Baja California Sur ပြည်နယ်သည် ဒူဘိုင်းသို့ စိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှု တိုးချဲ့ရန် ကြိုးစားနေ

  • Thu, 4 April 2024

Baja California Sur ပြည်နယ်သည် ဒူဘိုင်းသို့ စိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှု တိုးချဲ့ရန် ကြိုးစားနေ



Baja California Sur ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံတော်၏ စိုက်ပျိုးရေး ထွက်ကုန်များအတွက် အရေးပါသောပံ့ပိုးကူညီမှုကြောင့် လူသိများလျက်ရှိပြီး ဒူဘိုင်းနှင့် အခြား အာရပ်ဒေသများသို့ ၎င်း၏စျေးကွက်ချဲ့ထွင်ရန် အာရုံစိုက်လျက်ရှိပါသည်။ တန်ဘိုးအားဖြင့် ပီဆို (၁၀,၀၀၀)တန်ကြေးရှိသော ဒေသတွင်းစိုက်ပျိုးရေးထွက်ကုန်  တန်ချိန် (၈)သိန်းကျော် ထွက်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်း (၆၀,၀၀၀)ဝန်းကျင် တိုက်ရိုက်ဖန်တီးပေးလျက်ရှိပြီး ထောပတ်၊ သရက် နှင့် ကညွတ်များ စားသုံးမှု မြင့်မားလျက်ရှိသည့် အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ဈေးကွက် အခွင့်အလမ်းတစ်ခုကို ဖော်ဆောင်ပေးနေပါသည်။ 

SEPADA (ငါး၊ ပုစွန်နှင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး အတွင်းရေးမှူးရုံး) ၏ အကြီးအကဲ José Alfredo Bermúdez Beltrán က Baja California Sur ပြည်နယ်သည် ကညွတ်တင်ပို့ရာတွင် ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး စိုက်ပျိုးဧရိယာ ဟက်တာပေါင်း (၇၅၀၀)ကျော်ရှိကြောင်း ပြောကြားခဲ့ ပါသည်။ ထို့အပြင် ၎င်းဒေသသည် Los Cabos နှင့် Commondú တို့တွင် ပေါက်ရောက်သော အော်ဂဲနစ်ပင်စိမ်း၏ အရေးပါသော ထုတ်လုပ်သူလည်းဖြစ်ပါသည်။

ပြည်နယ်အတွင်း စိုက်ပျိုးရေးအတွက် ရည်မှန်းထားသည့် ဟက်တာ (၃၀၀၀၀) အနက်မှ ဟက်တာ (၁၇၅၀၀)ကို တန်ဘိုးမြင့်သီးနှံများထုတ်လုပ်ခဲ့ပြီး ထုတ်လုပ်မှုတန်ဖိုး ခန့်မှန်းခြေ ပီဆို (၃၇၀၀)သန်း ရှိပါသည်။ ခန့်မှန်းစုစုပေါင်း ဧရိယာ ၄၅၀ ဟက်တာတွင် ပြောင်းလဲစိုက်ပျိုးသော သီးနှံများဖြစ်သည့် ကညွတ်၊ အယ်လ်ဖာဖာ၊ လိမ္မော်သီး၊ သရက်သီး၊ သဖန်းသီး၊ စွန်ပလွန်သီး၊ တိရစ္ဆာန်စာနှင့် အခြားထွက်ကုန်များ ပါဝင်ပါသည်။

ဒူဘိုင်းသို့ ပို့ကုန်များတိုးချဲ့တင်ပို့ရန် အစပျိုးမှုသည် Baja California Sur ပြည်နယ်ရှိ တောင်သူများအား တန်ဘိုးမြင့်သီးနှံများနှင့် ရေသုံးစွဲမှုတစ်ကုဗမီတာဖြင့် အထွက်နှုန်းမြင့်အောင် ပြန်လည်ပြုလုပ်ခြင်းသည် ၎င်းတို့၏ လယ်ယာများရှင်သန်နိုင်စွမ်းနှင့် နိုင်ငံတကာဈေးကွက်တွင် ထုတ်ကုန်များတိုးမြှင့်ရန် အကောင်းဆုံးဗျူဟာဖြစ်ကြောင်း (၃.၄.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန် ခဲ့သော Fresh Plaza website ၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။


Source https://www.freshplaza.com/asia/article/9614187/baja-california-sur-seeks-to-expand-agricultural-exports-to-dubai/


တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ