စိုက်ပျိုးရေးဦးစီးဌာနသည် နိုင်ငံအနှံ့အပြား၌ ကော်ဖီစိုက်ဧကများကို (၅)နှစ်အတွင်း တိုးချဲ့စိုက်ပျိုးရန် စီစဉ်လျက်ရှိ

  • Thu, 4 April 2024

စိုက်ပျိုးရေးဦးစီးဌာနသည် နိုင်ငံအနှံ့အပြား၌ ကော်ဖီစိုက်ဧကများကို (၅)နှစ်အတွင်း တိုးချဲ့စိုက်ပျိုးရန် စီစဉ်လျက်ရှိ



စိုက်ပျိုးရေးဦးစီးဌာန၏ ကော်ဖီနှင့်ရာသီသီးနှံ ဌာနခွဲသည် (၂၀၂၃-၂၄)ဘဏ္ဍာနှစ်မှ စတင်ကာ လာမည့်ငါးနှစ်အတွင်း ကော်ဖီစိုက်ဧက (၃၀၀,၀၀၀)အထိ တိုးချဲ့စိုက်ပျိုးသွားရန် စီစဉ် လျက်ရှိကြောင်း သိရှိရပါသည်။

ကော်ဖီနှင့်ရာသီသီးနှံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ၎င်းတို့အနေဖြင့် ဇုန်လေးခုတွင် အာရေးဗီးကားကော်ဖီအမျိုးအစား ဧက (၂၀၀,၀၀၀)နှင့် ဇုန်သုံးခုတွင် ရိုဘတ်စတာကော်ဖီ အမျိုး အစား ဧက(၁၀၀,၀၀၀) စိုက်ပျိုးရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။ 

အာရေးဗီးကားကော်ဖီစိုက်ပျိုးမှုကို ပြင်ဦးလွင်၊ နောင်ချိုနှင့် မိုးကုတ်တို့တွင် (၇၅,၀၀၀) ဧက ဖြင့်လည်းကောင်း၊ ရွာငံ၊ ပင်းတယနှင့် နောင်တရားတို့တွင် (၃၅,၀၀၀) ဧက ဖြင့်လည်းကောင်း၊ ဟိုပုံး၊ ဟဲဟိုး၊ ပင်လောင်းနှင့် မိုးနဲတို့တွင် (၃၇,၀၀၀)ဧကဖြင့် လည်းကောင်း၊ ကျိုင်းတုံ၊ တာချီလိတ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် (၅၃၀၀၀)ဧကဖြင့် လည်းကောင်း စိုက်ဧက တိုးချဲ့ မည်ဖြစ်ပါသည်။ 

ရိုဘတ်စတာကော်ဖီစိုက်ပျိုးမှုကို တနင်္သာရီတိုင်းဒေသကြီးတွင် (၅၀၀၀၀)ဧကဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၂၅၀၀၀)ဧက နှင့် ကရင်ပြည်နယ်တွင် (၂၅၀၀၀)ဧက တို့ကို သတ်မှတ် အချိန်အတွင်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ 

အာရေးဗီးကားကော်ဖီအမျိုးအစားသည် အလွန်အေးသောရာသီဥတုရှိသည့် ကုန်းမြင့်ဒေသ များတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရိုဘတ်စတာအမျိုးအစားသည် ပိုပူသော အပူချိန်ကို ပိုမိုခံနိုင်ရည် ရှိပါသည်။ 

စိုက်ပျိုးရေးဦးစီးဌာနသည် အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် နည်းပညာ ကျွမ်းကျင်မှု၊ အသိပညာဗဟုသုတနှင့် ဈေးကွက်ဝင် ကော်ဖီပျိုးပင်များ မျှဝေပေးလျက် ရှိပါကြောင်း (၄.၂.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော  The Global New Light of Myanmar ကွန်ရက် ဆောင်းပါးအရသိရှိရပါသည်။



Source https://www.gnlm.com.mm/agri-dept-plans-expansion-of-coffee-plantations-nationwide-in-5-years/

တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ခုနှစ်၊ ဧပြီလ (၄) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ