အမေရိကန်စိုက်ပျိုးရေးကဏ္ဍ အားကောင်းစေရန် ကုန်သွယ်မှုနှင့် တင်ပို့မှုများ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်

  • Thu, 28 March 2024

အမေရိကန်စိုက်ပျိုးရေးကဏ္ဍ အားကောင်းစေရန် ကုန်သွယ်မှုနှင့် တင်ပို့မှုများ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်



(၂၀၂၃)ခုနှစ်တွင် အမေရိကန်လယ်ယာထွက်ကုန် စုစုပေါင်းတင်ပို့မှုသည် ဒေါ်လာ (၁၇၄.၉) ဘီလီယံအထိ ရှိခဲ့သောကြောင့် အမေရိကန်၏ စိုက်ပျိုးရေးသည် အားကောင်းနေဆဲပင် ဖြစ်သည်။ အမေရိကန်စိုက်ပျိုးရေးအတွက် အမေရိကန်စိုက်ပျိုးရေးဌာန၏ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှုများ လုပ်ဆောင်နေသောကြောင့် အမေရိကန်လယ်သမားများ၊ စိုက်ပျိုးမွေးမြူရေးခြံပိုင်ရှင်များနှင့် စိုက်ပျိုး စီးပွားလုပ်ငန်းပိုင်ရှင်များသည် နိုင်ငံရပ်ခြားတွင် အောင်အောင်မြင်မြင် ဆက်လက်လုပ်ကိုင်နေပါသည်။

တင်ပို့မှုများသည် အမေရိကန်၏ လယ်ယာကဏ္ဍနှင့် နိုင်ငံ့စီးပွားရေး ကောင်းမွန်မှုအတွက် အရေးကြီးပါသည်။ အမေရိကန်စိုက်ပျိုးရေးဌာနနှင့် Biden-Harris အုပ်ချုပ်ရေးအဖွဲ့တို့က  အမေရိကန် စိုက်ပျိုးရေးလုပ်ငန်းသည် ကမ္ဘာတစ်ဝှမ်းသို့ အခွင့်အလမ်းများ နှင့် အပြည့်အဝ တရားမျှတစွာ ဝင်ရောက်နိုင်စေရေး သေချာစေရန် ဥပဒေပြုခဲ့ပါသည်။

ကုန်သွယ်မှုမူဝါဒနယ်ပယ်တွင် အမေရိကန်စိုက်ပျိုးရေးဌာနသည် ဗီယက်နမ်၌ ဂရိတ်ဖရုသီး ဈေးကွက်အသစ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့အတူ ဂျပန်သို့ အီသနော တင်ပို့မှု တိုးမြင့် လာကာ အိန္ဒိယရှိ ကုလားပဲ၊ ပဲနီလေး၊ ဗာဒံစေ့၊ သစ်ကြားသီးနှင့် ပန်းသီးများအပေါ် တုံ့ပြန် စည်း ကြပ်ခွန်များကိုလည်း ဖယ်ရှားပေးခဲ့သည်။ (၂၀၂၃)ခုနှစ်တွင် ကုန်သွယ်ရေး အသာစီး ရရှိမှုသည် အမေရိကန်စိုက်ပျိုးရေး ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ (၆.၄) ဘီလီယံနီးပါးတန်ဖိုးရှိသော   စျေးကွက်အလားအလာများသို့ ဝင်ရောက်ခွင့်ရရှိစေရန် ကူညီခဲ့သည်။

FAS သည် (၂၀၂၃)ခုနှစ်တွင် ကုန်သွယ်ရေးမစ်ရှင်ငါးခုကို ကျင်းပခဲ့ပြီး ဗဟိုနှင့် တောင် အမေရိက၊ ဥရောပ၊ အရှေ့အာရှနှင့် အရှေ့တောင်အာရှရှိ ဝယ်ယူသူများ နှင့် အမေရိကန် ထုတ်လုပ် တင်ပို့သူများကို ချိတ်ဆက်ပေးခဲ့သည်။ မစ်ရှင်များသည် (၁၂)လတာ စီမံကိန်းလည်ပတ်မှုအတွင်း ဒေါ်လာသန်း (၇၀)နီးပါး အကျိုးခံစားခွင့်ရရှိသည့် စီးပွားရေးလုပ်ငန်းစုအချင်းချင်း အစည်းအဝေး ပေါင်း (၁,၆၀၀)ကျော်ကို ကမကထ ပြုလုပ်ပေးပါသည်။ FAS သည် နိုင်ငံပေါင်း (၁၅)နိုင်ငံရှိ နိုင်ငံ တကာကုန်စည်ပြပွဲ (၂၅)ခုတွင် အမေရိကန် အစားအသောက်ခင်းကျင်းပြသမှုများ နှင့် ပြပွဲများကို စီစဉ်ပေးခဲ့ပြီး US ကုမ္ပဏီများနှင့် အဖွဲ့အစည်းပေါင်း (၈၂၀)သည် ၎င်းတို့၏ ထုတ်ကုန်များကို ကမ္ဘာ လုံးဆိုင်ရာ ဝယ်ယူသူများထံ ပြသနိုင်ခဲ့ပြီး ရည်မှန်းထားသည့် (၁၂)လအတွင်း ဒေါ်လာ(၁.၅) ဘီလီယံအထိ အကျိုးခံစားခွင့် ရရှိခဲ့ပါသည်။

(၂၀၂၃) ခုနှစ်  အောက်တိုဘာလတွင်  USDA  သည် ရင်းနှီးမြှုပ်နှံမှုနည်းပါးသော ဈေးကွက် များကို အလေးပေးသည့် စျေးကွက်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုအသစ်ဖြစ်သည့်  ဒေသဆိုင်ရာ စိုက်ပျိုးမှု မြှင့်တင်ရေးအစီအစဉ် (RAPP)ကို စတင်ခဲ့သည်။ ဒေါ်လာ (၁.၂)ဘီလီယံရှိ ပဏာမ ခြေလှမ်းသည် ပို့ကုန်လုပ်ငန်းရှင်များကို စျေးကွက်အသစ်များသို့ ဖြန့်ကျက်စေပြီး ကြီးထွားလာ နေသော စျေးကွက်များတွင် စျေးကွက်ဝေစု ရရှိရေးကို တိုးမြင့်စေပါသည်။ RAPP သည် အာဖရိက၊ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှတို့တွင် အရည်အသွေးမြင့် စား သောက်ကုန် အမျိုးမျိုးအတွက် ဝယ်လိုအားများစွာရရှိနေသည့် တိုးပွားလာသော လူလတ်တန်းစား များကို ရည်ရွယ်ထားကြောင်းကို (၁၉.၃.၂၀၂၄)ရက်နေ့က ဖတ်ရှုခဲ့ရသည့် https://fas.usda.gov အရ သိရှိခဲ့ရသည်။


Source https://fas.usda.gov/newsroom/trade-and-exports-continue-strengthen-american-agriculture 

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မတ်လ(၂၆) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန










ဆက်စပ် သတင်းများ