အမေရိကန်တောင်ပိုင်းကုန်သွယ်မှုအတွက် အရေးကြီးသော လယ်ယာပို့ကုန်များ

  • Wed, 15 May 2024

အမေရိကန်တောင်ပိုင်းကုန်သွယ်မှုအတွက် အရေးကြီးသော လယ်ယာပို့ကုန်များ


ရှုပ်ထွေးသော ကုန်သွယ်မှုလမ်းကြောင်းများ ရှိနေသော်လည်း တောင်ပိုင်းပြည်နယ်များ အတွက် လယ်ယာထွက်ကုန် ကုန်သွယ်မှုမှာ အရေးကြီးလျက်ရှိပါသည်။ USDA ၏ နိုင်ငံခြား စိုက်ပျိုးရေးဝန်ဆောင်မှု(FAS)ဒေတာများသည် လူဝီစီယားနားပြည်နယ်ကို ထိပ်တန်းတင်ပို့သူအဖြစ် မီးမောင်းထိုးပြလျက်ရှိပြီး ပို့ကုန်တန်ဖိုးရရှိမှုပမာဏကို တက္ကဆက်ပြည်နယ်မှ ဦးဆောင်နေကြောင်း ERS ဒေတာများက ပြသလျက်ရှိပါသည်။မကြာသေးမီက အမေရိကန်၏ ပို့ကုန်ကျဆင်းမှု၊ ယခုကာလ၏ ကုန်သွယ်မှု လိုငွေပြမှု၊ ကုန်သွယ်မှုမူဝါဒကဲ့သို့သော အဆင်မပြေမှုများကြားတွင် လယ်သမားများနှင့် လယ်ယာ အဖွဲ့အစည်း တို့အတွက် လယ်ယာကုန်သွယ်မှုသည် အဓိကအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါသည်။  ကိုလိုနီခေတ် ကတည်းက ကုန်သွယ်မှုသည် တောင်ပိုင်းလယ်ယာစီးပွားရေး၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ ပါသည်။သမိုင်းကြောင်းအရ တောင်ပိုင်းဒေသသည် ဆေးရွက်ကြီး၊ ဆန်၊ ချည်ထည်နှင့် သကြား စသည့် ထူးခြားသော တောင်ပိုင်းကုန်စည်များကို ထုတ်လုပ်ခြင်း၊ စျေးကွက်ချဲ့ထွင်ခြင်းနှင့်အတူ အစေ့ အဆန်များ၊ မွေးမြူရေးထွက်ကုန်များ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကိုလည်း ကမ္ဘာတဝှမ်း သို့ တင်ပို့ရောင်းချခဲ့ပါသည်။ယနေ့ တောင်ပိုင်းပြည်နယ်အသီးသီးအတွက် စိုက်ပျိုးရေးကုန်သွယ်မှုသည် မည်မျှအရေး ကြီးသည်ကို လက်တွေ့တွင် ပြည်နယ်တစ်ခုချင်း (သို့မဟုတ်) ဒေသဆိုင်ရာ ကုန်သွယ်မှု ကိန်း ဂဏန်းများသည် လယ်ယာစိုက်ပျိုးထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ပြုလုပ်ခြင်းနှင့် ကုန်သွယ်မှု များစွာကို ပြည်နယ်ပေါင်းစုံ (သို့မဟုတ်) ဒေသပေါင်းစုံတွင် ဆောင်ရွက်နေခြင်းကြောင့် တိုင်းတာရန် ခက်ခဲပါသည်။USDA ၏ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှု (FAS) သည် ပြည်နယ်(သို့မဟုတ်) ဒေသများရှိ မူလထုတ်လုပ်သည့်နေရာမှ တင်ပို့သည့်ဈေးကွက်အပေါ်အခြေခံ၍ တင်ပို့မှု သန်းခေါင်စာရင်းများမှ ရရှိသည့် အချက်အလက်များအပေါ်မူတည်ပါသည်။ ကောက်ပဲသီးနှံများကို အခြားပြည်နယ်များတွင် အဓိက ထုတ်လုပ်လျက်ရှိသော်လည်း နယူးအော်လန်ဒေသမှ ကောက်ပဲသီးနှံများ အမြောက်အမြား တင်ပို့မှုကြောင့် FAS နည်းပညာ၏ရလဒ်အရ လူဝီစီယားနား ပြည်နယ်သည် US ၏ ကောက်ပဲသီးနှံ အများဆုံးတင်ပို့သည့် ပြည်နယ်တစ်ခု ဖြစ်လာသည်။FAS ပို့ကုန်ဒေတာသည် ဒေသတွင်းပြည်နယ်များအတွက် နိုင်ငံတကာစျေးကွက်များ၏ အရေးပါမှုကို ယေဘုယျအားဖြင့် ဖော်ပြမည်ဖြစ်ပါသည်။ လွန်ခဲ့သည့်ငါးနှစ်အတွင်း (2019-2023)တွင် FAS ဒေတာအချက်အလက်များအရ တောင်ပိုင်းဒေသအား နိုင်ငံ၏ လယ်ယာထွက်ကုန် တင်ပို့မှု တန်ဖိုး၏ (38%)ဖြင့် ထိပ်တန်းဒေသအဖြစ် သတ်မှတ်ထားပြီး အနောက်ပိုင်းဒေသမှာ (31%)၊ အနောက်အလယ်ပိုင်းဒေသမှာ (25%)နှင့် အရှေ့မြောက် ဒေသမှာ (၅%)ဖြစ်ကြောင်းသိရှိရပါသည်။ FAS ဒေတာအချက်အလက်များအရ  တောင်ပိုင်းဒေသတွင်ရှိသည့် အကြီးဆုံးစိုက်ပျိုးရေးဆိပ်ကမ်း ရှစ်ခုအနက်ငါးခုသည် လွန်ခဲ့သည့် ငါးနှစ်အတွင်း နိုင်ငံ၏လယ်ယာ ထွက်ကုန်တင်ပို့မှုပမာဏ၏ (60%)ရှိပြီး နယူးအော်လန် ဒေသသည် တင်ပို့မှုပမာဏ(၃၆%) နှင့် တင်ပို့မှုတန်ဖိုး(၁၈%)ရှိကြောင်း သိရှိရပါသည်။ တစ်နည်းအားဖြင့် USDA ၏ စီးပွားရေး သုတေသန ဝန်ဆောင်မှု (ERS) သည် ပြည်နယ်၏ ထုတ်လုပ်မှုတန်ဖိုး (ငွေသား)ကို အခြေခံ၍ ပြည်နယ်အလိုက် ကုန်သွယ်မှုဒေတာကို တိုင်းတာ ပါသည်။ ERS နည်းစနစ်ကိုအသုံးပြု၍ တောင်ပိုင်းဒေသ တက္ကဆက်ပြည်နယ်တွင် လွန်ခဲ့သည့် ငါးနှစ်အတွင်း လယ်ယာတင်ပို့မှု၏ အမြင့်ဆုံးတန်ဖိုးကို မှတ်တမ်းတင်ခဲ့ပြီး နှစ်စဉ် ပျမ်းမျှအားဖြင့် 6.9 ဘီလီယံဒေါ်လာ (နိုင်ငံ၏အဆင့်(၆)နေရာ)၊ ၎င်းနောက်တွင် မြောက်ကာရိုလိုင်းနားပြည်နယ်မှ (ဒေါ်လာ 3.9 ဘီလီယံ)၊ အာကန်ဆက်မှ (ဒေါ်လာ 3.5 ဘီလီယံ)၊ ဖလော်ရီဒါပြည်နယ်မှ (ဒေါ်လာ ၃.၄ ဘီလီယံ)၊ ဂျော်ဂျီယာပြည်နယ်မှ (ဒေါ်လာ ၃.၁ ဘီလီယံ) နှင့် ကန်တက်ကီပြည်နယ်မှ (ဒေါ်လာ ၂.၇ ဘီလီယံ)အသီးသီးရှိကြောင်း သိရှိရပါသည်။ ဒေသအလိုက်အနေဖြင့် ERS ဒေတာအချက် အလက်များအရ လွန်ခဲ့သည့်ငါးနှစ်အတွင်း လယ်ယာထွက်ကုန်တင်ပို့မှု(48.1%)ဖြင့် အနောက် အလယ်ပိုင်းဒေသကို တင်ပို့မှုအကြီးဆုံးဒေသအဖြစ် အဆင့်သတ်မှတ်ထားပြီး တောင်ပိုင်းဒေသ၏ (23.2%)နှင့်နှိုင်းယှဉ်လျှင် စိုက်ပျိုးရေးထွက်ကုန်များ စတင်ထုတ်လုပ်သည့် အနောက်အလယ်ပိုင်းသည် အမေရိကန် စိုက်ပျိုးရေးထုတ်ကုန် ရာခိုင်နှုန်းအများအပြားကို ထင်ဟပ်စေပါသည်။ အဆိုပါ ရာခိုင်နှုန်းတွင် အခြားဒေသမှ ထွက်ကုန်များကို တင်ပို့ခြင်းလည်း ပါဝင်လျက်ရှိခဲ့ကြောင်း (၆. ၅. ၂၀၂၄) ရက်နေ့တွင် ထုတ်ဝေခဲ့သော FarmProgress ကွန်ရက်ဆောင်းပါးအရ သိရှိရပါသည်။

Source https://www.farmprogress.com/cotton/big-numbers-exports-important-to-southern-trade

တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မေလ (15) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ