ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် ဝယ်လက်များမှ မြန်မာ့အုန်းသီးများ လာရောက်ဝယ်ယူလျက်ရှိ

  • Thu, 23 May 2024

ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် ဝယ်လက်များမှ မြန်မာ့အုန်းသီးများ လာရောက်ဝယ်ယူလျက်ရှိ


ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ဝယ်လက်များသည် ပြည်တွင်း ကုန်သည်များနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံအတွင်း အုန်းသီးများ လာရောက်ဝယ်ယူလျက်ရှိကြောင်း အုန်းသီး ရောင်းချသူ ကုန်သည်များထံမှ သိရှိရပါသည်။ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်သည်များသည် အုန်းသီးဝယ်ယူရန် ပြည်တွင်း ဈေးကွက်ကို ရောက်ရှိလာပါကြောင်း၊ ထို့သို့ ပြည်ပဝယ်လိုအား မြင့်တက်မှုကြောင့် ပြည်တွင်း ဈေးကွက်တွင် အုန်းသီး ရှားပါးလာပါကြောင်း၊ အုန်းပင်များကို အဓိကအားဖြင့် ဧရာဝတီတိုင်း ဒေသကြီးနှင့် မော်လမြိုင်တို့တွင် အဓိကစိုက်ပျိုးထုတ်လုပ်ပါကြောင်း၊ ယင်းဒေသမှ အုန်းသီးများကို ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိသည်ဟု သိရှိရပါကြောင်း မိတ္ထီလာမြို့နယ် အုန်းသီး ရောင်းဝယ်ရေး ဆိုင်ရှင် မဖြူလုံးက ပြောပါသည်။ ပြည်ပမှ ဝယ်လိုအားမြင့်တက်လာသော်လည်း သယ်ယူပို့ဆောင်ရေးနှင့် အလုပ်သမားခ များ မြင့်တက်လာခြင်းကြောင့် အုန်းသီးဈေးကွက်သည် ပြည်တွင်းစားသုံးမှုအပေါ် မှီခိုနေရဆဲ ဖြစ်ပါသည်။ လက်ရှိတွင် ထိုင်းနိုင်ငံမှ ဝယ်လက်များရှိသော်လည်း အဓိက ဝယ်လက်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဖြစ်ကြောင်း ၎င်းက ပြောပါသည်။ပို့ကုန်တစ်ခု အနေဖြင့် အလားအလာရှိသော အုန်းသီးဈေးကွက်၏ အနာဂတ်အစီအစဉ်ကို တင်ပြရန်အတွက် virtual meeting အား မြန်မာ့ကုန်သွယ်မှုမြှင့်တင်ဌာန၌ ဧပြီလတွင် ကျင်းပ ခဲ့ကြောင်း (၁၅.၅.၂၀၂၄)ရက်နေ့တွင် ထုတ်ဝေခဲ့သော Global New Light of Myanmar ကွန်ရက်ဆောင်းပါးအရသိရှိရပါသည်။

Source https://www.gnlm.com.mm/thai-and-bangladeshi-buyers-visit-myanmar-for-coconuts/

တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မေလ (၂၁) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ