ဝယ်လိုအား ကျဆင်းမှုကြောင့် သကြားဈေးနှုန်း သုံးပတ်အတွင်း ကျဆင်းလျက်ရှိ

  • Fri, 3 November 2023

ဝယ်လိုအား ကျဆင်းမှုကြောင့် သကြားဈေးနှုန်း သုံးပတ်အတွင်း ကျဆင်းလျက်ရှိ


       ဝယ်လိုအားနည်းသောကြောင့် သုံးပတ်အတွင်း သကြားဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ် ၃၇၅၀ ကျပ်အထိ ကျဆင်းသွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) မှ သိရှိရပါသည်။


ပြည်တွင်းသကြားဈေးကွက်တွင် အောက်တိုဘာလ ပထမပတ်အတွင်း တစ်ပိဿာလျှင် ၃၈၂၀ ကျပ်နှုန်းရှိပြီး ဈေးနှုန်းကျဆင်းခဲ့ပါသည်။သို့သော်လည်း လက်ရှိသကြားဈေးနှုန်းသည် ယခင်နှစ်များကထက် မြင့်မားနေဆဲ ဖြစ်သည်။ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် သကြားဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ် ၁,၀၀၀ အောက်၌ ရှိနေသည်။

ယခုနှစ်အတွင်း သကြားဈေးနှုန်းတက်လာခြင်းကြောင့် ကြံစိုက်ပျိုးသူများ တိုးချဲ့စိုက်ပျိုး ရန်မျှော်မှန်းထားကြောင်းကို မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ သိရှိရပါသည်။ ၂၀၂၃ - ၂၀၂၄ ကြံစိုက်ပျိုးရာသီတွင် သကြားစက်ပေါက်ဈေး ကြံတစ်တန်လျှင် ၁၂၀,၀၀၀ ကျပ်အထိ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ကြံစိုက်ပျိုးသူများအား အသိပေးထားပါသည်၊၊

မြန်မာနိုင်ငံတွင် နှစ်စဉ်သကြားထုတ်လုပ်မှု တန်ချိန် ၄၅၀,၀၀၀ ခန့်ရှိခဲ့ပါသည်။ အစောပိုင်း ကာလတွင် ပြည်တွင်းစားသုံးမှုဖူလုံရုံမက မြန်မာနိုင်ငံမှ သကြားကို တရုတ်နှင့် ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခဲ့ပါသည်။ ယခုကာလတွင် ဗီယက်နမ်နိုင်ငံသို့သာတင်ပို့နိုင်ကြောင်း အဆိုပါအသင်းမှသိရှိရ ပါသည်။

ကြံကို စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် အများဆုံးစိုက်ပျိုးပါ သည်။ ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင်လည်း စိုက်ပျိုးသည်ကိုတွေ့ရှိရပါသည်။

ကြံကို ဒီဇင်ဘာလမှ ဇန်နဝါရီလတွင်စိုက်ပျိုးပြီး၊ နောက်တစ်နှစ် နိုဝင်ဘာလမှ ဖေဖော်ဝါရီ လတွင်ရိတ်သိမ်းနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ကြံစိုက်ပျိုးရာသီလည်ပတ်မှုမှာ ၄နှစ်ကြာ မြင့်ပါသည်။


Source

https://www.gnlm.com.mm/sugar-price-heads-for-three-week-fall-in-faltering-demand/#article-title


တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ