ဟင်္သာတငရုတ်သီးများ အမြင့်ဆုံးစျေးဖြင့် ဈေးကွက်အတွင်း ဝင်ရောက်

  • Wed, 31 January 2024

ဟင်္သာတငရုတ်သီးများ အမြင့်ဆုံးစျေးဖြင့် ဈေးကွက်အတွင်း ဝင်ရောက်


ဟင်္သာတမြို့မှ မိုးထောင်ငရုတ်သီးအသစ်နှင့် ငရုတ်သီးအနီတောင့်ရှည်အသစ်များ ရန်ကုန် ဈေးကွက်သို့ ဇန်နဝါရီလ (၁၈)ရက်နေ့မှစတင်၍ ရောက်ရှိလာကြောင်း ငရုတ်ကုန်သည်များထံမှ သိရှိရပါသည်။

မိုးထောင်ငရုတ်သီးအသစ် နှင့် ဟင်္သာတငရုတ်သီး အနီတောင့်ရှည် ဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၁၃,၀၀၀)ကျပ် နှင့် (၁၃,၅၀၀)ကျပ် အသီးသီး ပေါက်ဈေးရှိပါသည်။ သို့သော် ဈေးနှုန်းမြင့်မားမှုကြောင့် ဝယ်လိုအား  အလွန်နည်းပါသည်။

ယခုရက်ပိုင်းအတွင်း အခြားငရုတ်သီးဈေးနှုန်းများမှာ သာစည်ငရုတ်ရှည် တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ် နှင့် စလင်းမှ ငရုတ်သီးအနီတောင့်ရှည် အစို တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ငရုတ်သီး၏ အသေးစိတ်လက္ခဏာ များကို ကြည့်ပါက သာစည်ငရုတ်သီးတောင့်ရှည်သည် အရောင်ဖျော့ကာ အခွံပါးပြီး ဟင်္သာတ ငရုတ်သီးတောင့်ရှည်သည် ကွေးသောပုံသဏ္ဍာန်ရှိပါသည်။ ပန်းရဲငရုတ်သီးတောင့်ရှည် တစ်မျိုး တည်းသာ ဝယ်လိုအား မြင့်မားပါသည်။

အအေးခန်းစနစ်ဖြင့် သိုလှောင်ထားသည့် မိုးထောင်ငရုတ်သီး တစ်ပိဿာလျှင် (၁၀,၈၀၀) ကျပ်၊ ပျော်ဘွယ်၊ ရမည်းသင်း နှင့် သဲတောမြို့နယ်များမှ မိုးထောင်ငရုတ်သီး ပေါက်ဈေးမှာ တစ်ပိဿာလျှင် (၁၀,၅၀၀)ကျပ်၊ ရှမ်းပြည်နယ်မှ မိုးထောင်ငရုတ်သီး တစ်ပိဿာလျှင် (၁၀,၀၀၀) ကျပ်နှင့် ဟင်္သာတမှ မိုးထောင်ငရုတ်သီး တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ် ပေါက်ဈေးရှိပါသည်။  အညှာခြွေထားသည့် ငရုတ်သီးများ နှင့် မိုးငရုတ်သီးများကို နယ်စပ်မြို့များသို့ ပို့ဆောင်ကြပါသည်။ 

ဝါးခယ်မ၊ အိမ်မဲ၊ ရွှေလောင်း နှင့် ပန်းတနော်ဒေသများမှ ငရုတ်သီးများသည် သင်္ကြန် ကာလအတွင်း ရန်ကုန်ဈေးကွက်သို့ရောက်ရှိရန် မျှော်မှန်းထားကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားပါသည်။ ယခင်နှစ်က ယင်းဒေသများမှထွက်ရှိသော ငရုတ်သီးတောင့်ရှည် လက်ကျန် တချို့သည် ဂိုဒေါင်များတွင် ကျန်ရှိနေပါသေးသည်။ တစ်ပိဿာလျှင် (၆၀၀၀-၇၀၀၀)ကျပ် ရှိသော်လည်း အညိုရောင်ပြောင်းသွားသည့် ငရုတ်သီးများကို အခြောက်ခံရန်အတွက်သာ အသုံးပြုသင့်ပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့ ပေါက်ဈေးမှာ ဟင်္သာတမှ ငရုတ်သီးအနီတောင့်ရှည် အသစ် တစ်ပိဿာလျှင် (၁၃,၀၀၀)ကျပ်၊ ပန်းရဲငရုတ်နီအသစ် တစ်ပိဿာလျှင် (၁၂,၀၀၀)ကျပ်၊ မိုးထောင်ငရုတ်သီး တစ်ပိဿာလျှင် (၁၂,၀၀၀)ကျပ်နှင့် ဆင်ဖြူကျွန်းမှ ငရုတ်ပွသီး အစို တစ် ပိဿာလျှင် (၁၆,၀၀၀) ကျပ် အသီးသီးရှိကြောင်း အချက်အလက်ဟောင်းများအရ သိရှိရပါသည်။

မြစ်ဝကျွန်းပေါ်ဒေသများမှ ငရုတ်သီးအထွက်နှုန်း မြင့်မားလာခြင်းကြောင့် ငရုတ်သီး ဈေးများ ကျဆင်းဖွယ်ရှိကြောင်း စိန်ပန်းလမ်းရှိ ဘုရင့်နောင်ဒိုင်မှ ငရုတ်နှင့်နနွင်း ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

ဟင်္သာတမှ ငရုတ်သီးများသည် မြစ်ဝကျွန်းပေါ်ဒေသရှိ အခြားဒေသများမှ ငရုတ်သီး များထက် လအနည်းငယ်စောပြီး ရန်ကုန်ဈေးကွက်သို့ ရောက်ရှိလာသောကြောင့် ဟင်္သာတ ငရုတ်သီးများသည် ဈေးနှုန်းမြင့်ပါသည်။

သို့သော်လည်း ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် အရောင်းအ၀ယ်နည်းပါးနေပြီး ကုန်တင် ယာဉ်များ ဝင်ရောက်မှုနည်းပါးသည်ဟု  ကုန်သည်များက ပြောကြားခဲ့ကြောင်းကို (၂၂.၁.၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော The Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။


Source https://www.gnlm.com.mm/hinthada-chillies-arrive-in-market-at-high-price/


တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ