(၂၀၂၃) ခုနှစ်အတွင်း ကမ္ဘာအနှံ့သို့ အမေရိကန်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၇)ဘီလီယံရရှိခဲ့

  • Thu, 23 May 2024

(၂၀၂၃) ခုနှစ်အတွင်း ကမ္ဘာအနှံ့သို့ အမေရိကန်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၇)ဘီလီယံရရှိခဲ့


2023 U.S. Agricultural Export Yearbook သည် ထိပ်တန်းစျေးကွက်များနှင့် ထိပ်တန်း ကုန်စည်များအကြောင်း ပါဝင်ပြီး ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်၏ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုဆိုင်ရာ ကိန်းဂဏန်းအကျဉ်းချုပ်ကို ဖော်ပြပေးပါသည်။(၂၀၂၃)ခုနှစ်တွင် ကမ္ဘာအနှံ့သို့ အမေရိကန် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၇)ဘီလီယံရှိပြီး ယခင်နှစ်ထက် (၂%) တိုးလာပါသည်။ အယ်လ်နီညို နှင့် မိုးခေါင်မှုကြောင့် မက္ကဆီကိုနိုင်ငံမှ အဓိကထုတ်လုပ်သူများ၏ ထုတ်လုပ်မှု ကန့်သတ်ချက်နှင့်အတူ ပြည်တွင်းရာသီဥတုအခြေအနေ တိုးတက်ကောင်းမွန်လာခြင်းတို့ကြောင့် (၂၀၂၃)ခုနှစ်တွင် အမေရိကန်၏ ပို့ကုန်တိုးတက်မှုကို ဖြစ်စေပါသည်။၎င်း၏ ပထဝီဝင်အနေအထားနှင့် ရာသီဥတုတို့ လိုက်လျောညီထွေ ရှိမှုကြောင့် ကနေဒါသည် အမေရိကန် ထိပ်တန်းဈေးကွက်တွင် ဆက်လက်တည်ရှိနေကာ စုစုပေါင်းပို့ကုန်များ၏ ထက်ဝက်ကျော်ရှိပါသည်။ မက္ကဆီကိုသည် အမေရိကန်တင်ပို့မှု၏ (၁၆%)ခန့်ဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့ပြီး အခြားဈေးကွက်များသည် ရှယ်ယာ (၅%)ထက် ပိုမိုခြင်းမရှိပါ။ အမေရိကန် သစ်သီး ဝလံတင်ပို့မှုများတွင် ချယ်ရီသီး တင်ပို့မှုမှ ဒေါ်လာ (၁၂၂)သန်း၊ ပန်းသီးတင်ပို့မှုမှ ဒေါ်လာ သန်း (၅၀)၊ သခွားမွှေးတင်ပို့မှုမှ ဒေါ်လာ (၂၉)သန်းနှင့် ဘယ်ရီသီးတင်ပို့မှုမှ ဒေါ်လာ (၂၄)သန်း တို့သို့ (၅%)မြင့်တက်ခဲ့ပြီး စပျစ်သီးတင်ပို့မှုမှ ဒေါ်လာ (၄၃)သန်းနှင့် သံပုရာသီးတင်ပို့မှုမှ  ဒေါ်လာ (၂၈)သန်းသို့ အနည်းငယ်ကျဆင်းသွားခဲ့ကြောင်း တွေ့ရှိရပါသည်။

ထိပ်တန်းသစ်သီးဝလံတင်ပို့သည့်ကုန်စည်များတွင် ပန်းသီး၊ စပျစ်သီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီနှင့် ချယ်ရီသီးများ ပါဝင်ပြီး (၂၀၂၃)ခုနှစ်တွင် စုစုပေါင်း သစ်သီးဝလံ နှင့် ဟင်းသီး ဟင်းရွက် တင်ပို့မှု၏ (၄၀%)(ဒေါ်လာ ၂.၉ ဘီလီယံ) ရှိပါသည်။မက္ကဆီကို၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံများသို့ တင်ပို့မှုများ အများဆုံး တိုးတက် လာခဲ့ပါသည်။ အမေရိကန်၏ ဟင်းသီးဟင်းရွက်ဖြစ်သည့် ဆလပ်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၇၉)သန်း (၃%)ဖြင့် အများဆုံးကျဆင်းခဲ့ပြီး အမေရိကန် ကြက်သွန်နီနှင့် ကြက်သွန်နီအလုံးသေး တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၂၄)သန်းဖြင့်  ဒုတိယအများဆုံး ကျဆင်းခဲ့ပါသည်။ ကနေဒါသည် ကုန်ပစ္စည်းနှစ်ခုလုံး၏ အဓိကဆုံးရှုံးမှုအများဆုံးကို တွက်ချက်ထားပါသည်။ပန်းသီး၊ ဘယ်ရီသီး၊ ရှောက်သံပုရာ၊ စပျစ်သီးနှင့် ချယ်ရီသီးများသည် အမေရိကန်၏ လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုစုစုပေါင်း၏ ထက်ဝက်ကျော် ရှိပါသည်။ အိန္ဒိယသို့ အမေရိကန် ပန်းသီးတင်ပို့မှုသည် (၂၀၂၃) ခုနှစ်တွင် ဒေါ်လာ (၁၂)သန်းအထိ နှစ်ဆကျော် တိုးမြင့်လာခဲ့ပါသည်။ သို့သော် (၂၀၁၈)ခုနှစ် အိန္ဒိယသို့ အမေရိကန်ပန်းသီးတင်ပို့မှု၏ အမြင့်ဆုံး တန်ဖိုးဒေါ်လာ (၁၅၇)သန်းထက် လျော့နည်းနေသေးကြောင်း (၁၅.၅.၂၀၂၄) ရက်နေ့တွင် ထုတ်ပြန် ခဲ့သော Fresh Plaza website ၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source https://www.freshplaza.com/north-america/article/9626381/value-of-u-s-fresh-fruit-and-vegetable-exports-to-the-world-was-7-0-billion-in-2023/

တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မေလ (၂၀) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ