ပြည်တွင်းဂျုံအထွက်နှုန်းမြင့်မားသည့်အတွက် ပြည်ပမှ တင်သွင်းရမှုလျော့နည်း

  • Thu, 25 April 2024

ပြည်တွင်းဂျုံအထွက်နှုန်းမြင့်မားသည့်အတွက် ပြည်ပမှ တင်သွင်းရမှုလျော့နည်း


ယခုနှစ်ဂျုံသီးနှံရာသီတွင် ဂျုံစိုက်ပျိုးထုတ်လုပ်သည့်ဧကတိုးလာခြင်းနှင့် အထွက်နှုန်းမြင့်မားသည့်အတွက် ပြည်ပမှ ဂျုံများတင်သွင်းစရာမလိုလဲပြည်တွင်းဂျုံပမာဏအလုံအလောက်ရှိကြောင်းမန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောကြားခဲ့ပါသည်။ဂျုံမှုန့် (သို့်) ဂျုံစေ့များကိုဝယ်ယူရမည်ဆိုပါကနိုင်ငံခြားငွေဖြင့်  ပြည်ပမှ တင်သွင်းရမည်ဖြစ်ပါသည်။ ပြည်တွင်းဂျုံစားသုံးမှုပမာဏသည်နှစ်စဉ်မြင့်တက်လျက်ရှိပြီးပြီးခဲ့သည့်နှစ်တွင်ဂျုံစိုက်ပျိုးထုတ်လုပ်မှုမှာအသင့်အတင့်သာရှိခဲ့ပါသည်။မြန်မာနိုင်ငံ၌ဂျုံသီးနှံသည် စပါးပြီးလျှင် ဒုတိယအများဆုံးစားသုံးသည့် ကောက်ပဲသီးနှံဖြစ်သည့်အတွက် ယခုနှစ်တွင် ဂျုံစိုက်ဧရိယာများတိုးချဲ့စိုက်ပျိုးခဲ့ပြီးအထွက်နှုန်းများမြင့်တက်လာခဲ့ပါသည်။ ထို့ကြောင့် ပြည်ပမှ ဂျုံတင်သွင်းရန်မလိုအပ်ဘဲပြည်တွင်းမှထွက်ရှိသည့်ဂျုံပမာဏလုံလုံလောက်လောက်ရှိခဲ့ပါသည်။ယခုနှစ်တွင်နိုင်ငံတစ်ဝှမ်းလုံးမှ ထွက်ရှိသည့်ဂျုံများမန္တလေးဈေးကွက်သို့ဝင်ရောက်လာခဲ့ပါသည်။မြေပြန့်နှင့်တောင်ကုန်းတောင်တန်းဒေသနှစ်ခုလုံးသည် ဂျုံစိုက်ပျိုးထုတ်လုပ်ရန် သင့်တော်ပြီးအဓိကဂျုံစိုက်ပျိုးထုတ်လုပ်သည့်ဒေသများမှာစစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့်တောင်ပိုင်းဒေသတို့ဖြစ်ကြပါသည်။ ဂျုံမျိုးကွဲများစွာရှိသော်လည်းစစ်ကိုင်းတိုင်းဒေသကြီးရှိဘုတလင်နှင့် မြောင်မြို့နယ်တို့မှထွက်ရှိသောဂျုံသည် အရည်အသွေးအမြင့်ဆုံးဖြစ်ကြောင်းတွေ့ရှိရပါသည်။ ယခင်ကပြည်ပမှတင်သွင်းသည့် ဂျုံမှုန့်နှင့် ဂျုံစေ့များအပေါ်တွင် မှီခိုအားထားခဲ့ရပါသည်။ (၂၀၂၄)ခုနှစ်တွင် ပြည်တွင်းဂျုံစိုက်ပျိုးထုတ်လုပ်မှုပမာဏသည်နိုင်ငံ၏ပြည်တွင်းဂျုံလိုအပမှုပမာဏအတွက်အလုံအလောက်ရရှိမည်ဖြစ်သည့်အတွက် နိုင်ငံခြားငွေသုံးစွဲမှုပမာဏကိုလျော့ချပေးနိုင်မည်ဖြစ်ပါသည်။ထို့ပြင်ဂျုံစက်ရုံများလည်းပုံမှန်လည်ပတ်လျက်ရှိပါသည်။ဂျုံဈေးနှုန်းများသည်တစ်အိတ်လျှင်ကျပ်(၁၅၀,၀၀၀)သတ်မှတ်ထားကြောင်းဦးစိုးဝင်းမြင့်ကပြောကြားခဲ့ပါသည်။ဂျုံသီးနှံသည်ဆောင်းသီးနှံဖြစ်သည့် အ တွက်တစ်နှစ်လျှင်တစ်ကြိမ်သာစိုက်ပျိုးနိုင်ပါသည်။ဂျုံသီးနှံအားတောင်ကုန်းတောင်တန်းဒေသများဖြစ်သောစစ်ကိုင်းတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့်ကယားပြည်နယ်တို့တွင်စိုက်ပျိုးကြသည်။ ထို့ပြင် ချင်းပြည်နယ်နှင့်ချင်းတွင်းမြစ်အထက်ပိုင်းဒေသများတွင်လည်းစိုက်ပျိုးကြပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို၊ မုံရွာ၊ ဝက်လက်၊ ရေဦး၊ ခင်ဦး၊ မြောင်၊မြင်းမူမြို့နယ် နှင့် မန္တလေးတိုင်းဒေသကြီးသဲတော၊ ဝမ်းတွင်းနှင့် မြစ်သားမြို့နယ်တို့တွင် ဂျုံအဓိကစိုက်ပျိုးထုတ်လုပ်သည်ကိုတွေ့ရှိခဲ့ရပါကြောင်း(၂၀.၄.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သောhttps://www.gnlm.com၏ သတင်းအချက်အလက်များအရသိရှိရပါသည်။

Source https://www.gnlm.com.mm/higher-domestic-wheat-yield-reduces-imports/

တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၄) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ