ဘင်္ဂလားဒေ့ရှ်နိုင်ငံ Manikganj ခရိုင်တွင် ဂုန်လျှော်အပြည့်အဝစိုက်ပျိုးလျက်ရှိ

  • Thu, 23 May 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Manikganj ခရိုင်တွင် ဂုန်လျှော်အပြည့်အဝစိုက်ပျိုးလျက်ရှိ


Manikganj ခရိုင်အတွင်းရှိ တောင်သူများ၏ အဓိကငွေရသီးနှံတစ်ခုဖြစ်သော ဂုန်လျှော် စိုက်ပျိုးမှုသည် ခရိုင်၏နေရာခုနှစ်ခုတွင် ပြည့်ပြည့်ဝဝစိုက်ပျိုးနေပြီဖြစ်ကြောင်း တိုးချဲ့စိုက်ပျိုး ပညာပေးဦးစီးဌာန၏ အရင်းအမြစ်များအရသိရပါသည်။လက်ရှိရာသီတွင် ဂုန်လျှော်ဘေထုပ်ပေါင်း ၆၄,၅၈၀ ထွက်ရှိရန် ရည်မှန်းထားပြီး၊ ခရိုင်၏ နေရာခုနစ်ခုလုံးတွင် ဂုန်လျှော်စိုက်ပျိုးမှုစုစုပေါင်းမြေ ၄,၇၆၅ ဟက်တာ ရှိခဲ့ပါသည်။ တိုးချဲ့စိုက်ပျိုး ပညာပေးရေးဦးစီးဌာန (DAE) ရုံးမှ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ခရိုင်အတွင်းရှိ မြေဆီလွှာတို့သည် အထူးသဖြင့် Singair upazila၊ Manikganj Sadar upazila နှင့် Saturia upazila တို့သည် ဂုန်လျှော်စိုက်ပျိုးရန်အတွက် သင့်လျော်သည်ဟုဆိုသည်။ စိုက်ပျိုးသူများသည် ၎င်းတို့၏ ထုတ်ကုန်များအတွက် သင့်တင့်မျှတသောစျေးနှုန်း များ ရရှိနေသဖြင့်နှစ်စဉ်ဂုန်လျှော်စိုက်ဧရိယာများတိုးတက်များပြားလျက်ရှိပြီး ခရိုင်အတွင်း ဂုန်လျှော် စိုက်ပျိုးမှု ခြောက်ဆယ်ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်းကို စိုက်ပျိုးတိုးချဲ့ ပညာပေးရေး ဦးစီးဌာန (DAE) ရုံးမှ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရှိိရပါသည်။

ယခင်နှစ်တွင် စုစုပေါင်း ဂုန်လျှော် ၄,၅၀၀ ဟတ်တာ စိုက်ပျိုးခဲ့ပြီး ဂုန်လျှော် ဘေထုပ်ပေါင်း ၅၆,၉၃၅ ထုပ်ကို ထုတ်လုပ်ခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်များအရ သိရှိရပါသည်။တိုးချဲ့စိုက်ပျိုးပညာပေးရေးဦးစီးဌာန (DAE) ရုံးမှ တာဝန်ရှိသူများက ခရိုင်အတွင်းရှိ နေရာ ခုနစ်ခုတွင် ဂုန်လျှော်စိုက်ပျိုးမှု မြှင့်တင်ရန်အတွက် ခရိုင်အတွင်းရှိ ဆင်းရဲနွမ်းပါးသော တောင်သူ များနှင့် ငွေကြေးမတတ်နိုင်သောတောင်သူ ၂၀၀၀  အား ကုန်ကျစရိတ်သက်သာစွာဖြင့် ဂုန်လျှော် မျိုးစေ့များကို ဖြန့်ဖြူးပေးနေသည်ဟု တိုးချဲ့စိုက်ပျိုးပညာပေးရေး ဦးစီးဌာန (DAE) ရုံးမှ တာဝန် ရှိသူများက ပြောကြားခဲ့ပါသည်။ အစီအစဉ်အရ ဂုန်လျှော်စိုက်ပျိုးသူ တစ်ဦးချင်းစီသည် မြေတစ်ဘီဂါ စိုက်ပျိုးရန် အတွက် Tosha ဂုန်လျှော်စေ့ တစ်ကီလိုဂရမ် ရရှိမည်ဖြစ်သည်။  လက်ရှိတောင်သူများ လိုလားသော အစိုးရ သည် အသေးစားနှင့် ဆင်းရဲနွမ်းပါးသော တောင်သူများအကြား အထူးစိုက်ပျိုးရေးမက်လုံးများ ဖြန့်ဝေ ပေးနေပြီး တောင်သူများ အချိန်နှင့်တပြေးညီ သီးနှံများစိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်း ကောင်းမွန်စွာ ရရှိနိုင်‌ရေးတို့အတွက် တွန်းအားပေး လျက်ရှိပြီး အစိုးရက တောင်သူများအား အရည် အသွေးကောင်းမျိုးစေ့များ ဖြန့်ဝေပေးလျက် ရှိကြောင်းကို DAE Abu Mohammad Enayet ullah ၏ ဒုတိယညွှန်ကြားရေးမှူးက ပြောကြား ခဲ့ပါကြောင်းကို (၁၃-၅-၂၀၂၄) ရက် နေ့ထုတ်  bssnews. net/agriculture -news သတင်းအရ သိရှိရပါသည်။

Source https://www.bssnews.net/agriculture-news/188800

တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မေလ (၂၃) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ