ဇန်နဝါရီလ၊ (၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ အုန်းအခြေခံထုတ်ကုန် ကုန်စည်ပြပွဲနှင့်ပြိုင်ပွဲများကို ပုသိမ်မြို့၌ ကျင်းပမည်

  • Wed, 24 January 2024

ဇန်နဝါရီလ၊ (၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ အုန်းအခြေခံထုတ်ကုန် ကုန်စည်ပြပွဲနှင့်ပြိုင်ပွဲများကို ပုသိမ်မြို့၌ ကျင်းပမည်


အုန်းအခြေခံထုတ်ကုန် ကုန်စည်ပြပွဲနှင့် ပြိုင်ပွဲကို ဇန်နဝါရီလ (၂၂)ရက်နေ့မှ (၂၄)ရက်နေ့ အထိ ပုသိမ်မြို့၌ (၃)ရက်ကြာကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲ၌ အုန်းအခြေခံစားသောက်ကုန်များ၊ အလှကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့် လက်မှုပစ္စည်းများ ခင်းကျင်းပြသမည်ဖြစ်သည်။

ကုန်စည်ပြပွဲဖြစ်မြောက်ရေးကော်မတီသည် ကုန်စည်ပြပွဲကိုအခမဲ့ ခင်းကျင်းပြသခွင့်ပေးမည့် အပြင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးစီအတွက် ဆိုင်ခန်းနေရာ၊ အစားအသောက်နှင့် ခရီးစရိတ် တို့ကိုပါ ပေးမည်ဖြစ်ပါသည်။

ပြပွဲလာရောက်ပြသရန် စိတ်အားထက်သန်သူများအနေဖြင့် မြန်မာနိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (ဧရာဝတီတိုင်းဒေသကြီး) ဖုန်းနံပါတ် ၀၉၄၂၂၄၆၈၅၇၀/ ၀၉၇၉၄၅၂၇၃၈၁ သို့ ဇန်နဝါရီလ  (၁၈)ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်နိုင်ရန် ဖိတ်ကြားထားပါသည်။

မြန်မာနိုင်ငံသည် ACEMES-ROK ရန်ပုံငွေ လက်အောက်ရှိ အလားအလာရှိသော ထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက် စီမံကိန်းကို ၂၀၂၃ ခုနှစ်၊ မေလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းကို မြန်မာနိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံမှသိရသည်။ အဆိုပါ ရန်ပုံငွေအောက်တွင် “အလားအလာရှိသောထုတ်ကုန် (အုန်း) တန်ဖိုးကွင်းဆက်” စီမံကိန်း၌ ဧရာဝတီတိုင်းဒေသကြီးရှိ အုန်းအခြေခံလက်မှုသင်တန်းများလည်း ပါဝင်ပါသည်။

ဤသင်တန်းသည် စွန့်ပစ်အုန်းခွံများကို စျေးကွက်အတွင်း ရောင်းချနိုင်သော လက်မှု ပစ္စည်းများအဖြစ်သို့ ပြောင်းလဲရန် လက်တွေ့ကျသောနည်းလမ်းများကို သင်ကြားပေးပါသည်။ သင်တန်းသားများသည် အုန်းခွံရွေးချယ်ခြင်း၊ ဒီဇိုင်းထုတ်ခြင်း၊ ဖြတ်တောက်ခြင်း၊ အရောင်တင်ခြင်း၊ အခြောက်ခံခြင်းနှင့် လက်နက်ကိရိယာများကို အသုံးပြု၍ တပ်ဆင်ခြင်းစသည့် နည်းလမ်းများကို တစ်ဆင့်ပြီးတစ်ဆင့် သင်ယူရမည်ဖြစ်သည့်အပြင် အခြေခံပုံဆွဲဘာသာရပ်လည်း ပါဝင်မည်ဖြစ်သည်။

သင်တန်းသားများသည် မီးအိမ်များ၊ မီးအုပ်ဆောင်းများ၊ ခန်းဆီးလိုက်ကာများ၊ လည်ဆွဲများ၊ သော့ချိတ်များနှင့် နားဆွဲ နားကပ်များကဲ့သို့သော အုန်းလက်မှုထည်များကို လက်တွေ့ ကျကျ ပြုလုပ်ရမည့်အပြင် သင်တန်းပြီးဆုံးပါက ပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်လည်း ရရှိမည်ဖြစ်ကြောင်းကို (၁၈.၁.၂၀၂၄)ရက်နေ့က ဖတ်ရှုခဲ့ရသည့် The Global News Light of Myanmar ၏ သတင်းဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။

Source https://www.gnlm.com.mm/coconut-based-products-expo-and-competition-to-take-place-in-pathein-on-22-24-jan/

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ