 June 2026

ဒေသတွင်း ခရမ်းချဉ်သီးအဝင် လျော့နည်းလာသဖြင့် အိန္ဒိယနိုင်ငံရှိ ခရမ်းချဉ်သီးဈေးနှုန်းများ နှစ်ဆကျော် မြင့်တက်လာ


    အင်ဒိုးမြို့တွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ မြင့်တက်လာပြီး၊ ဒေသတွင်း ခရမ်းချဉ်သီး ရောင်းလိုအားအများစု ကုန်ဆုံးသွားသဖြင့် လက်ကားဈေးကွက်များသည် Maharashtra နှင့် Kota မှ တင်သွင်းလာသော ကုန်များကိုသာ အဓိက အားထားနေရပါသည်။ ပြီးခဲ့သည့် တစ်ပတ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းသည် နှစ်ဆကျော် မြင့်တက်ခဲ့ပြီး ရုံးပတီသီး၊ ဗူးသီး၊ Cluster Beans နှင့် ငရုတ်သီးစိမ်းတို့၏ ဈေးနှုန်းများလည်း မြင့်တက်လာခဲ့ပါသည်။

ခရမ်းချဉ်သီးသည် လက်ကားဈေးကွက်တွင် ၂၅ ကီလိုဂရမ် တစ်သေတ္တာလျှင် အမေရိကန် ဒေါ်လာ ၉.၃၁ မှ ၁၀.၄၇ အထိ ရောင်းချနေကြပြီး၊ အစောပိုင်းတစ်ပတ်ခန့်တွင် ၃.၄၉ မှ ၄.၆၅ ဒေါ်လာသာ ရှိခဲ့ပါသည်။ အင်ဒိုးမြို့တစ်ဝှမ်းရှိ လက်လီဈေးနှုန်းများလည်း မြင့်တက်လာခဲ့ပါသည်။

“အင်ဒိုးမြို့တွင် ဒေသတွင်းမှ ခရမ်းချဉ်သီးအဝင်များ ကုန်ဆုံးသွားပြီဖြစ်ပြီး၊ ခရမ်းချဉ်သီး ဈေးကွက်သည် Maharashtra နှင့် Kota မှ ဝင်လာသော ကုန်များကိုသာ အဓိက  အားထားနေရပါ သည်။ ကုန်ပစ္စည်းအဝင် အကန့်အသတ်ရှိသောကြောင့် ဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာခြင်း ဖြစ်သည်” ဟု Devi Ahilyabai Holkar သစ်သီးနှင့် ဟင်းသီးဟင်းရွက် လက်ကားဈေးကွက်မှ ကုန်သည် Asif Mansori က ပြောကြားခဲ့ပါသည်။

အခြားဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း မှတ်တမ်းများ ထားရှိခဲ့ပါသည်။ ရုံးပတီသီး တစ်ကီလိုလျှင် ပြီးခဲ့သည့်တစ်ပတ်တွင် ၀.၂၃ ဒေါ်လာရှိခဲ့ရာမှ ၀.၂၉–၀.၃၅ ဒေါ်လာအထိ မြင့်တက်လာခဲ့ပါသည်။ ဗူးသီး တစ်ကီလိုလျှင် ယခင် ၀.၁၇–၀.၂၃ ဒေါ်လာ ရောင်းချခဲ့ကြရာမှ ၀.၂၉–၀.၃၅ ဒေါ်လာအထိ ရောင်းချနေကြပါသည်။ Cluster Beans (Gawar Phali) သည်လည်း ၀.၁၇–၀.၂၃ ဒေါ်လာအထိ ရောင်းချကြရာမှ ၀.၃၅–၀.၄၁ ဒေါ်လာအထိ မြင့်တက်လာခဲ့ပါသည်။

ပြီးခဲ့သည့်တစ်ပတ်တွင် ငရုတ်သီးစိမ်း တစ်ကီလိုလျှင် ၀.၂၃ ဒေါ်လာခန့်ရောင်းချခဲ့ကြရာမှ ၀.၂၉–၀.၄၁ ဒေါ်လာအထိ မြင့်တက်လာခဲ့ပါသည်။ နံနံပင် တစ်စည်းလျှင် ၀.၁၂–၀.၂၃ ဒေါ်လာအထိ လက်လီရောင်းချနေကြပြီး၊ ခရမ်းသီးဈေးနှုန်းမှာ တစ်ကီလိုလျှင် ၀.၁၂–၀.၁၄ ဒေါ်လာဖြင့် အတော် လေးတည်ငြိမ်မှုရှိနေပါသည်။

ကုန်သည်များက ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသတွင်းထွက်ကုန် နည်းပါးခြင်းနှင့် ရာသီ ဥတုကြောင့် ကုန်ပစ္စည်းတင်ပို့မှုတွင် အခက်အခဲများ ဖြစ်ပေါ်ခြင်းခဲ့ခြင်းကြောင့် ဟုပြောခဲ့ပါသည်။ ဒေသတွင်းထွက်ကုန် ထုတ်လုပ်သည့်နေရာများမှ ဈေးကွက်သို့ အဝင်မှာ အလွန်နည်းပါးပြီး၊ ဈေးကွက်သည် Maharashtra မှ ဝင်လာသော ကုန်များကိုသာ အဓိက အားထားနေရပါသည်။ ကုန်အဝင်နည်းပါးခြင်းနှင့် ရာသီဥတုကြောင့်ဖြစ်ပေါ်လာသော အခက်အခဲများကြောင့် လက်ကား ဈေးနှုန်းများ ပိုမိုမြင့်တက်လာစေခဲ့ပါသည်။

ဈေးနှုန်းမြင့်တက်လာခြင်းသည် အိမ်ထောင်စုများ၏ လစဉ်အသုံးစရိတ်ကို စတင်၍ ထိခိုက် လာပြီဖြစ်ပါသည်။ ခရမ်းချဉ်သီးသည် အင်ဒိုးမြို့တွင် ဟင်းချက်ရာ၌ မရှိမဖြစ် အသုံးပြုရသော ပါဝင် ပစ္စည်းတစ်ခုဖြစ်သဖြင့် မိသားစုများသည် ခရမ်းချဉ်သီး သုံးစွဲမှုကို လျှော့ချရမည် (သို့မဟုတ်) ငွေပိုမိုသုံးစွဲရမည်သာ ဖြစ်သည်” ဟု Vijay Nagar တွင် နေထိုင်သူ Neha Sharma က ပြောကြားခဲ့ ကြောင်း ( ၂၂.၆.၂၀၂ )တွင် ထုတ်ပြန်ခဲ့သော Fresh Plaza Website ၏သတင်းအရ သိရှိရပါသည်။


Source https://www.freshplaza.com/asia/article/9848480/indian-tomato-prices-more-than-double-as-local-supplies-decline/

တင်ပြသူ ဒေါ်အေးစုမွန်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၆ခုနှစ်၊ ဇွန်လ (၂၃) ရက်

စစ်ဆေးသူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ ၊ စိုက်ပျိုးရေးဦးစီးဌာန





ဆက်စပ် သတင်းများ