ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့ လိုင်ချီးသီး တန်ချိန် ၁၆,၀၀၀ တင်ပို့လျက်ရှိ

  • Mon, 29 June 2026

ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့ လိုင်ချီးသီး တန်ချိန် ၁၆,၀၀၀ တင်ပို့လျက်ရှိ


    လိုင်ချီးသီးရိတ်သိမ်းရာသီစတင်ချိန်မှ ဇွန်လ ၁၄ ရက်နေ့အတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်းနီးပါး တန်ဖိုးရှိသည့် လတ်ဆတ်သော လိုင်ချီးသီး တန်ချိန် ၁၆,၀၀၀ ကျော်ကို ဗီယက်နမ်မှ တရုတ်နိုင်ငံသို့ Kim Thanh အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ် အမှတ် ၂ မှတစ်ဆင့် တင်ပို့ခဲ့ပါသည်။

ဒေသဆိုင်ရာ အကောက်ခွန်ဌာနခွဲ VII အောက်ရှိ Lao Cai အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ် အကောက်ခွန်အဖွဲ့၏ အဆိုအရ လိုင်ချီးသီးများ တင်ဆောင်လာသော ကုန်တင်ကား ၁,၅၀၀ နီးပါးသည် နယ်စပ်ဂိတ်မှတဆင့် ပို့ကုန်လုပ်ငန်းစဉ်များဖြင့် တင်ပို့ခဲ့ပါသည်။

Lao Cai စီးပွားရေးဇုန် အာဏာပိုင်အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးက Bac Ninh ပြည်နယ်၏ ဇွန်လ ၁၀ ရက်နေ့တွင် လိုင်ချီးခူးဆွတ်မှုသည်   သီးနှံအထွက်အမြင့်ဆုံးကာလသို့ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

Kim Thanh အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ် အမှတ်၂ တွင် ရိတ်သိမ်းမှု ဆက်လက် ဆောင်ရွက်လျက်ရှိပြီး တစ်နေ့လျှင် ကုန်တင်ကားစီးရေ ၇၀ မှ ၁၀၀ အထိ တိုးတက်တင်ပို့ရန် မျှော်လင့်် ရပါသည်။

သစ်သီးတင်ပို့ စီးဆင်းမှုကို စီမံခန့်ခွဲရာတွင် လတ်ဆတ်သည့် လိုင်ချီးသီးများ တင်ဆောင် လာသော ကုန်တင်ကားများကို ကားအစီးရေ ၁၀၀ ခန့်ဆံ့သည့် သီးသန့်ကားရပ်နားသည့် နေရာသို့ ရပ်နားရန် ညွှန်ကြားထားပါသည်။

ပို့ကုန်ရှင်းလင်းရေး လုပ်ထုံးလုပ်နည်းများအတွက် အကောက်ခွန်စာရွက်စာတမ်းများဆောင်ရွက်  ပြီးစီးပြီးနောက် ယာဉ်များကို ကြီးကြပ်ရေးဧရိယာသို့ ရွှေ့ပြောင်းထားရပါသည်။

အာဏာပိုင်များ၏အဆိုအရ အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် စာရွက်စာတမ်းလိုအပ် ချက်များကို ပို့ကုန်လုပ်ငန်းရှင်များမှ စာရွက်စာတမ်းများ ကြိုတင်ပြင်ဆင် နိုင်စေရန်နှင့် ဖြစ်ပွားနိုင်ခြေရှိသော   နှောင့်နှေးကြန့်ကြာမှုများကို   လျှော့ချနိုင်စေရန်အတွက် အများပြည်သူသိရှိနိုင်စေရန် ထုတ်ပြန်ကြေငြာထားပါသည်။

Lao Cai စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့သည် မေလအစောပိုင်းတွင်လည်း ရာသီမတိုင်မီ ကုန်စည်စီမံခန့်ခွဲမှုနှင့် ဝန်ထမ်းခန့်အပ်မှုများကို ညှိနှိုင်းဆောင်ရွက်ရန်အတွက် အစည်းအဝေးများ ကျင်းပခဲ့သည်။

ဤအစီအစဉ်များကြောင့် နယ်စပ်ဂိတ် တရားဝင်ဖွင့်လှစ်ခြင်းမတိုင်ခင် မိနစ် ၄၅ မှ ၆၀ အတွင်း အကောက်ခွန်လုပ်ထုံးလုပ်နည်းများ စတင်ဆောင်ရွက်နိုင်ပါသည်။

တင်ပိုသည့်ရာသီအတွင်း သယ်ယူပို့ဆောင်စဉ်များဖြစ်သည့် ထုတ်ကုန်အရည်အသွေးကို ထိန်းသိမ်းရန်အတွက် မနက်ခင်းအချိန်များတွင် လတ်ဆတ်သော   မနက်ခင်းအချိန်များတွင် လတ်ဆတ်သော လိုင်ချီးသီးများကို ဦးစားပေးရောင်းချနေသည်ကို ၁၉.၆.၂၀၂၆ ရက်နေ့က ဖတ်ရှုခဲ့ရသည့် Fresh Plaza website ၏ သတင်းအရ သိရှိရပါသည်။


Source https://www.freshplaza.com/asia/article/9848001/vietnam-exports-16-000-tons-of-lychees-to-china/

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၃) ရက်

စစ်ဆေးသူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ