အီဂျစ်သမ္မတသည် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးတွင် စားနပ်ရိက္ခာဖူလုံရေးကို အလေးပေးပြောကြားခဲ့

  • Wed, 15 May 2024

အီဂျစ်သမ္မတသည် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးတွင် စားနပ်ရိက္ခာဖူလုံရေးကို အလေးပေးပြောကြားခဲ့


အီဂျစ်သမ္မတ Abdel Fattah Al-Sisi သည် ဗုဒ္ဓဟူးနေ့တွင် ၀န်ကြီးချုပ် Mostafa Madbouly နှင့်အတူ အခြားအဆင့်မြင့် အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး  အီဂျစ်နိုင်ငံ၏  အဓိက စိုက်ပျိုးရေးစီမံကိန်း များကို လက်ရှိအာရုံစိုက်လုပ်ဆောင်နေမှုများအပေါ် ပြန်လည်ဆန်းစစ်ကြရန် ပြောကြားခဲ့သည်။နိုင်ငံ၏ဒေသအသီးသီးတွင် လုပ်ငန်းများစတင်လုပ်ဆောင်ရန်အတွက် ဝန်ဆောင်မှုများ ပေးခြင်း နှင့် လက်တွေ့ဆန်သော လိုအပ်ချက်များ ထောက်ပံ့ခြင်းတို့အပေါ် အဓိကထား၍ ဆွေးနွေး ခဲ့သည်။ အစည်းအဝေးတွင် နယူးဒယ်လ်တာရှိ  'အီဂျစ် အနာဂတ်’စီမံကိန်း၊ Fayoum, Minya နှင့် Beni Suef ရှိ စိုက်ပျိုးရေးစီမံကိန်းများ၊ Aswan ရှိ Sanabel Sonno စီမံကိန်းနှင့် အီဂျစ်တောင်ပိုင်းရှိ Dakhla စီမံကိန်းတို့ ပါဝင်သည်။“သမ္မတက စီမံကိန်းများမှတဆင့် အောင်မြင်သော ကြိုးပမ်းမှုများ ဆက်လက်၍ အားကောင်းစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ Ahmed Fahmy က ပြောကြားခဲ့ပါသည်။ဤကြိုးပမ်းအားထုတ်မှုများသည် အစိုးရ၏ လယ်ယာကဏ္ဍများ တိုးချဲ့ရေး၊ ကမ္ဘာလုံး ဆိုင်ရာ မတည်ငြိမ်မှုများတွင် စားနပ်ရိက္ခာဖူလုံမှု အာမခံချက်ပေးခြင်းနှင့် နိုင်ငံတော်၏ ၀င်ငွေ တိုးတက်မှုကို မြှင့်တင်ရေး ရည်မှန်းချက်များကို ပံ့ပိုးပေးသည်။ အစိုးရအနေဖြင့်  ပို့ကုန်များတိုးမြှင့်၍  တင်ပို့နေချိန်တွင်  အရည်အသွေးမြင့်  လယ်ယာ ထွက်ကုန်များကို ပြည်တွင်းဈေးကွက်တွင် သက်သာသောစျေးနှုန်းဖြင့် ပံ့ပိုးပေးနိုင်ရန် ရည်မှန်း ထားသည်။အစည်းအဝေးတွင် ဝန်ကြီးချုပ် Mohamed Shaker အပြင် အခြားသော တာဝန်ရှိသူများ ဖြစ်သည့် လျှပ်စစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဝန်ကြီး Hani Sewilam၊ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဝန်ကြီး Amir Syed Ahmed၊ မြို့ပြစီမံကိန်းဆိုင်ရာ သမ္မတအကြံပေး Ahmed Al-Azazy၊ တပ်မတော်အင်ဂျင်နီယာ တပ်ဖွဲ့အာဏာပိုင် အကြီးအကဲနှင့် အီဂျစ်နိုင်ငံ၏ အနာဂတ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အမှုဆောင်အရာရှိချုပ် Bahaa Ghanam တို့  တက်ရောက်ခဲ့ကြောင်းကို (၈.၅.၂၀၂၄)ရက်နေ့က  ဖတ်ရှုခဲ့ရသည့်  www.dailynewsegypt.com ကွန်ယက်၏ သတင်းဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။

Source https://www.dailynewsegypt.com/2024/05/08/egypts-president-emphasises-food-security-in-meeting-on-agricultural-development/

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ခုနှစ်၊ မေလ(၁၅) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

စစ်ဆေးအတည်ပြုသူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန






ဆက်စပ် သတင်းများ