နေကြာရိတ်သိမ်းချိန်ဖြစ်သောကြောင့် မန္တလေးတိုင်းဒေသကြီးတွင် နေကြာဆီဈေးနှုန်းကျဆင်း

  • Thu, 4 April 2024

နေကြာရိတ်သိမ်းချိန်ဖြစ်သောကြောင့် မန္တလေးတိုင်းဒေသကြီးတွင် နေကြာဆီဈေးနှုန်းကျဆင်း



မန္တလေးတိုင်းဒေသကြီးတွင် နေကြာရိတ်သိမ်းချိန် ဖြစ်သောကြောင့် နေကြာဆီဈေးနှုန်းကျ ဆင်းလာပြီး နေကြာဆီကြိတ်ဖတ် ဈေးနှုန်းမှာအနည်းငယ် ကျဆင်းခဲ့ပါကြောင်းကို ဈေးကွက် အတွင်းမှ သိရှိရပါသည်။

နေကြာရိတ်သိမ်းချိန်တွင် ယခင်က နေကြာဆီ ၁၀ ပိဿာဝင် တစ်ပုံးလျှင် လက်ကားဈေး ၁၂၅၀၀၀ ကျပ် ဖြင့်ရောင်းချခဲ့ကြောင်း၊ ပြန်လည်သန့်စင်ပြီးပါက ၁၅၀၀၀၀ - ၁၆၀၀၀၀ ကျပ် ဖြင့် ပြန်လည်ရောင်းချခဲ့ပါသည်။ ယခုအခါနေကြာဆီ စျေးနှုန်းမှာ (၁၀)ပိဿာတစ်ပုံးလျှင် ၅၀၀၀ ကျပ် ကျဆင်းသွားခဲ့ပြီး နေကြာဆီဈေးနှုန်းကျဆင်းခဲ့ခြင်းမှာ တစ်လခန့်ရှိပြီဟု ရမည်းသင်းမြို့နယ်မှ နေကြာတောင်သူဦးတင်ကြိုင်က Global News Light of Myanmar (GNLM) သို့ ပြောကြားခဲ့ ပါသည်။

နေကြာကို စားသုံးဆီအပြင် နွားစာအတွက် အသုံးပြုနိုင်သည့် နေကြာကြိတ်ဖတ်များကို လည်းထုတ်လုပ်ပြီးနောက် ၎င်း၏စျေးနှုန်းမှာလည်းကျဆင်းလျက်ရှိပါသည်။

နေကြာကြိတ်ဖတ်သည် ဘေးထွက်ပစ္စည်းတစ်ခုဖြစ်ပြီး နွားစာအတွက် အသုံးဝင်ပါသည်။ ဈေးနှုန်း မှာ တစ်ပိဿာ ၁၂၀၀ - ၁၃၀၀ ကျပ်ဖြစ်ပါသည်။ ၎င်း၏ ထုတ်လုပ်မှုသည် နွားစာအတွက် လုံလောက်မှုမရှိပါ။ ၎င်း၏စျေးနှုန်းသည်လည်း မများပါးလွန်းဘဲ တစ်ပိဿာလျှင် ၁၃၀၀ ကျပ် ရှိရာ မှ ၁၂၀၀ ကျပ်သို့ ကျဆင်းသွားပါကြောင်း နေကြာစေ့အနေဖြင့်လည်းရောင်းချပြီး အများစုကို နေကြာစေ့လှော်ထုတ်လုပ်ရောင်းချကြပါကြောင်း ၎င်းက ဆိုထားပါသည်။

နေကြာကိုစားသုံးဆီထုတ်လုပ်ရန်အတွက် စိုက်ပျိုးကြသော်လည်း အစေ့များကိုလည်း စား သုံးကြပါသည်။ မြန်မာနိုင်ငံသည် နေကြာစိုက်ခင်းများ တိုးချဲ့ရန် ကြိုးစားလျက်ရှိကြောင်းကို (၃-၄-၂၀၂၄) ရက်နေ့ထုတ် Global News Light of Myanmar သတင်းအရသိရှိရပါသည်။



Source https://www.gnlm.com.mm/sunflower-oil-price-falls-as-it-is-harvest-time-in-mandalay-region/


တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ