ပြည်တွင်း၊ ပြည်ပဝယ်လိုအားကောင်းခြင်းကြောင့် မြေပဲဈေးနှုန်း မြင့်တက်လျက်ရှိ

  • Wed, 24 January 2024

ပြည်တွင်း၊ ပြည်ပဝယ်လိုအားကောင်းခြင်းကြောင့် မြေပဲဈေးနှုန်း မြင့်တက်လျက်ရှိ


ပြည် တရုတ်ဝယ်လက်များ နှင့် ပြည်တွင်း ဆီစက်များ၏ ဝယ်လိုအား အားကောင်းမှုကြောင့် မြေပဲဈေးနှုန်း တက်လာကြောင်း မန္တလေး ကုန်စည်ဒိုင် လက်ကားရောင်းဝယ်ရေး စင်တာမှသတင်း ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလလယ်တွင် ဈေးနှုန်းအတက်အကျရှိပြီး ပြည်တွင်းဈေးကွက်အတွင်း မျိုးအပေါ် မူတည်၍ တစ်ပိဿာလျှင် ၆၃၀၀ - ၈၁၀၀ ကျပ် ကြားရှိပါသည်။  ဒီဇင်ဘာလဆန်းပိုင်း စံချိန်တင်နှုန်းထားများနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၅၀၀ - ၁,၀၀၀ ကျပ် အထိ တိုးမြင့် လာခြင်းဖြစ်သည်။ ပြည်ပနှင့် ပြည်တွင်းဝယ်လိုအား အားကောင်းမှုကြောင့် ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် တစ်ပိဿာ လျှင် ၇,၅၅၀ - ၁၁,၀၀၀ ကျပ် အကြားစံချိန်တင် မြင့်မားသောဈေးနှုန်း များဖြစ်ပေါ်ခဲ့ပါသည်။

မြန်မာနိုင်ငံသည် နှမ်း၊ မြေပဲဆန်အပါအဝင် ဆီထွက်သီးနှံများကို ပြည်ပနိုင်ငံများသို့တင်ပို့ လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံသို့ စားအုန်းဆီတင်ပို့ရောင်းချလျက်ရှိသည့် ကမ္ဘာ့ထိပ်တန်း စားအုန်းဆီတင်ပို့သူ အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းစားအုံးဆီပြတ်လပ်မှုကို ဖြေရှင်းရန်အတွက် စားသုံးဆီတင်ပို့မှုကို တားမြစ်ခဲ့ပါသည်။အကျိုးဆက်အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ကုန်သွယ်မှုဌာနမှလည်း ဆီထွက်သီးနှံ များ (မြေပဲနှင့်နှမ်း) တင်ပို့မှုအား ၂၀၂၂ ခုနှစ် မေလ ၉ ရက်မှ ယာယီရပ်ဆိုင်းခဲ့ပါသည်။ 

ကမ္ဘာ့ထိပ်တန်း စားအုန်းဆီတင်ပို့ရောင်းချသူများသည် ပုံမှန်လုပ်ငန်းများပြန်လည် လည်ပတ်လာသည့်အခါတွင်မှ မြန်မာနိုင်ငံမှ စားသုံးဆီသီးနှံများ တင်ပို့မှုကို ပြန်လည်စတင်ခဲ့ ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ လက်ရှိဘဏ္ဍာရေးနှစ် (၂၀၂၃-၂၀၂၄) ၏ ကုန်လွန်ခဲ့ပြီးဖြစ်သည့် ကိုးလတာကာလအတွင်း မြန်မာ နိုင်ငံသည် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် နိုင်ငံခြား ဈေးကွက်သို့ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၉၅၄ သန်းတန်ဖိုးရှိ ကီလိုဂရမ် ၁၁၀၀၀ ကျော် တင်ပို့ခဲ့ပါကြောင်းကို (၁၇-၁-၂၀၂၄) ရက်နေ့ထုတ် Global New Light Of Myanmar သတင်း အရသိရှိရပါသည်။


Source https://www.gnlm.com.mm/strong-domestic-foreign-demand-elevate-peanut-prices/

တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ