ဆောင်းရာသီအတွင်း ကွမ်းရွက်အထွက်နှုန်းကျဆင်းချိန်၌ ဈေးနှုန်းများ မြင့်တက်

  • Wed, 7 February 2024

ဆောင်းရာသီအတွင်း ကွမ်းရွက်အထွက်နှုန်းကျဆင်းချိန်၌ ဈေးနှုန်းများ မြင့်တက်


ဆောင်းရာသီအတွင်း ကွမ်းရွက်အထွက်နှုန်းကျဆင်းချိန်၌ ဈေးနှုန်းများ မြင့်တက်

ကွမ်းခြံများသည် ဆောင်းရာသီတွင် သွင်းအားစု မထည့်သွင်းနိုင်မှုကြောင့် အထွက်နှုန်း ကျဆင်းခဲ့သော်လည်း ကွမ်းရွက် တစ်ပိဿာလျှင် ကျပ်(၂၀,၀၀၀)ကျော်အထိ ဈေးတက်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကွမ်းခြံလုပ်ငန်း လုပ်ကိုင်နေသည့် ဒေသခံများက ပြောကြားခဲ့ပါသည်။

ကွမ်းရွက်စိုက်ပျိုးခြင်းတွင် မှိုရောဂါကျရောက်မှုကို ကာကွယ်နိုင်ရန် စနစ်ကျသည့် စိုက်ပျိုး ပြုစုမှုနည်းစနစ်များ လိုအပ်ပါသည်။ ထို့ပြင် ကွမ်းပင်များ မြစ်ပုတ်ရောဂါ၊ ပင်ခြေပုပ်ရောဂါ နှင့် ပင်ခြောက်ရောဂါများမှ ကာကွယ်ရန် ရေအလွန်အကျွံပေးခြင်း နှင့် အစိုဓာတ်လွန်ကဲခြင်းများ မဖြစ်သည့် မြေဆီလွှာ လိုအပ်ပါသည်။

လက်ရှိပေါက်ဈေးမှာ မျိုးများအပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ် (၁၅,၀၀၀)မှ ကျပ် (၂၀,၀၀၀) အကြား ပေါက်ဈေးရှိပြီး ဈေးနှုန်းတက်လာခြင်းသည် ကွမ်းစိုက် တောင်သူများအတွက် အကျိုးရှိကြောင်း ပွင့်ဖြူမြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။

ခြောက်သွေ့သော  ပွင့်ဖြူမြို့နယ်တွင်  နေထိုင်သူများအတွက်  စိုက်ပျိုးရာသီသုံးရာသီလုံး (နွေ၊ မိုး နှင့် ဆောင်း)တွင် လုံလောက်သော စိုက်ပျိုးရေ ပေးဝေမှုရှိပါသည်။ အဆိုပါ ဧရိယာတွင် ဝင်ငွေတိုးပွားစေရန်အတွက် ကြားသီးနှံစိုက်ပျိုးသည့်စနစ်ကိုလည်း ကျင့်သုံးကြပါသည်။

ကွမ်းရွက်စိုက်ပျိုးခြင်းသည် လုပ်ကွက်ငယ် တောင်သူလယ်သမားများအတွက် လုပ်အားနှင့် ၀င်ငွေရစေမည့် သင့်လျော်သော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည်။ ပွင့်ဖြူမြို့နယ်ရှိ ဒေးဒရဲ၊ ဝဲဒေါင်၊ သမန်းရင်း နှင့် မုန်းချောင်းကျေးရွာများမှ ဒေသခံများသည် ၎င်းတို့၏ စားဝတ်နေရေး အတွက် ဤလုပ်ငန်းကို မှီခိုအားထားနေရပါကြောင်းကို (၁. ၂. ၂၀၂၄) ရက်နေ့က ဖတ်ရှုခဲ့ရသည့် Global New Light of Myanmar ၏ သတင်းဆောင်းပါးမှတဆင့် သိရှိခဲ့ရသည်။

Source https://www.gnlm.com.mm/betel-leaves-prices-rise-amid-yield-drop-in-winter/


တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၇) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ